Friday 5 October 2012
ရွာသစ်ရေကာတာစီမံကိန်း ဆောင်ရွက်မှု ပွင့်လင်းခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေးထိခိုက်မည်ကို စိုးရိမ်
ကယားပြည်နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော ရွာသစ် စီမံကိန်း အပါအ၀င် အကြီးစားစီမံကိန်းများကို အစိုးရအနေဖြင့် အများပြည်သူ အား လေ့လာ ခွင့်ပြုရန် ပွင့်လင်းမြင်သာမှု ရှိရန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် သဘောတူညီခဲ့သော်လည်း လက်တွေ့ တွင် မ လုပ်ဆောင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးထိခိုက်မည်ကို စိုးရိမ်ကြောင်း ကရင်နီလူမှုအဖွဲ့ အ စည်းများကွန်ရက်မှ ဦးခူးမီရယ်က အောက်တိုဘာ ၂ ရက် City Star Hotel တွင် ကျင်းပပြုလုပ်သော သတင်းစာ  ရှင်း လင်း ပွဲတွင် ပြော သည်။
ဦးခူးမီရယ်က ““ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ KNPP (ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရှိ ပြီးသား။ ဒါကိုသိထားတော့ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းအနေနဲ့ KNPP နဲ့ ညှိနှိုင်းပြီး လေ့လာရေး ခရီးသွားတယ်။ သွားလာတဲ့အပေါ်မှာ အဟန့်အတား အနှောင့်အယှက်တွေရှိတဲ့အတွက် ပွင့်လင်း မြင်သာမှုရှိတယ်ဆိုတာ စာရွက်ထဲမှာပဲ ရှိသလားပေါ့။ လက်တွေ့မှာတော့ ဒါမဟုတ်ဘူးပေါ့နော်”” ဟု ပြောသည်။
ထို့ပြင်၎င်းက လေ့လာခွင့်မရရှိခြင်းသည် ပွင့်လင်းမြင်သာမှုမရှိခြင်းမှာ သဘောတူညီချက်ကို အား ပျော့ေ စကြောင်း၊ ထို့ကြောင့် ပွင့်လင်းမှု တိုးတက်လာပြီး မိမိတို့မျှော်လင့်သော ငြိမ်းချမ်းရေးဆီသို့ ဦးတည်သွား သည်ကိုသာ မြင်လိုကြောင်း၊ ယခုအခြေအနေသည် ရှေ့သို့မတိုးနိုင်ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှောင့်   အယှက်ဖြစ်မှာ စိုးရိမ်ကြောင်းဆိုသည်။
အဆိုပါအဖွဲ့မှ ဦးခူးတော်ရယ်က အဆိုပါနယ်မြေများတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် အဆိုပါ အဖွဲ့အ စည်းများအနေဖြင့်  စီမံကိန်းကို ရပ်ဆိုင်းစေလိုသော သဘောထားများရှိကြောင်း၊ အကယ်၍ ဆက်လက်ဆောင်ရွက်ပါက ငြိမ်းချမ်းရေးထိခိုက်မည်ကို စိုးရိမ်ကြောင်းဆိုသည်။
ငြိမ်းချမ်းဖော်ဆောင်ရေးအဖွဲ့ နှင့် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့၏ ဒုတိယ အကြိမ်အပစ် အခတ်ရပ်စဲရေး ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် စာသဘောတူညီချက် ၆အရ ကယား ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် ရွာသစ်စီမံကိန်းအပါအ၀င် အကြီးစားစီမံကိန်းများကို အများပြည်သူလူထု လူမှု အသင်း အဖွဲ့များအား လေ့လာခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိပေးသွားရန်  သဘော တူ သည် ဆိုသည့် အချက်ပါဝင်ကြောင်း KNPP  အဖွဲ့မှ သိရသည်။
အဆိုပါရွာသစ် (သံလွင်မြစ်) စီမံကိန်းအပါအ၀င် ဗွန်ချောင်း (စောလုံ၊ ဟော်ခမ်း) စီမံကိန်း၊ တစ်ဖက်ချောင်း (ရှမ်း- ကယား နယ်စပ်စီမံကိန်းများသည် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်အစိုးရပိုင် (သူ နာပြည်နယ် အခြေစိုက်) Datang Company တို့နှစ်ဖက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး ထား သော စီမံကိန်းများဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ တရုတ်ဘက်မှစီမံ ကိန်းနေရာ၊ အဓိကရွာသစ်တွင် ကွင်းဆင်း သုတေသန ပြုလုပ်မှု များ ရှိသည်ဟုလည်း ဦးခူးတော် ရယ်ကဆိုသည်။
၎င်းကဆက်လက်၍ ရွာသစ်အပါအ၀င် အဆိုပါနယ်မြေများသည် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ဆယ်စုနှစ်များစွာ စစ်ဆင်ရေးနယ်မြေများဖြစ်ခဲ့ကြောင်း၊ အဆိုပါနယ်မြေများမှ ဒေသခံပြည်သူများမှာလည်း စစ်ဆင်ရေးခေါင်းစဉ်အောက်တွင် မိမိဒေသတွင်မနေထိုင်ရတော့ဘဲ နီးစပ်ရာဒေသများ သို့ ပြောင်းရွှေ့ ရေ ကြာင်း၊ အထူး သဖြင့် နယ်စပ်ကိုဖြတ်၍ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရကြောင်း၊ တချို့ဆိုလျှင် ဒုက္ခ သည်စ ခန်းများမှတစ်ဆင့် အမေရိကန်သို့ရောက်သူများပင်ရှိကြောင်း၊ သို့သော်လည်း အဆို ပါ ပြည်သူ များအနေဖြင့် မိမိတို့ဒေသတွင်သာ ပျော်မွေ့၍ ပြန်လာချင်သော်လည်း အဆိုပါရေကာ တာ ဆောက်လုပ် ပါက ၎င်းတို့ပြန်လာရန်မှာ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စကို ရပ်ဆိုင်း ပေးပါရန်ေ တာင်း ဆိုကြောင်း ပြောသည်။
ref:မြန်မာသံတော်ဆင့်
No comments:
Post a Comment