Friday 17 August 2012

NASA အဖွဲ့၏ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ငယ် Curiosity မှာ Anonymous ဟက်ကာအုပ်စု၏ ပစ် မှတ်ဖြစ်လာနိုင်

NASA အဖွဲ့၏ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ငယ် Curiosity မှာ Anonymous ဟက်ကာအုပ်စု၏ ပစ် မှတ်ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာသည်။ WikiLeaks ဝက်ဘ်ဆိုက် တည်ထောင်သူ Julian Assange အား ဖမ်းဆီးမှုကို ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် Visa ဝက်ဘ်ဆိုက်အပါအဝင် အမေရိကန် အစိုးရ ဝက်ဘ်ဆိုက်အများအပြားကို Anonymous က တိုက်ခိုက်ခဲ့သည်။

ယခုအခါ Julian Assange နှင့် ပတ်သက်၍ Anonymous က တိုက်ခိုက်လာနိုင်သည့် ပစ်မှတ်မှာ ပိုမိုကြီး ကျယ်လိမ့်မည်ဟု ခန့်မှန်းရသည်။ NASA နှင့် အင်္ဂါဂြိုဟ်ဆင်းယာဉ် Curiosity တို့ကြား ဆက်သွယ်မှုကို hack လုပ်ရန် အကူအညီတောင်းမှုများကို ခြေရာခံတွေ့ရှိရကြောင်း နယူးယော့ခ်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုက ပြောကြားသည်။

WikiLeaks တည်ထောင်သူ Julian Assange အား နိုင်ငံရေးခိုလှုံခွင့်ပြုကြောင်း အီကွေဒေါအစိုးရက ယနေ့ ထုတ်ပြန်ကြေညာသည်။ ပုံတွင် Curiosity က ပေးပို့သည့် အင်္ဂါဂြိုဟ်မျက်နှာပြင် ပုံရိပ်အား တွေ့ရသည်။
 
ref:planet

No comments:

Post a Comment