တူရကီနဲ့ အင်ဒိုကို အဝင်ခံပြီး အခြေနေတွေကို ပြတယ်။

အဓိကက လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေဟာ အမှန်မဟုတ်ပဲ လိမ်ညာ တာတွေပါ ဆိုတာကို ကမ္ဘာကို ပြတာပါပဲ။ တဆက်တည်း တိဘက်ကလည်း မွတ်ဆလင်မီဒီယာတွေ လိမ်ညာထားသုံးစွဲနေတဲ့ ပုံတွေဟာ တိဘတ်က ဓါတ်ပုံတွေဖြစ်တယ်၊ ဒါကို ဘာသာရေးလှုံ့ဆော်ချက် အနေနဲ့ တလွဲအသုံးပြုနေတာကို ကန့်ကွက်တယ်လို့ သဘောထားထုတ်ပြန်တယ် (ဒီအတွက်နဲ့ တိဘတ်တစ်ယောက်ကို မွတ်ဆလင်တွေက ဓါးနဲ့ထိုးသတ်တယ်ဆိုတဲ့ သတင်းတွေထွက်လာတယ်)။


အမေရိကန်နဲ့ အင်ဒိုနီးရှားကလည်း လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာ မဟုတ်ပါဘူးလို့ အတည်ပြု ထုတ်ပြန်တယ်။

ဒီလိုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာဟာ မွတ်ဆလင်မီဒီယာတွေရဲ့ လိမ်ညာလှည့်ဖျားဖန်တီးထားတာ သက်သက်ပဲလို့ ကမ္ဘာက သိလာတယ်။

အဲလိုဖြစ်လာတော့ အိုအိုင်စီက ခေါင်စီးပြောင်းပြီးအော်ပြန်တယ်၊ ဒီတစ်ခါအော်တာက မွတ်ဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ မဟုတ်တော့ဘူး။ ဘာတွေအော်လာသလဲဆို နိုင်ငံသားအဖြစ် အသိ အမှတ်ပြုဖို့၊ ကျန်တဲ့ မြန်မာတိုင်းရင်းသားတွေလိုမဟုတ်ပဲ ခရီးသွားခွင့်ကန့်သတ်ထားတာ၊ အိမ်ထောင်ပြုရေး မှာ ခွင့်ပြုချက်တောင်းရတာ၊ ဘာသာရေးအရ လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်ရေး စတဲ့စတဲ့ လူ့အခွင့်ရေးအချက်တွေနဲ့ ကုလသမဂ္ဂကြီးမှူးတဲ့ ကော်ရှင်တစ်ရပ်လို ဟာမျိုးက အဲဒီဒေသကို သွားပြီး ဝင်ရောက်စစ်ဆေးစွက်ဖက်ဖို့အထိ တောင်းဆိုလာတယ်။

ဒါနဲ့ပတ်သတ်ပြီး ကုလမှာ အိုအိုင်စီက တင်ပြဆွေးနွေးတော့မယ်တဲ့။ တခါ အာဆီယံမှာလည်း အင်ဒိုနဲ့ မလေးရှား ဦးဆောင်တဲ့အဖွဲ့က အာဆီယံက ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်ဖို့ တောင်းဆိုတယ်။

လူအခွင့်အရေးနဲ့ပတ်သတ်ပြီး ဝေဘန်ထောက်ပြတာတွေကို လက်ခံနိုင်ပါတယ်၊ တကမ္ဘာလုံးမှာ နိုင်ငံတိုင်း လိုလိုဟာ နည်းတာနဲ့များတာပဲကွာတယ် လူ့အခွင့်ရေးပတ်သတ်ပြီး အဝေဘန်ခံရတာချည်းပဲ။ ဒါပေမဲ့ ဒါကိုအကြောင်းပြပြီး ဝင်ရောက်စွက်ဖက်မှာတော့ အတော်ခံပြင်းစရာကောင်းတယ်။ အခု လူ့အ ခွင့်ရေးအော်နေ တဲ့ အဲဒီ အိုအိုင်စီအဖွဲ့ဝင် မွတ်ဆလင်နိုင်ငံတွေကရော လူ့အခွင့်ရေးမှာ ဘယ်လောက်တောင် မှတ်တမ်းကောင်းတွေရှိနေလို့လည်း ဆိုတာကလည်း ထောက်ပြစရာ။

နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းဟာ နိုင်ငံရဲ့ ဥပဒေနဲ့ဆိုင်တယ်၊ နိုင်ငံဥပဒေဆိုတာ နိုင်ငံသားအများ စုက ရေးဆွဲထားတဲ့ ဥပဒေပါ။ ၁၉၈၂ ဥပဒေကို ဆက်ပြီးလက်ခံနိုင် လက်မခံနိုင်ဆိုတာ မြန်မာနိုင်ငံသား အများစုက ဆုံးဖြတ်ရမှာပါ၊ ဘယ်အချက်က ထပ်ဖြည့်သင့်တယ် ဘယ်အချက်ကို ဖြုတ်ရမယ် ဆိုတာကလည်း မြန်မာနိုင်ငံသားအများစုနဲ့ပဲ ဆိုင်ပါတယ်။

ကုလသမဂ္ဂအခွံခြုံပြီး ဒီလိုလုပ်ပါ ဟိုအချက်ထည့်ပါ ဟိုအချက်ဖြုတ်ပါလို့ ပြောပိုင်ခွင့်မရှိဘူး။ ဥပမာ- အခုနာမည်ကြီးနေတဲ့ မလေးရှားက အင်တာနက်ဥပဒေသစ်ဟာ လူ့အခွင့်ရေးအမြင်နဲ့ဆို ဂရောင်းဇီးရိုးပဲ ဒါပေမဲ့ ဒီဥပဒေကို မပြဌါန်းနဲ့ ပြဌါန်းပါလို့ မလေးရှားနိုင်ငံသားမဟုတ်သူတွေက ဝင်ပြောလို့မရပါဘူး၊ ဒီလိုပဲ မလေးရှားမှာ ဘာသာပြောင်းရင် အစ္စလာမ်အဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက်ရဖို့လိုအပ်တယ်ဆိုတာဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုတဲ့ လူ့အခွင့်ရေးနဲ့ဆို လုံးဝဆန့်ကျင်ဘက်ပဲ ဒါပေမဲ့ မလေးရှားနိုင်ငံသား မဟုတ်သူတွေက ဒါကို လူ့အခွင့်ရေးအမြင်နဲ့ ပြောင်းလဲပေးပါလို့ စွက်ဖက်ခွင့်မရှိပါဘူး။ ဒီအတိုင်း ပဲ ဆော်ဒီအာရေးဗျမှာ ဘာသာခြားတွေအနေနဲ့ ရုပ်ထုကိုးကွယ် ပေးသင့်တယ် လို့ ဆော်ဒီအာရေး ဗျနိုင်ငံသားမဟုတ်သူက ဝင်ရောက်စွက်ဖက်တောင်းဆိုလို့မရပါဘူး။

မြန်မာပြည်မှာ မြန်မာလုပ်ဖို့ဆို မြန်မာလိုနေဖို့လိုပါတယ်။ ဒီနေရာမှာ ကိုးကွယ်ယုံကြည်မှုက အရေးမကြီးပါဘူး၊ အရေးကြီးတာက အများစုနဲ့ ပြဿနာမဖြစ်အောင် အများစုနဲ့ သင့်လျော်အာင် နေရမှာပဲ။

