Friday 5 October 2012

စစ်တွေတွင် ရခိုင်အမျိုးသမီးများ ဆန္ဒထုတ်ဖော်မည်

လာမည့် အောက်တိုဘာလလယ်အတွင်း စစ်တွေမြို့၌ ရခိုင်အမျိုးသမီးများက ဘ၀လုံခြုံရေးနှင့် ရခိုင်ပြည် နယ် တွင် ကမ္ဘာ့ အစ္စလာမ်အဖွဲ့ (OIC) ရုံးမဖွင့်လှစ်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှုဥပဒေ ကို လေးစား လိုက်နာရေးတို့အတွက်ဆန္ဒပြမှုပြုလုပ်သွားမည်ဖြစ်ကြောင်းယင်းဆန္ဒပြမှုကို ဦးဆောင်မည့်သူများ က ပြော သ ည်။



ဆန္ဒပြခွင့်အတွက် မြို့နယ်အာဏာပိုင်များဆီ အချက် ၈ချက် ပါ တောင်းဆိုချက်များနှင့်အတူ လုပ်ထုံး လုပ်နည်းများနှင့်အညီ စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက တင်ပြခဲ့သော်လည်း မြို့နယ်မှ ပယ်ချခဲ့ ၍ ပြည်နယ်အစိုးရထံ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆက်တင်ခဲ့ပြီး ၂၉ ရက်နေ့ တွင် ပြည်နယ်အာဏာ ပိုင်များက ခေါ်ယူတွေ့ဆုံကာ ဆန္ဒပြမှုကို နှစ်ပတ်ခန့် ဆိုင်းငံ့ထားရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

““စက်တင်ဘာလ ၂၆ ရက်နေ့က မြို့နယ်အာဏာပိုင်တွေဆီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ တင်ခဲ့တယ်။ အဲဒီနေ့မှာပဲ မြို့နယ်က ပယ်ချလို့ ၂၇ ရက်နေ့ မှာ ပြည်နယ်ကို ဆက်တင်တယ်။၂၉ရက်နေ့မှာ ပြည်နယ်က ကျွန်မ ကို ခေါ်တွေ့ပြီးတော့တောင်း ဆိုချက်အချို့ ကို ပြင်ခိုင်း သလို ၂၈ ရက်နေ့ ကဖြစ်တဲ့ ကောလာဟလကြောင့် လူထုအုံကြွမှု ဖြစ်လု နီးပါး ဖြစ် တာကြောင့် နှစ်ပတ်စောင့်ခိုင်းထားတယ်””ဟု ဆန်္ဒပြပွဲကို ဦးဆောင်သူ အမျိုးသမီး ဒေါ်ညိုအေး က ပြော သည်။

ဆန္ဒပြပွဲတွင် တောင်းဆိုမည့် အချက်များမှာ ““၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို လေးစားလိုက်နာရန်၊ ““တရားမ၀င် ခိုးဝင်လာသူများကိုအလိုမရှိ””၊ ““မြန်မာပြည်တွင် ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ””၊ ““မြန်မာ့ပြည်တွင်းရေးကို OIC ၀င်မစွက်ပါနှင့်””၊ ““မြန်မာအမျိုးသမီးများဘ၀ လှပလုံခြုံမှုရှိပါစေ”” စသည်တို့ဖြစ်သည်။

လတ်တလောတွင် ဆန္ဒပြမည့် အမျိုးသမီးအင်အားမှာ ၂၀၀ ခန့်ရှိနေပြီး အာဏာပိုင် များမှ ပြောထား သည့်အ တိုင်း ဆန္ဒပြမှုကို နှစ်ပတ်အတွင်း ခွင့်မပြုလျှင်လည်း ဆန္ဒပြမှု ကို ပြုလုပ်သွား မည်ဟု ဒေါ်ညိုအေး က ပြောသည်။

OIC ရုံးကို မဖွင့်လှစ်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ နှင့် ၂၆ ရက်နေ့များက ရသေ့တောင်မြို့ ၌ ပြုလုပ်သော ရခိုင်လူထုအစည်း အဝေးမှလည်း ကန့်ကွက်တောင်း ဆိုထားသည်။ သို့သော် ရန်ကုန်နှင့် စစ်တွေမြို့များ တွင် OIC ရုံးဖွင့်လှစ်ရန် OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ စက်တင်ဘာလ ၁၁ ရက်နေ့ က လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ်ရှိ ဘင်္ဂါလီအများ စုနေထိုင် ရာ အောင် မင်္ဂလာရပ်ကွက်အတွင်း ရေခဲချောင်းသွားရောင်းသော ရခိုင်ကလေးငယ်တစ်ဦး အသတ်ခံ ရသည် ဆိုသော ကောလာဟလကြောင့် ရုတ်ချည်းပင် ယင်းရပ်ကွက်အနီး လူထုစုဝေးအုံကြွမှုကြီးထွားခဲ့ပြီး အာဏာပိုင် များက အချိန်မီထိုကလေးအား လူထုရှေ့ ခေါ်ယူပြသကာ ပဋိပက္ခဖြစ်ပွားမည့် အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကမူ အမေရိကန် သို့ရောက် ရှိစဉ် ဗွီအိုအေသတင်းဌာန၌ တွေ့ဆုံမေးမြန်းမှုတွင် ရခိုင်ပြည်နယ်အခြေအနေမှာ ထိန်းသိမ်းနို င်ပြီဖြစ်ေ ကြာင်း ပြော ကြားထားသည်။

No comments:

Post a Comment