Friday, 5 October 2012

ချန်ဂီ၊ သုဝဏ္ဏဘူမိလေဆိပ်များမှ အစိုးရသင်ခန်းစာယူသင့်

An airplane takes off from Bangkok's Suvarnabhumi International Airport October 20, 2011. REUTERS/Chaiwat Subprasom
အမေရိကန်နိုင်ငံရဲ့မဆုံးနိုင်သေးတဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲဟာတစ်မူထူးတဲ့ဘေးပန်းရလဒ်တွေ ကို ဖြစ်ပေါ်   စေခဲ့တဲ့  အထဲမှာ ဒီနှစ်မှာ တော့ စာရေး ဆရာမ အိန်းရန်းဒ်အပေါ်မှာ အာရုံ စူးစိုက် မှုဖြစ်ေ ပ်ါခြင်း ပါပဲ။

ရီပတ်ဘလီ ကန်ပါတီ ဒုတိယသမ္မတ လောင်း ပေါလ်ရိုင်ယန်က စတင် ခဲ့တာ ဖြစ်ပါတယ်။ ရိုင်ယန်က ရန်းဒ်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အကျင့်သီလ စောင့်စည်း မှုမရှိတဲ့ ဒဿနိကကို အထူးတလည် ချီးမွမ်းခဲ့တာဖြစ် တယ်။

ကုသိုလ်ဒါနပြုလုပ်တာနဲ့ ဆိုင်တဲ့နည်း လို့မဆိုနိုင်ပေမယ့် ရန်းဒ်ရဲ့ စာအုပ်တွေ ဟာ အသိအမြင်ကြွယ်စေ တဲ့ အချက် အလက်ကလေးတွေ ပါဝင်တတ်တယ်။ဥပမာပြရရင်The Fountainhead ဆိုတဲ့ အိန်းရန်းဒ် ရေးတဲ့ဝတ္ထုမှာဆိုရင် ဆိပ်ကမ်း တစ်ခုကို ရောက်တဲ့အခါ သင်္ဘော ပေါ်မှ ဆင်းသွားတဲ့အရသာ အတွက်ပဲဆင်း သွားတာဖြစ်တယ်လို့ ရေးထားတယ်။ လေဆိပ်တွေနဲ့ပတ်သက်လာရင် ဒီ ခံစားမှုမျိုး လူအေ တာ် များများ ခံစားကြ ရတယ်။ အဲဒီလိုနေရာမျိုးမှာ ဘယ်သူမှ လိုအပ်တာထက် ပိုပြီးမနေ ချင်ကြပါဘူး။

ဒါပေမယ့် ဒီလို အခြေခံကျတဲ့ ကလေး ပင်သိတဲ့ အမှန်တရားကို ဒီဒေသတွင်း မှာရှိတဲ့ လေဆိပ်တွေက တာဝန်ရှိတဲ့ လူတွေဟာ အမှုမဲ့အမှတ်မဲ့နေကြတယ်။ အဲဒီအထဲမှာ ပေါ်လွင်တာကတော့ အတော်အတန် သစ်နေသေးတဲ့ ဘန်ကောက်က သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ပဲဖြစ်တယ်။ အရင်လ က လေကြောင်း ဆိုင်ရာအတိုင်ပင်ခံဖြစ်တဲ့Skytraxကကမ္ဘာ့အကောင်းဆုံးလေဆိပ်များစာရင်းထဲမှာသုဝဏ္ဏဘူမိ  လေဆိပ်ကို အဆင့် (၁၃) သို့ချခဲ့တယ်။

ဒါဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ နောက်ထပ် အံ့ဩစရာ မကောင်းတဲ့ အချက်ကတော့ ထိပ်ဆုံး သုံးနေရာကို တောင်ကိုရီးယား နိုင်ငံက အီချီယွန်၊ စင်ကာပူနိုင်ငံက ချန်ဂီနဲ့ ဟောင်ကောင် က ချက်ပ်လက်ပ်ကော့ လေဆိပ်သုံးခုတို့ ဒီအဆင့်တွေပဲ ထပ်ပြီးချိတ်တာ ပါပဲ။ သုဝဏ္ဏဘူမိလေဆိပ်ဟာ အဲဒီလေဆိပ် သုံးခုထက် ပိုသစ်တယ်။ ပိုခေတ်မီတယ်။ ဘာကြောင့် နောက်ကိုရောက်သွားသလဲ။ စီစဉ် သူတွေဟာ Rand Rule ကို လျစ်လျူရှုပြီး အပြင်ပန်းသာလှပြီး နာမည်ကြီးဒီဇိုင်နာ ပစ္စည်းတွေရောင်းတဲ့ ဆိုင်ကြီးတွေဖွင့်ထား ပေမယ့် သွားလာ ရန် မလွယ်ကူတဲ့အတွက်ကြောင့်ဖြစ်တယ်။

ခရီးသွားတွေဟာ ကျဉ်းမြောင်း တဲ့ လူသွားလမ်းတွေမှာ ပိတ်ဆို့ရုံတင် မကဘဲ ပြည့်ကျပ်နေတဲ့ အ၀င် စစ်ဆေး ကောင်တာတွေမှာ စိတ်မရှည်နိုင်တော့ တာအပြင် ကျဉ်းကျပ်တဲ့ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ် နေ ရာတွေမှာလည်း စိတ်ညစ်ကြရတယ်။ ဘယ်ခရီးသည် ပဲဖြစ်ဖြစ် ထွက်ခွာရာ ဂိတ်ပေါက်ကနေ အမြန်ဆုံး နဲ့ အေးအေး ဆေးဆေး ထွက်ခွာသွားချင်တာချည်း ပါပဲ။ ဗိသုကာတွေဟာ ဒီအချက် ကို မေ့သွားပုံရတယ်။

လေဆိပ်ရဲ့ အပြင်ပန်း အသွင်အပြင်ကို ဘယ်သူမှ စိတ်မ၀င်စားကြပါဘူး။ ချန်ဂီလေဆိပ်ကို ချင့်ချိန် စိစ စ်ကြည့် လိုက်ပါ။ ကားဆင်တဲ့ စက်ရုံလိုပါပဲ။ ဒါပေမယ့် ၀င်သွားလိုက်တာနဲ့ အကျယ်အ၀န်း၊ အေးဆေးမှုနဲ့ သက်သောင့် သက်သာ လှုပ်ရှားမှုကိုမြင်ရမှာပဲ။ သုဝဏ္ဏ ဘူမိ လေဆိပ်ရဲ့ ရှော့ပင်း မောလ်ဒီဇိုင်းကတော့ ခရီး သည်တွေ ကို စုပြုံစေတယ်။ ထိုင်ခုံနေရာနည်းစေတယ်။ အီးမေးလ်စစ်ဆေးဖို့နဲ့ ရုပ်မြင် သံကြားကြည့် ဖို့တော့ ပြောမနေပါနဲ့။ သုဝဏ္ဏဘူမိလေဆိပ်ဟာ ချန်ဂီနဲ့ ချက်ပ်လက်ပ်ကော့လေဆိပ်တို့နဲ့ ယှဉ်နိုင် ဖို့ ကတော့ မလွယ်ပါဘူး။

စင်ကာပူရဲ့လေဆိပ်ကို နှစ်ပေါင်း ၂၀ ကျော်အတွင်း တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ် အသုံးပြုခဲ့တဲ့ အခါမှာေ တာင် လိုအပ်တဲ့ အထောက် အပံ့ပစ္စည်းပစ္စယတွေ၊ သဟဇာတဖြစ်တာတွေနဲ့ စည်းစနစ်ရှိမှုတွေ ကို ကျွန်တော် အခုတိုင် အံ့ဩနေတုန်းပါပဲ။ ပင်ကိုအရပြောရရင် ဘန်ကောက်၊ ဂျကာတာနဲ့ တခြားေ လဆိ ပ်တွေ လိုပဲ ကျယ်ပြန့်တဲ့နေရာတွေ မရှိကြဘူး။ ဒါကြောင့်လည်း ချန်ဂီနဲ့ ချက်ပ်လက်ပ်ေ ကာ့   လေဆိပ်တွေဟာ နှစ်လို့ကျေနပ် ဖွယ်ရှိတယ်။

