Friday 5 October 2012

ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူရန် ဦးစွာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူသွားမည်

Friday, 5 October 2012

၂၀၁၄ ခုနှစ်မှာ ကောက်ယူ ဖို့ရှိတဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အတွက် လာမယ့် ၂၀၁၃ ခုနှစ်မှာ စမ်းသပ် သန်းခေါင် စာရင်းကို စတင် ကောက်ယူ သွားဖို့ ရှိတယ်လို့ နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စမ်းသပ် သန်းခေါင် စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုစလုံးမှာ ကောက်ယူ သွားဖို့ရှိပြီး ဒီလို ကောက်ယူမှုကိုတော့ မြို့နယ်အားလုံးကို ကောက်ယူမှာမဟုတ်ဘဲ မြို့နယ်အချို့ကိုသာ ရွေးချယ်ကောက်ယူမှာဖြစ်ပါတယ်။

အဲ့ဒီလို စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရ တာဟာ လာမယ့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ အခက်အခဲတွေ မကြုံတွေ့စေဖို့ မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို သိရှိစေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ သန်းခေါင် စာရင်း ကောက်ယူမှု အတွက် မေးခွန်း ပုံစံတွေကို ပြုစုပြီးပြီ ဖြစ်ပါတယ်။ အဲ့ဒီ စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူမှု အတွက် UNFPA မှ နည်းပညာ ပိုင်းဆိုင်ရာ တွေကို ကူညီမှာ ဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ မြို့နယ် အလိုက် ကောက်ကွက် များခွဲခြားကာ ပညာရေး ၀န်ကြီးဌာန လက်အောက်မှာ တာဝန် ထမ်းဆောင် နေတဲ့ ဆရာ၊ ဆရာမများမှ ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
  Myanmar Express

 

No comments:

Post a Comment