Sunday 14 October 2012

အီရန်နဲ့ဆီးရီးယားကို ရည်ရွယ်တဲ့ အစ္စရေး အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု

 


အီရန်နှင့် ဆီးရီးယားနိုင်ငံသို့   ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ပူးပေါင်းစစ်ဆင်တိုက်ခိုက်နိုင်ရန် အတွက် အမေရိ ကန်နှင့် အစ္စရေး  နိုင်ငံတို့သည် လေကြောင်းရန် ကာကွယ်ရေး (Air Pelence) ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခုကို အောက်တိုဘာ ၂၁ ရက်မှစ၍ ရက်သတ်္တ သုံးပတ်ကြာလေ့ကျင့် မည်။
  ပူးတွဲစစ်ရေးလေ့ကျင့်မှုအမည် မှာ “တော်စတာချဲလင်း ၂၀၁၂” (Austere Challenge2012) ဖြစ်သည်။  အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကုန်ခဲ့ သည့် ဧပြီလအတွင်းကပင် လေ့ကျင့် ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်း မညီညွတ်၍ ရွှေ့ဆိုင်း ခဲ့ရသည်။ အစ္စရေးကာကွယ်ရေး  ၀န်ကြီးအီစွတ်ဘာရက်က ကာကွယ် ရေးအသုံးစရိတ်အကန့်အသတ် ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည် ဟု ဂျေရုဆလင်ပို့စ် တွင် ဖော်ပြ သည်။ အမေရိကန်ကလည်း ဧပြီ လပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၎င်း တို့တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ မျှ ပါဝင်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်တို့စစ် သည် အင်အား လျှော့ချမည် ဟု  ကြေညာခဲ့သည်။ ယခုစစ်သည် အင်အား ၁၅၀၀ ပါဝင်မည်ဟု အမေရိကန်စစ်ဘက်ကပြောသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်  ပါဝင်မည့် အမေရိကန်အကြံပေး အရာရှိစစ်သည်များ ခေတ်မီနည်း ပညာသုံး ဒုံးလက်နက်များနှင့် ပစ်ခတ်စင်များအား အောက်တို ဘာ ၁၄ ရက်တွင် အစ္စရေးသို့  အရောက်ပို့မည်ဟု အမေရိ ကန် က ထုတ်ဖော်ပြောကြားသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်များ (Deii’s Objectives) အနက်တစ်ခုမှာ အကယ်၍ စစ်ရေးအရ လိုအပ်လာပါက အမေရိကန်လေကြောင်းရန်  ကာကွယ်ရေးဒုံးကျည်များအား အစ္စရေးတွင် အလျင်အမြန်ဖြန့် ကြက်ချထားရန်ဖြစ်သည်။ စစ်ရေး လေ့ကျင့်မှုအတွင်း အီရန်နှင့် ဆီးရီးယားတို့က ပစ်ခတ် လာသည့်  ဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက် နိုင်သည့် ပက်ထရီယော့ဒုံးကျည် အဲရိုး-၂ဒုံးကျည်အစ္စရေး တို့၏ အိုင်ယွန်းဒုမ်:(Iron Dome)ဒုံးကျည် များအား လက်တွေ့စမ်းသပ်ပစ်ခတ်  စဉ်များပါဝင်မည်ဖြစ် သည်။ ထို့အပြင်ပက်ထရီယော့ဒုံးကျည် များအား အဆင့်မြှင့်ထားသည့် ပက်ထရီယော့ ၃ ဒုံးကျည်များ သင်္ဘော ဖျက်အေးဂျစ်စ် (Aegis) တိုက်ချင်းပစ်ဒုံးကျည်များနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် တာတိုပစ်ဒုံးကျည်များ အန္တရာယ် ကာကွယ်ရေးဆိုင်ရာလေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ref:thehotnews

No comments:

Post a Comment