ဒီအတွက်နဲ့ပတ်သတ်ပြီး မွေးဖွားမှုနုန်းထားနဲ့ အိမ်ထောင်ရေးစနစ်မှာ အတော်လေး တသီးတခြားဖြစ်နေပြီး မိမိတို့လူ့အဖွဲ့စည်းကို အနာဂါတ်မှာ ခြိမ်းချောက်လာနိုင်လို့ ကျန်တဲ့အများစုက ထင်မြင်နေတဲ့ ဒီဘင်္ဂါ လီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရင်တောင် သူတို့ရဲ့ မွေးဖွားမှုနုန်း နဲ့ အိမ်ထောင်ရေးစနစ်ဟာ ကျန်တဲ့ တိုင်းရင်းသားမြန်မာတွေကို စိုးရိမ်စရာမဖြစ်စေဖို့ လိုအပ်တဲ့ ဥပဒေပြဌါန်းချက်တွေနဲ့ တားမြစ်တာတွေ ပိတ်ပင်တာတွေမျိုး ရှိနေရဦးမှာပဲ။ ဒါ ပြည်တွင်းရေး လိုအပ်ချက်ပါ။

ပြည်တွင်းရေးလိုအပ်ချက်အရ ဥပဒေပြဌါန်းသက်ဝင်လုပ်ဆောင်နေမှုကို ပြည်ပက ဝင်ရောက်စွက်ဖက်ရင် ဒါ တမင်အင်အားသုံး ကျူးကျော်တာပဲဖြစ်တယ်။ အင်အားဆိုတာ ရုပ်ပိုင်းဆိုင်ရာ စစ်အင်အား တစ်ခုတည်းမဟုတ်ပဲ သံခင်းတမန်ခင်း နဲ့ ငွေကြေးနဲ့ မီဒီယာနဲ့ ဖိအားပေးတာလည်းပါဝင်ပါတယ်။

အခု အိုအိုင်စီရဲ့ ခြေလှမ်းဟာ မြန်မာရဲ့ အင်အားချိနဲ့မှုကို အခွင့်ကောင်းယူပြီး တမင်သက်သက် အချုပ်အခြာအာဏာကို ကျူးကျော်တာပဲဖြစ်တယ်။

ဒီတော့ ဘာဖြစ်လာမလဲ၊ ဘာဖြစ်လာမလဲ မတွေးတတ်ပေမဲ့ ဖြစ်နိုင်တာက ဘောလုံးအသင်းလိုပဲ ဗေထိဆို မြန်မာရှုံးဦးမှာပဲ။ထိုင်းတောင်ပိုင်းနဲ့ အခု ကိစ္စကိုယှဉ်ကြည့်ရင် မြန်မာ့အင်အားချိနဲ့မှုဟာ အတော် သိသာပါတယ်။

ထိုင်းတောင်ပိုင်းဟာ တကယ်တော့ မလေးအနွယ် မွတ်ဆလင်ဘာသာဝင်တွေရဲ့ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်စူလတန်နဲ့ကိုယ် သီးခြားရပ်တည်ခဲ့တဲ့ ဒေသပါ။ ရှမ်း (Siam) ကိုရော မာလာယုကျွန်းဆွယ်ကို လွှမ်းမိုးထားတဲ့ ဗြိတိသျှကိုရော ပဏ္ဏာဆက်ပြီး နေလာရာကနေ ၁၈၉၀ ဘန်ကောက်မှာချုပ်ဆိုတဲ့ ရှမ်း နဲ့ ဗြိတိသျှ အရှေ့အင်ဒီးယား ကုမ္မဏီတို့ရဲ့ စာချုပ်အရ သူပိုင် ငါပိုင် ခွဲဝေရာမှာ အလိုလျှောက် ရှမ်း (ယခုထိုင်း) ပိုင်နက်ထဲ ရောက်သွားခြင်းခံရတဲ့ ဒေသပါ။

ဘာသာစကား စာပေနဲ့ ယဉ်ကျေးမှု မတူတဲ့ လူမျိုးတွေမို့ ထိုင်းတွေရဲ့ ဝင်ရောက်လာမှုကို ဆန့်ကျင်ရင်းနဲ့ ပဋိပက္ခတွေ ဖြစ်လာခဲ့တယ်၊ နောက်ဆုံး အခုထိုင်းတောင်ပိုင်း ပြဿနာဖြစ်လာတယ်ပေါ့။ သေသေ ချာချာ နောက်ကြောင်းပြန်လိုက်ရင် ထိုင်းတွေက ကျူးကျော်သူပဲ။

