Sunday 14 October 2012

ဟံသာဝတီ ကားဝိုင်းတွင် ညအိပ်ခွန် မဆောင်ပါက အရေးယူမည်

ဟံသာဝတီယာဉ် ရောင်းဝယ်ရေး စခန်းဝင်း အတွင်းရှိ ညအိပ်ခွန် ပေးဆောင်ခြင်း မရှိပဲ ညအိပ် ရပ်နား ထားသော ယာဉ်များအား သဘောင်္ဆေးသုတ် မှတ်သား၍ ရုံးသို့ တင်ပြပြီး အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်စခန်း၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

" နောက်ပိုင်း ကားသစ်တွေက များလာတယ် ဝင်ပြီးရင် ပြန်မထွက်တော့ဘူး။ ဒီမှာပဲ ညသိပ်တယ် မနက် ပိုက် ဆံ သွားတောင်းရင် မပေးချင်ကြဘူး။ တစ်ချို့ သူတွေက မသိချင် ဟန်ဆောင် နေတယ်။ အား လုံးတော့ မဟုတ် ပါဘူး" ဟု ယာဉ်ဝင်ခ ကောက်ခံသည့် ဂိတ်မှ တာဝန်ကျ အမျိုးသမီးက  ပြောကြားသည်။

သဘောင်္ဆေးဖြင့် အမှတ်အသား ပြုလုပ်ရာတွင် မှန်ကဲ့သို့သော ပြန်လည် ဖျက်လို့ရသည့် နေရာတွင်သာ သုတ်လိမ်း၍ အမှတ်အသား ပြုလုပ်မည် ဖြစ်ကြောင်း၊ ညအိပ်ခွန် ပြေစာအား မြင်သာအောင် အစိမ်း၊ အပြာ၊ အဝါ၊ လိမ္မော်၊ ပန်းဆီရောင် တို့ကို တစ်ရက်လျှင် တစ်ရောင် ပြောင်းလဲ ကောက်ခံ၍ ကားရှေ့ခန်း အတွင်း မြင်သာသော နေရာတွင် ထားရှိရမည် ဖြစ်ပြီး အောက်တိုဘာ ၁ဝ ရက်မှ စ၍ အရေးယူသွား မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"အခုရက်ပိုင်း လေလံကြေး မပြည့်ဘဲ အိတ်စိုက် ဖြစ်တာကြောင့် ကြေညာ လိုက်ရတာပါ" ဟု ၄င်းက ဆို သည်။ အခွန်ပေးဆောင်ခြင်း မရှိသော ယာဉ်များသို့ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း အရေးယူ သွား မည် ဖြစ်ပြီး ကြေညာ ချက်မှာ ယာဉ်ဝင်း အမှတ် ၁ နှင့် အမှတ်၂ တွင်သာ လုပ်ဆောင်မည် ဖြစ်ကာ ယာဉ် ဝင်း အမှတ် ၃ မှာ ပါဝင်ခြင်း မရှိကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း စည်ပင်သာယာရေး ဌာန မှ ဌာန မှူး ဦးအောင်မျိုးလင်းက ပြောကြားသည်။

ယခင်က တစ်ရက်လျှင် ၂ သိန်းကျပ်နှုန်းဖြင့် လေလံကြေး ပေးသွင်းရကာ ကောက်ခံ ရရှိငွေမှာ မပြည့်ခြင်းေ ကြာင့် တစ်သိန်း ငါး သောင်း ကျပ် လျှော့ချ ထားရကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ယာဉ်ရပ်နားဝင်းတွင် ၁ တန်မှ ၃ တန်ထိ ယာဉ်များကို ဝင်ကြေး၂ဝဝ ကျပ် ညအိပ်ပါက ၃ဝဝ ကောက် ခံပြီး ယာဉ်အစီးရေ ၂၅ဝ မှ ၃ဝဝ ကြား ရပ်နား နိုင်သည်။
 
ref:thevoiceweekly

No comments:

Post a Comment