Sunday 14 October 2012

ကေအင်ယူ ခေါင်းဆောင်ကို ၀န်ကြီးတွေ တွေ့ဆုံအားပေး

 ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အဆုပ်ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုစောဒေးဗစ်ထောနဲ့ မိသားစုကို ပြည်ထောင်စုအစိုးရ ဝန်ကြီးသုံးဦး ဒီ ကနေ့  ညနေပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။

သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း ၊ ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ လာရောက်တွေ့ ဆုံ အားပေးခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ပဒိုစောဒေးဗစ်ထောဟာ အဆုပ်ရောဂါကို အပြင်းအထန်ခံစားနေရတာဖြစ်ပြီး မနေ့က သွေးခြောက်ပုလင်း သွင်းခဲ့ရပါတယ်။ ဒီကနေ့မှာတော့ ရောဂါအခြေအနေသက်သာလာပြီး စကားလည်းကောင်း မွန်စွာ ပြောဆို လာနိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါပေမယ့် နဂိုအခြေအနေအတိုင်း ထူထူထောင်ေ ထာင် ပြန်ဖြစ်ဖို့ကတော့ တစ်လလောက် ဆေးရုံမှာ ဆက်နေရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


ref:RFA

No comments:

Post a Comment