Friday 17 August 2012

ပထမဦးဆုံး အကြိမ် ပြည်မြို့  Barcamp ကျင်းပမည်

မြန်မာနိုင်ငံတွင် နည်းပညာ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်လျက် ရှိခဲ့ပြီး ပထမဦးဆုံး အကြိမ် အဖြစ် ပြည်မြို့ ၌ BarCamp ကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည် Barcamp ကျင်းပရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးက The Voice Weekly ကိုပြောသည်။


အဆိုပါ ပြည်မြို့  တွင် ကျင်းပ ပြုလုပ်မည့် Barcamp ကို သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက် နံနက် ၅နာရီမှ ၉နာရီအထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ ကျင်းပ ပြုလုပ်မည့် နေရာမှာ အမှတ် ၁ အခြေခံ ပညာ
အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ယင်း Barcamp ကို အိုင်တီနှင့် အကျွမ်းတဝင် မရှိသူများပါ တက်ရောက်နိုင်ကြောင်း www.barcamppyay.org တွင် ဖော်ပြ ပါရှိသည်။

တက်ရောက် လိုသူများ အနေဖြင့် www.barcamppyay.org Website တွင် မှတ်ပုံတင် ပြုလုပ်ပြီး လက်ဆောင် ပစ္စည်းများ ရယူနိုင်ကြောင်း၊ မှတ်ပုံမတင်လည်း တက်ရောက်၍ ရသော်လည်း Barcamp လက်ဆောင်များ ရမည် မဟုတ်ကြောင်း ပြည် Barcamp Website တွင်ဖော်ပြ ပါရှိသည်။
 
 
ref:thevoiceweekly

No comments:

Post a Comment