Sunday 14 October 2012

ဒီမိုကရေစီစနစ်အား အများက သာပိုင်ကြောင်း ဦးရွှေမန်းဆို

http://sphotos-b.ak.fbcdn.net/hphotos-ak-ash4/420554_547386458610487_1923853257_n.jpg
 ဒီမိုကရေစီစနစ်သည် အများကြိုက်ကြသော စနစ်ဖြစ်သကဲ့သို့ ၊ အများက သာပိုင်ခြင်းေ ကြာင်း ပြည်ေ ထာင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဌ ဖြစ်သည့်သူရဦးရွှေမန်းကယနေ့ကျင်းပေ သာ ပြည်ခိုင်ဖြိုး ပါတီဗဟိုညီလာခံတွင် ပြောကြားလိုက်သည်။
ထိုသို့ အများနှင့်သက်ဆိုင်နေသောကြောင့်ပင် ဒီမိုကရေစီစနစ်ကို စည်းစနစ်ကျနစွာ ကျင့်သုံးဆောင် ရွက်ကြရန်လည်း လိုအပ်ပြီး ထိုသို့ မဟုတ်ပါက ဒီမိုကရေစီကိုအကြောင်းပြ၍ ပရမ်းပတာလုပ်ဆောင်မှုများ၊ ဒီမိုကရေစီ အနိုင်ကျင့်မှုများ၊ မင်းမဲ့ စရိုက်ဆန်ခြငး၊ဗိုလ်ကျစိုးမိုးခြင်းများဖြစ်တတ်သောကြောင့် သတိပြု
၍ အများကြိုက်သောဒီမိုကရေစီစနစ်ကို အများအတွက်ကောင်းအောင်လုပ်ဆောင်ရာတွင် ပါတီဝင်ထု တစ်ရပ်လုံး ပါဝင်နေရန်လိုအပ်သည်ဟု သူရဦးရွှေမန်းက ပါတီကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ယနေ့ကျင်းပသောညီလာခံတွင် ပြည်နယ်နှင့် တိုင်းအလိုက် ညီလာခံကိုယ်စားလှယ်များက သက်ဆိုင် ရာ ပြည်နယ်တိုင်းတွင်း မိမိပါတီလှုပ်ရှားမှု၊ စည်းရုံးမှု၊ အခြားပါတီများ၏ လုပ်ဆောင်မှုအခြေအနေများနှင့် ပါတီအပေါ် ပြည်သူလူထု၏ အမြင်သဘောထားများ ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အတွက် ပြင်ဆင် သင့်သည် များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
 
ref:7daynews 

No comments:

Post a Comment