ဟောင်ကောင်ရဲ့ လေဆိပ်ဟာ ချန်ဂီ လေဆိပ်ကိုမမီ ပေမယ့် ဒီဒေသရဲ့ အကောင်းဆုံးစာရင်း ထဲမှာ ပါဝင် တယ်။ နောက်တစ်ခု ကတော့ မြို့ထဲကို အချိန်တိုတိုနဲ့ ခရီးရောက်တဲ့ အမြန်ရထား ၀န်ဆောင်မှု ရှိ တယ်။ ဟောင်ကောင် စင်ထရယ်ဘူတာရုံသို့ ဆိုက်ရောက် လာတဲ့ ခရီးသည်တွေကို ၀န်ထုပ်သည် လှည်းေ တွ နဲ့ ပျူငှာစွာ ကြိုဆို နေတဲ့ ၀န်ထမ်းတွေကိုတွေ့လိုက်ရရင် နာမည်ကြီးဟိုတယ် တစ်ခုက တံခါးစောင့်က ကြိုနေသလားလို့ထင်ရတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဟောင်ကောင် အနေနဲ့ Skytrax က ပေးတဲ့ဆု ရှစ်ကြိမ် ရခဲ့တာကိုပဲကြည့်ရင် သိနိုင် ပါတယ်။ မလေးရှား နိုင်ငံရဲ့ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ကတော့ လူဝင်မှု ကြီးကြပ်ရေး နဲ့ မြေပြင်ဝန်ထမ်းတွေ အတွက် ဘေးပန်းဆုကလေးတွေ ရခဲ့ ပါတယ်။ ဒါပေမယ့် ခြုံငုံကြည့်လိုက် ရင် တော့ အေးပြီး သိပ်အသုံးမ၀င်တဲ့ ဆင်ခြေဖုံး ပြတိုက်တစ်ခုရဲ့ အသွင်ကို ဆောင်နေသလို ရှိတယ်။

ဒီတစ်ခါလည်း အပြစ်က စီစဉ်တဲ့ လူတွေပေါ်ပဲကျ ရောက်ပြန်တယ်။ သူတို့ဟာ ၁၉၉၀ ပြည့်   နှစ်တွေ စောစောပိုင်းတုန်းက ကွာလာ လမ်ပူလေဆိပ် အသစ်ကိုမြို့လယ်ကောင် မှ ကီလို မီတာ ၇၀ ကွာဝေး တဲ့နေရာမှာ ရွေးချယ်တည်ဆောက်ခဲ့တယ်။Rand Ruleကို ဒီလိုနည်းနဲ့ မထီမဲ့မြင်ပြုခဲ့ တဲ့အတွက် ခရီးသည် တွေအတွက် ခရီးသွားချိန် တစ်နာရီ ပိုကြာသွားတဲ့အပြင် ကွာလာလမ်ပူမြို့ ရဲ့နံနက်နဲ့ ညနေ လမ်းသွားလမ်းလာ ပြုံကျ တဲ့အချိန်မှာဆိုရင် ပိုအချိန်ကုန်ရတယ်။

ဝမ်းနည်းစွာပြောရရင်တော့ ဟံသာ ၀တီလေဆိပ်သစ်ကို အစီအစဉ်ဆွဲတဲ့ တာဝန်ရှိသူတွေကလည်း ဒီလိုဆိုးရွား တဲ့အမှားမျိုး ထပ်လုပ်ပြီး ရန်ကုန်မြို့ကနေ ကီလိုမီတာ ၈၀ လောက်ဝေးတဲ့ ပဲခူးမြို့ နားမှာ ရွေးချယ်ကြတယ်။ ဒီလူတွေ ဘယ်တော့များမှ ဆင်ခြင်တုံတရား ရမှာလဲလို့ သိချင်တယ်။ (ယခုဆောင်းပါးမှာ ဆောင်းပါးရှင် ရော်ဂျာ မစ်တန်၏ အာဘော်သာဖြစ်ပါသည်။) (MTE)


REF: The Myanmar Times

No comments:

Post a Comment