Sunday 14 October 2012

စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန်အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

 
 
စက်သုံးဆီအရောင်းဆိုင်များ ရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအား  ကို ၄ ဒသမ ၅၄၆ လီတာအဖြစ်စံနှုန်းသတ်မှတ်ပြီးတစ်နိုင်ငံလုံးတစ်ပြေးညီသတ်မှတ်ရောင်းချရန်စွမ်းအင်ဝန်ကြီးဌာနမှ အောက်တို ဘာ လ ၁၁ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

စက်သုံးဆီဆိုင်ရှိ လီတာပန့်များ၏ Display Unit တွင် ၄ဒသမ ၅လီတာဟု ဖော်ပြသည့်အချိန်တွင် အမှန် ဆီ ထွက်နှု န်းအားကို ၄ ဒသမ ၅၄၆လီတာ ပမာဏဖြစ်စေရန် ပန့်၏ဂါလန်မီတာကို ချိန်ညှိပြီးတိကျစွာ စံတိုက်၍ တစ်ပြေးညီသတ်မှတ် ရောင်းချရမည်ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် စွမ်းအင်ဝန် ကြီးဌာနအပါအ၀င် အစိုးရဌာနဆိုင်ရာ အားလုံးသည် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသော မတ်ထရစ် စနစ်သို့ ပြောင်းလဲမှု ဆက်စပ်ပုံသတ်မှတ်ချက်များအတိုင်း အသုံးပြု လျက် ရှိပြီး စက်သုံးဆီအခြင်အတွယ်စနစ် ပြောင်းလဲမှုဆက်စပ်ပုံ သတ်မှတ်ချက်အရ တစ်ဂါလန်လျှင် ၄ ဒသ မ ၅၄၆လီတာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာ ထားပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ လီတာပန့်အသုံးပြုပြီး တရားဝင်ဖွင့်လှစ် ရောင်းချ နေသော စက်သုံးဆီ အရောင်း ဆိုင်အားလုံး အဆိုပါသတ်မှတ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ေ ဆာင် နိုင်ေ ရး အတွက် မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းများတင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းများ ထိန်း သိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများထံ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း က အသိပေး အကြောင်း ကြားပြီး ဖြစ်ကြောင်း သိရပါသည်။

ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှုအကြောင်း အများပြည်သူအကြား ကျယ် ကျယ်ပြန့်ပြန့်ေ ၀ဖန်မှုများထွက်ပေါ်ခဲ့သော ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် များကို ၀င်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနနှင့်
ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေး အဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက်နေ့ များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး နောက် ၂၁ဆိုင်တွင် စက်သုံး ဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိ မြန်မာ တစ်နိုင်ငံလုံး တွင် ဖွင့်လှစ်ရောင်းချနေသော ပုဂ္ဂ လိကစက် သုံးဆီဆိုင် ၄၀၀ ၀န်း ကျင်ရှိပြီး အသစ်ဖွင့် ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၀၀ ကျော်ရှိပါသည်။ ပုဂ္ဂလိက စက်သုံးဆီ သိုေ လှာင်ဖြန့်ဖြူး ရောင်းချခွင့်ကို ယခင်ကအစိုးရကသာ ထိန်းချုပ်ထားပြီး ၂၀၁၀ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်း ချခွင့် ပြုခဲ့ခြင်းဖြစ်သည်။
 
 
ref:EMG

No comments:

Post a Comment