Sunday 14 October 2012

သဘာဝ ဘေးအန္တရာယ် လျှော့ချရေးတွင် အမျိုးသမီးများ အရေးပါကြောင်း ပညာရှင်များ ပြောကြား

သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အတွက် ကြိုးပမ်းရာတွင် အမျိုးသမီးများနှင့် မိန်းကလေးများမှာ အရေး ပါ ကြောင်း နိုင်ငံတကာမှ ပညာရှင် များ ပြောကြားကြောင်း နေပြည်တော် တွင်အောက် တိုဘာ ၁၂ ရက်နေ့က ကျင်းပသော သဘာဝ ဘေးအန္တရာယ် လျှော့ချရေး နေ့ အထိမ်း အမှတ် အခမ်းအနား တက်ရောက် လာသူများက ပြောကြားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းမှ နှစ်စဉ် ကျင်းပသော အထက်ပါ အခမ်းအနားကို မြန်မာနိုင်ငံတွင် ကျင်းပ သည်မှာ သုံးကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်တွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခန်း ကဏ္ဍကို အဓိကထား ဆွေးနွေး ပြောကြားကြသည်။

"ယောင်္ကျားတွေ အပြင်ထွက် နေချိန်မှာ တခုခုဖြစ်ရင် အိမ်မှာ မိန်းမတွေပဲ ရှိနေတာလေ၊ အဲ ဒါကြောင့် ဘေး အန္တရာယ် တစ်ခုခု ကျရောက်လာပြီ ဆိုရင် အိမ်ရှင် အမျိုးသမီးက ကလေးတွေကို စီမံတတ် ရမယ်၊ သက်ဆိုင်ရာကို ဆက်သွယ်ရမယ် ဆိုတာမျိုးလဲ သိထားရမယ်" ဟု အမျိုးသမီးများ အခန်းကဏ္ဍ အရေးကြီးကြောင်း ကို သဘာဝ ဘေးအန္တရာယ် လျှော့ချသည့် အစီစဉ်တွင် ပူးပေါင်း လုပ်ကိုင်နေ သည့် ACTED မှ အစီအစဉ် ပေါင်းစပ် ညှိနှိုင်းရေးမှူး ဦးဂျွန်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံသည် ရေကြီးမှု၊ မီးလောင်မှု၊ ငလျင်လှုပ်မှု အစ ရှိသည့် ဘေးအန္တရာယ်များ ဆက်တိုက် ကျရောက်ခြင်း ခံနေရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံး ပူးပေါင်း ဆောင်ရွက် သင့်ကြောင်းလည်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးမှ ညွှန်ကြားရေးမှူး ချုပ်က ပြောကြား သည်။
 
ref:thevoiceweekly

No comments:

Post a Comment