Friday 17 August 2012

ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လို



ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ထိုင်းနိုင်ငံရဲ့  အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။


ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း တို့နဲ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းဝန်ကြီးက မနေ့က ပြောပါတယ်။

မနေ့က ပြီးဆုံးခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ဆုံချိန်မှာ အမေရိ ကန်ပြည်ထောင်စု က သတ်မှတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုတဲ့ ကိစ္စတွေကို မြန်မာနိုင်ငံက စိုးရိမ်မကင်းဖြစ်ရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားပါတယ်။

Cobra Gold ဟာ ထိုင်းနဲ့အမေရိကန် နှစ်စဉ် လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်ခန်းဖြစ်ပြီး ဒီလေ့ကျင့်ခန်း ကို မြန်မာက လေ့လာလို့ရအောင် ကြားက မေတ္တာရပ်ခံပေးဖို့ မြန်မာစစ်ဘက် အာဏာပိုင်တွေ က ပြောတာဖြစ်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း အမေရိကန်စစ်တပ်ကို တင်ပြဖို့ ဆန္ဒရှိတယ် လို့ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် သတင်းအချက်အလက် ဖလှယ်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနာဘူရီ ခရိုင်တွေမှာ နယ်စပ်ဂိတ်သစ် သုံး ခု အမြဲတမ်း ဖွင့်လှစ်ထားနိုင်ရေးအတွက်လည်း မြန်မာဘက်က လက်ခံအောင်ကြိုးစားခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ref:myanmarhub

No comments:

Post a Comment