Friday 5 October 2012

ကလေးမြို့နယ် အတွင်းသို့ဝင်ရောက်လာသော ခိုးဝင်ဘင်္ဂလီများနှင့် လမ်းပြကို ဥပဒေအရ အရေးယူခဲ့ပြီး ထောင်ဒဏ်အသီးသီး ချမှတ်

ကလေးမြို့နယ် အတွင်းသို့ဝင်ရောက်လာသော ခိုးဝင်ဘင်္ဂလီများနှင့် လမ်းပြကူညီခေါ်ဆောင်သူများကို တရားဥပဒေအရ အရေးယူခဲ့ပြီး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု သတင်းရရှိပါသည်။

"စက်တင်ဘာလ အတွင်းက ကလေးမြို့နယ်အတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂလီ (၁၀) ဦးနဲ့ လမ်းပြကူ ညီေ ခ်ါဆောင်သူကို ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ ပါတယ်။                                           


 ၁၉၄၉ ခုနှစ် ပြည်ထောင်စု  မြန် မာနိုင်ငံ အတွင်း နေထိုင်သူ များ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂) ၊ ၆(၃) အရ ထောင်ဒဏ်နှစ်နှစ် ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌန်း ချက်များ ) အက် ဥပဒေ ပုဒ်မ ၁၃(၁) အရ ထောင်ဒဏ် ငါးနှစ်နဲ့  ဘင်္ဂလီတစ်ဦးကို စုစုပေါင်း ပြစ်ဒဏ် (၇) နှစ်စီ နဲ့ ပုဒ်မ ၁၃(၅) အရ လမ်းပြ ကူညီခေါ်ဆောင်သူကို (၅) နှစ်လို့ သိရပါတယ်"ဟု လူဝင် မှုကြီးကြပ်ေ ရးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ကလေးခရိုင်မှ တာဝန်ရှိသူတစ်ဦး မှ ပြောကြားခဲ့ ပါသည်။

၂၀၁၂-ခုနှစ် အတွင်း ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြကူညီခေါ်ဆောင်သူ (၆) ဦးကို ဖမ်းဆီးပြီး ပြစ်ဒဏ် အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။

"ကလေးမြို့နယ်အတွင်းကို တမူးနယ်စပ် ၊ ချင်းတောင်နဲ့ ထိစပ်နေတဲ့ အိန္ဒိယ နယ်စပ်တွေကတဆင့် ခိုးဝင် လာကြတယ်လို့ သိရပါတယ်။ လမ်းကြောင်း အမျိုးမျိုးနဲ့ ၀င်လာကြတာပါ ။ ဒီလို တရားမ၀င် မြန်မာနိုင်ငံ အတွင်းကို ၀င်ရောက်တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ ဒေသခံတွေရဲ့ အကူအညီလိုအပ်ပါတယ် ။ ချင်းတောင်နဲ့ ချင်းတောင်ခြေဒေသတွေဟာ လူဦးရေကျဲပါးတော့ ခိုးဝင်လမ်းကို ဘယ်ကဆိုတာ အတိအကျပြောဖို့ မလွယ်ပါဘူး "ဟု ကလေးမြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ref:EMG

No comments:

Post a Comment