Friday 17 August 2012

တရားမ၀င် ငွေတိုးချေးစားသူများ တိုင်ကြားမှုရှိက အရေးယူခံရမည်

ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် ၁၉၄၅ ခုနှစ်၊ငွေတိုးချထားသူများ အက်ဥပဒေ အရ တရားဝင် မှတ်ပုံတင်ခြင်းမပြုဘဲ တရားမ၀င်ငွေတိုးချစားသူအား ဖော်ထုတ် အရေးယူရန် နှင့် ဆင်ရဲသားများအားလိမ်လည် တရားစွဲဆိုခံရခြင်းကို ကာကွယ်ပေးမည့် အစီစဉ် ရှိ မရှိကို သာကေတမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးကမေးမြန်းရာ ပြည်ထောင်စုအဆင့်မှ ဘဏ္ဍာအခွန် ဒုဝန် ကြီး ဦးဝင်းရှိန်က တရားမ၀င်ငွေတိုးချေးစားသူများအား သက်ဆိုရာ နည်းဥဒေ အရ ထောင်ဒဏ်၊ငွေဒဏ်များ ချမှတ်ပေးလျက်ရှိပြီး ဖော်ထုတ်တိုင်ကြားလာပါကပည်သူလူထုအားကာကွယ်ပေးထားကြောင်း 
  ပြန်လည်ဖြေကြားခဲ့သည်။ 
 
ထို့ပြင် ဦးသိန်းဆွေ (အမ်းမဲဆန္ဒနယ်)၏ "ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းပြီးသည့် ဥပဒေများကို ယင်းဥပဒေနှင့် သတ်ဆိုင်သည် နည်း ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းသည် နိုင်ငံတော် သမ္မတလက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာပြီးနေ့မှ ရက်ပေါင်း ၉၀ သို့မဟုတ် လွှတ်တော်က သတ်မှတ်သည့် ရက် အတွင်းထုတ်ပြန်ပြီးဖြစ်ရန် သက်ဆိုင်ရာ ပြည် ထောင်စု အဆင့် အဖွဲ့အစည်းများသို့တိုက်တွန်းကြောင်း" အဆိုကိုကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီး လွှတ်တော်မှ အဆုံးအဖြတ်ရယူ မည်ဖြစ်သည်။
 
ref:popular

No comments:

Post a Comment