Friday 5 October 2012

ပြည်ပလေကြောင်းလိုင်းများ မှ မြန်မာနိုင်ငံ က လူငယ်များအား အလုပ်ခေါ်ယူမည်



ယခုလက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပလေကြောင်းလိုင်းများတစ်စတစ်စ နှင့် ၀င်ရောက်လာပြီ ဖြစ်ပြီး ထိုကဲ့သို့ ၀င်ရောက်လာခြင်းဟာလည်း မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာနိုင်ပြီး ၊ ယခုတွင် ကာတာနိုင်ငံ၏လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ကာတာလေကြောင်းလိုင်းမှ
မြန်မာနိုင်ငံမှ လူငယ်များအား အလုပ်ခေါ်ယူသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ရန် ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိThe Strand Hotel တွင်ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် Qatar Airway မှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။

“ကျွန်တော်တို့ လေကြောင်းလိုင်းမှ နောက် ၆ လကြာရင် လေယာဉ်မောင် ၊ လေယာဉ်မယ်တွေ ကို ခေါ်ယူ ဖို့ရှိပါတယ်။ မြန်မာနိုင်ငံသားတေကိုပါ။အခုတော့မဟုတ်ပါဘူး နောက် ၆ လ ကြာမှပါ´´ဟု Qatar လေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ယခုဆိုလျှင် နိုင်ငံခြားရ င်းနှီး မြှပ်နှံသူများဝင်ရောက်လာပြီ ဖြစ်ပြီး ၊၎င်းတို့သည်လည်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ အားပြဌာန်းပေး ရန်လိုအပ်ကြောင်းသိရသည်။

Hot News

No comments:

Post a Comment