Monday 8 October 2012

ပြည်ပရောက် မြန်မာနိုင်ငံသားများကို ရက်(၇ဝ) နေထိုင် ခွင့်ရသော စီးပွားရေး ဆိုက်ရောက်ဗီဇာ ပေးမည်


ပြည်ပနိုင်ငံများတွင်အခြေချ နေထိုင်နေသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက ပြည် ဝင်ခွင့် လွယ်ကူ အဆင်ပြေစေရန် လေဆိပ် မှာပင် စီးပွားရေး ဆိုက်ရောက်ဗီဇာ (Business Arrival Visa) နှင့် ခရီး သွား (Tourist)ဆိုက်ရောက် ဗီဇာထုတ်ပေးမည်ဟု အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့သို့ ရောက် ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရက် ၇ဝ ကြာ နေထိုင်ခွင့်ရှိသည့်အဆိုပါစီးပွားရေး ဆိုက်ရောက်ဗီဇာ အတွက် ပြည်တွင်း တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ တစ်ခုမှ ခေါ်စာကို စီးပွားရေးဆိုက်ရောက်ဗီဇာ လျှောက်ထားသူ မလာ ခင်လူဝင်မှုကြီးကြပ်ရေးဌာနသို့ကြိုတင်ပြသ လျှောက်ထားရန်လိုသည်ဟု ဝန်ကြီး ဦးစိုးသိန်း က ပြောသည်။

ယင်းသို့ စီစဉ်ပေးရခြင်းသည် အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံများတွင်နေထိုင်သော မြန်မာနိုင် ငံ သား များသည် နိုင်ငံဧရိယာ ကြီးမားသောကြောင့် မြန်မာသံရုံးရှိရာ ဝါရှင်တန်ဒီစီသို့ ဝေးဝေးလံလံ လာရောက် ၍ ဗီဇာ လျှောက် ထားနေရခြင်းမှသက်သာစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

ခရီးသွား (Tourist) ဗီဇာကိုလည်း ဆိုက်ရောက်ဗီဇာအဖြစ် ထုတ်ပေးနေပြီ မြန်မာနိုင်ငံ တွင် ၇ ရက် နေထိုင် ခွင့် ရရှိ မည်ဖြစ်သည်။ လူမှုရေးဗီဇာ (Social Visa)ကိုမူ ဆိုက်ရောက်ဗီဇာ အဖြစ် ထုတ်ပေး ခြင်းမရှိသေးသော် လည်း ထုတ်ပေးနိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။

၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာအစိုးရသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ပြည် ပရောက် မြန်မာနိုင်ငံသားများ အပါအဝင် အမည်မည်းစာရင်း သွင်းထား သူ မြန်မာနိုင်ငံ သား နှစ်သောင်းေ ကျာ် ကို အမည်မည်းအနက် အချို့ကို အမည်မည်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။ ယခုအခါ အမည်မည်းစာရင်း တွင် နှစ်ထောင် ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။
MIJ

No comments:

Post a Comment