Sunday 14 October 2012

ကောလင်းမြို့နယ် အနောက်ခြမ်းဒေသတွင် မူးယစ် ဆေးဝါး ရောင်းချ၊ သုံးစွဲသူများပြားလာသည့်အတွက်ဒေသခံတောင်သူများ စိုးရိမ်နေရ



စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အနောက်ခြမ်း ဒေသကျေးရွာအချို့တွင် မူးယစ် ဆေးဝါးရောင်း ချသူ၊ သုံးစွဲသူများ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဖမ်းဆီးနေသော်လည်း လျော့ပါး သွားခြင်းမရှိဘဲ မူးယစ်ဆေး ၀ါး သုံးစွဲသူများပိုမိုများပြားလာသဖြင့် လယ်ယာသုံးကျွဲနွား များမကြာခဏ ပျောက်ဆုံး မှုရှိ လာေ သာ ကြောင့် ဒေသခံတောင်သူများ စိုးရိမ်နေရကြောင်းဒေသခံ တောင် သူများ၏ ပြောပြချက် အရ သိရှိရ သည်။
““မူးယစ်ဆေးဝါးနှင့်ပတ်သက် လို့ ကျွန်တော်တို့ကောလင်းမြို့ နယ် နောက်ခြမ်းကျေးရွာတွေဖြစ် တဲ့ ညောင် ပင်လှ၊ လယ်ရင်းတဲ၊ ဥက္ကံ၊ အိုင်ကြီး၊ တဂေါင်းအိုင်၊ ကြို့ ပင်ကျေးရွာတို့မှာ မူးယစ်ဆေး ၀ါးသုံးစွဲသူ များပြားလာတာကြောင့် ဈေးဆိုင်တွေက ဓာတ်ဆီ၊ ဒီဇယ် နှင့် ကျွဲနွားပျောက်ဆုံးမှုတွေ များ ပြားလာ တယ်။ အချို့ကျေးရွာ တွေဆိုရင် ကိုယ့်ဓလေ့နဲ့ကိုယ်ဆို တော့ ခြံစည်းရိုးကာထားခြင်း မရှိ ဘူး။ ကျွဲနွားတွေဆိုလည်း လွှတ် ကျောင်းစနစ်လွှတ်ထားကြတာ လယ်လုပ်ချိန်မှသာ အိမ်မှာထား ကြပါတယ်။ အခုတော့ မူးယစ် ဆေးဝါးတွေ ပေါများနေတော့ လုံခြုံမှုမရှိဘူး။ ပြီးခဲ့တဲ့ (၆) လပိုင်းကပဲ ဥက္ကံကျေးရွာအစွန်မှာ ရှိတဲ့ တောင်သူ(၂)ဦးမှာ တစ်ဦး က အိမ်ဘေးလယ်ကွင်းထဲမှာ ချည်ထားတဲ့ ကျွဲ(၄)ကောင်ပျောက် သွားသလို၊ တစ်ဦးက အိမ်ထဲမှာ ချည်ထားတဲ့ကျွဲ(၂)ကောင်ပျောက် သွားတယ်””ဟု ဥက္ကံကျးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။

အခုဖြစ်နေတာက ကျွဲ၊ နွား မှောင်ခိုလာဝယ်တဲ့ သူတွေပေါ တော့ ကျွဲ၊ နွားတွေကို အဓိက ခိုးပြီး ရောင်းစားနေကြတာပါပဲ။ ပြီးခဲ့တဲ့ ဇွန်လမှာ ကျွန်တော်တို့ ရွာက လယ်ကွင်းထဲမှာ လွှတ် ထားတဲ့ ကျွဲ(၁၀)ကောင်ပျောက် သွားတယ်။ အဲဒီ ပျောက်သွားတဲ့ ကျွဲ(၁၀)ကောင်ကို ကျွန်းလှမြို့ နယ်၊ ပေပင်ချောင်ရဲစခန်းအဖွဲ့က ဖမ်းဆီးမိပြီး အကြောင်းကြားလို့ ချောင်းနားရဲစခန်းက အမှုဖွင့် အရေးယူထားခဲ့ရပါတယ်””ဟု ကိုင်းဝန်းကျေးရွာမှ ဒေသခံ တောင်သူအချို့ကဆိုသည်။

ref:thehotnews

No comments:

Post a Comment