Friday 5 October 2012

သမ္မတကြီးဦးသိန်းစိန် သက်တမ်းနောက်တစ်ကြိမ် ရွေးချယ်ခံရရန် သမ္မတ၏ ကိုယ်ပိုင်ဆန္ဒသာဖြစ်ကြောင်း ဦးဌေးဦးပြောကြား

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အနေနှင့် သမ္မတသက်တမ်း နောက်တစ်ကြိမ်ရွေးချယ်ခံရရန် စဉ်းစားမည် ဟုပြောကြားလိုက်သောဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ်လတ်တလောတာဝန်ယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်ယင်းကိစ္စအတွက်ဦးတည်၍ပါတီလုပ်ငန်းများကိုဆောင်ရွက်သွားမည် မဟုတ်ေ ကြာင်း  အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကပြောသည်။


““နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၎င်း၏အမေရိကန်ခရီးစဉ်၌ အာရှလူ့အဖွဲ့အစည်း (Asia Society ) နှင့်တွေ ဆုံရာတွင် သမ္မတသက်တမ်းတစ်ကြိမ်သာထမ်း ဆောင်ရန်မျှော်လင့်ထားသော်လည်း တိုင်းပြည် အခြေအနေ၊ပြည်သူတို့၏ ဆန္ဒအပေါ်မူတည်ကာ  နောက်တစ်ကြိမ်အတွက် စဉ်းစားသွားမည်ဟု ပြောကြား လိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက စင်္ကာပူရုပ်သံသတင်းဌာန Channel News Asia   နှင့် တွေ့ဆုံစဉ်ကမူမိမိအနေဖြင့်အသက်အရွယ်နှင့်ကျန်းမာရေးအရ ၂၀၁၅ အထိ သမ္မတ  သက်တမ်း     တစ်ကြိမ် သာတာဝန်ယူသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတကို ရွေးချယ်သည့်စနစ်မှာ ပြည်သူကရွေးချယ်ခြင်းမဟုတ်ဘဲ လွှတ်တော် က ရွေးချယ်ရခြင်းဖြစ်ရာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် ပြည်သူ့ဆန္ဒရှိရုံဖြင့်သမ္မတ မဖြစ်နိုင်ဘဲ လွှတ်တော် အတွင်း ကိုယ်စားလှယ်အများစု အနိုင်ရသောပါတီအစုအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး သာဖြစ်နိုင်  သည် ဖြစ်ရာ ဦးသိန်းစိန် အနေဖြင့် နောက်တစ်ကြိမ်သမ္မတ အဖြစ်ရွေးချယ်ခံရရန် မှာပြည်သူ့ ဆန္ဒထက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိရန်လိုကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီဥက္ကဋ္ဌဒေါက်တာဦးအေးမောင်က သုံးသပ်သည်။

ယင်းအတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရည်ရွယ်လုပ်ဆောင်ရန် ရှိ/မရှိကို ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက““အနိုင်ရရှိသူများအောင်ဆိုတာကတော့ လူသိလွယ်တဲ့ကိစ္စပေါ့ဗျာ။ အဓိကကတော့ ကျွန်တော် တို့ ပါတီက ပြည်သူတွေဘယ်လို အကျိုးရှိတယ်ဆိုရင် ပြည်သူတွေယုံကြည်လာမှာပေါ့။ ကျွန်တော်တို့ ကို ရွေးရင်  လည်း ကျွန်တော်တို့မဲထည့်မှာပေါ့။ သမ္မတကြီးရွေးသည်ဖြစ်စေ၊ မရွေးသည်ဖြစ်စေ ကျွန်တော် တို့က လုပ်ရမှာပဲ။ သမ္မတကြီးပြောတာ ကတော့ ပြည်သူတွေကသူ့သဘောကျရင် ဆက်လုပ်မယ် ဆိုတာ သူ့ ဆန္ဒပါ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပါတီလုပ်ငန်းလုပ်နေမှာပါပဲ””ဟုပြောသည်။

ထို့ပြင်နိုင်ငံတော်သမ္မတကြီး၏ စကားနှင့်ပတ်သက်၍လည်း  ““ကျွန်တော်တို့ကတော့ ဘယ်လိုမှ မသုံးသပ် ပါဘူး။ လုပ်နိုင်တယ်ဆိုရင် လုပ်နိုင်တဲ့သူတွေလုပ်ကြတာ ၀မ်းသာတာပေါ့””ဟု၎င်းကပြောသည်။

ဦးသိန်းစိန်၏ သမ္မတသက်တမ်း နောက်တစ်ကြိမ်ရွေးချယ်ခံရန် ကိစ်္စအပေါ် NLD ပါတီပြည် သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ““ပြည်သူလူထုက တောင်းဆိုရင် ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးမှာ ဆက် လက်ပါဝင်မယ်ဆိုတာနိုင်ငံရေးသမားတိုင်းကပြောတတ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့ ပြုပြင်ပြောင်းလဲမှု ဘယ်လောက်ဖြစ်မလဲဆိုတဲ့အပေါ်မှာ လူထုက လက်ခံမှာ။ အခုဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေက ပုံ သဏ္ဌာန် အရပြုပြင်ပြောင်းလဲမှုတွေရှိသော်လည်း အနှစ်သာရအရ ပိုမိုပြောင်းလဲမှု ကိုလုပ်နိုင်မှ ပြည်သူလူ ထုကတောင်းဆိုမှလို့ထင်တယ်။လက်ရှိပြောင်းလဲမှု အခြေအနေလောက် နဲ့တော့ ပြည်သူလူ ထုက တောင်း ဆို ရင်ဆိုတဲ့ အခြေအနေကပြောလို့ မရသေးဘူးထင်တယ်””ဟုပြောသည်။

သမ္မတတစ်ဦးသည်သက်တမ်းနှစ်ကြိမ်ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်းလည်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်း  ထားသည်။


No comments:

Post a Comment