Monday 15 October 2012

(KNU) ခေါင်းဆောင် စောဒေးဗစ်ထော ကွယ်လွန်

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် စောဒေးဗစ်ထောသည် ယနေ့ည ၁၀ နာရီ မိနစ် ၄၀ခန့်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်သွားပြီးကြောင်း The Voice Weekly သတင်းရင်းမြစ်များ က ပြောကြားသည်။
ဦးစောဒေးဗစ်ထောသည် ဘားအံမြို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့သို့ အလည်လာရောက်စဉ် ကျန်းမာရေးမကောင်းသဖြင့် SSC ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီး လွန်ခဲ့သည့်နှစ်ရက်မှစ၍တပ်မတော်ခုတင်၁၀၀၀ ဆေးရုံသို့ ရွှေ့ပြောင်း၍ဆေးကုသမှု ခံယူနေခဲ့ရသည်။

ဦးစောဒေးဗစ်ထောအား သွေးသွင်း ကုသမှု ခံယူရန် အတွက် သရုပ်ဆောင် ဝေဠုကျော် နှင့် သွေးမေတ္တာ အဖွဲ့၊ Myanmar Egress မှ ကျောင်းသားကျောင်းသူ များ၊ ကရင် တိုင်းရင်းသားများ နှင့် သွေးအလှူရှင်များ မှ လာရောက် လှူဒါန်းရန် စာရင်းပေးသွင်းခဲ့ကြသည်

ref: The Voice Weekly

No comments:

Post a Comment