Monday 8 October 2012

 နိုင်ငံတော်သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်

wlmt


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတ ၏ ဖိတ် ကြား ချက် အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းကနေပြည်တော် မှ တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ဦး ၀ဏ္ဏမောင်လွင်၊သမ္မတရုံးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ လျပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ဦးရဲမြင့်၊ ပဲခူး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီး ဦးဟန်စိန်၊ ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရှိ ရသည်။ 

သမ္မတဦးသိန်းစိန်သည်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံမည်ဖြစ်ပြီး တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ ဆုံရန်ရှိကာ စက်ရုံအလုပ်ရုံများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ref:EMG

No comments:

Post a Comment