Friday 5 October 2012

ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မြန်မာအသင်း၏ ဆူဇူကီးဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်သို့ တက်ရောက်ကြည့်ရှုမည်


 


မြန်မာဘောလုံးအဖွဲ့ချုပ်၏နာယက၊ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ယနေ့(အောက်တိုဘလ ၅ ရက်နေ့)ညနေ ၆ နာရီတွင် ယှဉ်ပြိုင်မည့် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့၏ ဆူဇူကီးဖလားခြေစစ် ပွဲ၊ ပွဲစဉ်သို့တက်ရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဦးအောင်ကိုဝင်းမှ ပြောကြားခဲ့သည်။

“နှစ်ဖက်ကစားသမားတွေကို နှုတ်ဆက်အားပေးဖို့ ကျွန်တော်သွားမှာပါ။”ဟု ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင် ကိုဝင်းက ပြောကြားခဲ့သည်။

ဦးအောင်ကိုဝင်းသည် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ကမ္ဘောဇဘဏ်၏(၇၉) ခုမြောက် ဘဏ်ခွဲ ဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ကမ္ဘောဇဘဏ် ဖွင့်လှစ်ပွဲအခမ်းအနားသို့လည်း တက်ေ ရာက် ခဲ့ပါသည်။
ယခုရက်ပိုင်းများအတွင်း ကမ္ဘောဇဘဏ်နှင့်ပတ်သက်၍ ငွေအပ်နှံထားသူများက ဘဏ်၏ ငွေကြေးကဏ္ဍ အပေါ် ယုံကြည်မှုမရှိ၍ အပ်ငွေများ ပြန်ထုတ်နေသည်ဆိုသော ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းများ မှန်ကန်မှုမရှိကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများက အတည်ပြု ပြောကြာ ထားခဲ့သည်။

'ဘဏ်တွေထဲမှာ ကျွန်တော်တို့ဘဏ်က ဘဏ်ခွဲအများဆုံးနဲ့ လုပ်ငန်းလည်ပတ်မှု အကောင်းဆုံးပါ။ အမြဲတမ်း လည်း လူရှုပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်မှာလည်း ဘဏ်ပိတ်ရက် ၃ရက်ဖြစ်သွား တဲ့အပြင် နှစ်ဝက် ဘဏ်တိုးပေးတဲ့ကာလလည်းဖြစ် ၊ လစာထုတ်ရက်တွေနဲ့လည်း တိုက်ဆိုင်နေတော့ လူပိုများနေပါတယ်။ ဘဏ်တိုးအပေါ် မှီခိုနေရတဲ့သူတွေက အတိုးလာထုတ်သလို ငွေသွင်းငွေထုတ်လုပ်တဲ့သူတွေလည်း များသွား လို့ ကောလာဟလလွှင့်တဲ့သူတွေက ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်နေကြတာ ပါ''ဟု  ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ref:EMG

No comments:

Post a Comment