Monday 8 October 2012

မြေပြင်မှာ လေယာဉ် ၂ စီး တိုက်

Monday, October 08, 2012


ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ထဲ မြင်နေကြမှာပါ။   အခုတော့ အဲဒီ လို မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ်ဘာရာဂျာ့စ် လေဆိပ်မှာ လေ ယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။

ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာလည်းဖြစ်ပါတယ်။ 

ဗင်နီးဇွဲလား နိုင်ငံကို သွားမယ့် ခရီးသည် ၂၉၇ ဦးတင်ဆောင်ထားတဲ့ Air Europe လေကြောင်း က လေယာဉ် နဲ့ မက္ကဆီကို နိုင်ငံကို သွားမယ့် ခရီး သည် ၃၈၄ ဦးတင်ဆောင်ထားတဲ့ Iberworld လေကြောင်း က လေယာဉ်တို့ဟာ မထင်မှတ်ပဲ တိုက်မိကြတာပါ။ 

အခုလို လေယာဉ်တိုက်မှုကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရကြဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment