Sunday 14 October 2012

မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစုကို နောက်နှစ်မှ စတင်ပြီး ဂျပန်လျှော်ပစ်မည်

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစု   ကို နောက်နှ စ် ဇန်န  ၀ါရီလတွင် စတင်လျော်ပစ်မည်   ဖြစ်ကြောင်းနှ င့် မြန်မာနိုင်ငံသို့ ချေးငွေသစ် များ ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေး ၀န်ကြီးကိုရီကီဂျိုဂျီမာကအောက်တိုဘာလ ၁၁ ရက်နေ့  တွင် ပြောကြား  ခဲ့သည်။

မြန်မာနိုင်ငံ၏ ကြွေးမြီနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တို ဘာလ ၁၁ ရက်နေ့ ကပြုလု ပ်သော အလှူရှင်နိုင်ငံများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကြွေးကျန်ရှင်းလင်းရေးကိုဖြေရှင်းရန် ဂျပန်နိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ၏ပြုပြ င်ပြောင်း လဲရေးများကို အားပေးရန်နှင့် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရေးကို အားပေးရန် ယင်းကဲ့ သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြီရှင် နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကြွေးမြီခန့်မှန်းခြေ ယန်း ဘီလျံ ၅၀၀ အနက်ယန်းဘီလျံ ၃၀၀ကို လျော်ပစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယန်းဘီလျံ ၃၀၀ အနက် ယန်း ၁၂၇ ဘီလျံကို ဇန်န၀ါရီလတွင် စတင်လျော် ပစ်မည်ဖြစ်ပြီးနောက် ထပ် ယန်း ၁၇၆ ဘီလျံကို ဧပြီလ နောက်ဆုံးထား လျော်ပစ်ရန် မျှော်လင့်ကြောင်း ဂျပန်ဘဏ္ဍာရေး ၀န်ကြီး က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန် ရှိသည့် ကြွေးမြီများကို ရှင်းလင်းရန် အတွက် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဘဏ်မှ ပေါင်း ကူးချေးငွေ အမေရိ ကန် ဒေါ်လာသန်း ၉၀၀ကို ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်သို့ အမေရိကန် ဒေါ်လာသန်း ၄၀၀ နီးပါးနှင့် မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပေးဆပ်ရန်ရှိသည်။ မြန်မာနိုင်ငံ
အနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီဟောင်းများကို ရှင်းလင်းပြီး ပါက ချေးငွေသစ်များကို ပြန်လည် ရယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့် အနေဖြင့် အမေရိကန်နှင့်ဥရောပသမဂ္ဂ တို့က ၎င်းတို့၏အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ် ဆင့် ဖြေလျှော့ လျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေး ယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကဲ့သို့ လက် မှတ်ရေး ထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့ အစည်းများ အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည်ဖြစ်သည်။
 
ref:EMG

No comments:

Post a Comment