ဒါပေမဲ့ ထိုင်းတွေအနေနဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင်တို့ အိုအိုင်စီတို့ အာဆီယံတို့ရဲ့ ဝင်ရောက် စစ်ဆေးခွင့်ကို ဘယ်တုန်းကမှ လုံးဝလက်မခံဘူး၊ ဒီအတွက်လည်း ထိုင်းကို ဘယ်သူမှ ဖိအားမပေးနိုင်ဘူး၊ လက်ရှိ ထိုင်းနဲ့ အာရပ်တွေအပါဝင် မွတ်ဆလင်နိုင်ငံတွေရဲ့ ကုန်သွယ်မှုကလည်း ဖြူးဖြောင့်နေတာပဲ ကဲ။

အခုရခိုင်မြောက်ပိုင်းပြဿနာက ထိုင်းတောင်ပိုင်းနဲ့ပြောင်ပြန် လူနေမှုစနစ်မတူညီတဲ့ တိုင်းတစ်ပါး အမျိုးအနွယ် မဟာဒယားပေါက်ပွားမှုနုန်းနဲ့ လူအုပ်စုကြီးကို မိမိတိုရဲ့ မြေယာ ဓန ဥစ္စာထဲက ခွဲဝေမျှပေးနေရတဲ့အဖြစ်။

မြန်မာအစိုးရနဲ့ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ မြန်မာအများစုကြီးရဲ့ ခွဲခြားဖိနှိပ်အနိုင်ကျင့်မှုကြောင့် ဘင်္ဂါလီတွေဟာ ဆင်းရဲနွမ်းပါးပြီး အခြေနေမဲ့ ပမာဖြစ်နေရပါတယ်လို့ နိုင်ငံတကာမှာ လှည့်လည် ငိုပြနေကြပေမဲ့ တကယ်တော့ ဆင်းရဲမွဲတေမှုဟာ တစ်နိုင်ငံလုံးမှာ ဖြစ်နေခဲ့တာပါ၊ အတိတ်အစိုးရတွေရဲ့ ညံ့ဖျင်တဲ့ စီမံခန့်ခွဲမှုကြောင့် တစ်နိုင်ငံလုံးဆင်းရဲနေတာ။ ဒီဘင်္ဂလားလူလိမ်တွေရဲ့ ဒေသ တစ်ခုတည်း ကွက်ကွက်လေးမှ ငတ်မွတ်နေတာမဟုတ်ဘူး။

အဲဒီက လူတွေကမှ အခုဆို တနေ့ကိုအနည်းဆုံး တစ်ယောက်ကို ဆန်နို့ဆီဗှုး ၂လုံးရသေးတယ် ချင်းတောင်လို တောင်တန်းဒေသတွေ နယ်စပ်ဒေသတွေမှာဆို အချို့ဆို ကြွေးဥပြုတ်လေးတောင် နပ်မှန်အောင်မစားနိုင်ကြရဘူး၊ ဒီလိုပဲ မြန်မာပြည်အလယ်ပိုင်းက အချို့ဒေသတွေမှာဆို ပြာင်းဆန်ကြမ်းတို့ လူးတို့ ဆတ်တို့ကို နေ့စဉ်စား ထမင်းအဖြစ် စားနေရတဲ့ ရွာတွေမှအများကြီး။

ဘယ်လိုပဲဖြစ်ဖြစ် အတိတ်က ဆိုးဝါးခဲ့တဲ့ လူ့အခွင့်ရေးမှတ်တမ်းတွေရယ်၊ အသုံးမကျပဲ အားလုံးကို လက်ဝါးနဲ့အုပ်ပြီး ချုပ်ကိုင်ထားတဲ့ ပြန်ကြားရေးဌာနရယ်နဲ့ နိုင်ငံရဲ့ ပြိုလဲနေတဲ့ မိတ္တဗလကြောင့် ဒီပွဲမှာလည်း မြန်မာပဲ ရှုံးဦးမှာပဲလို့ ထင်တာပဲ။


ref:ko Aung Zin Latt's FB