Friday 17 August 2012

အမေရိကန် ဈေးကွက်အတွင်း Samsung Glaxy Note 10.1 များ စတင်ဖြန့်ဖြူး

တောင်ကိုရီးယား အခြေစိုက် Samsung အီလက်ထရောနစ် ကုမ္ပဏီဟာ အသစ် ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း တက်ဘလက် ကွန်ပျူတာ အဖြစ်ပါအသုံးပြုနိုင်တဲ့ Samsung Glaxy Note 10.1 ကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ယမန်နေ့က စတင်ဖြန့်ဖြူး ရောင်းချခဲ့ပါတယ်။ အဆိုပါ Samsung Glaxy Note ကို ဥရောပနိုင်ငံတွေနဲ့ တောင်ကိုရီး ယား နိုင်ငံတို့မှာပါ ရောင်းချ သွားမှာဖြစ်ပြီး ဂျာမနီနဲ့ ယူအေအီးနိုင်ငံတို့မှာ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။


အဆိုပါ Glaxy Note 10.1 ဟာ အန်းဒရွိုက်ဆော့ဝဲ အခြေပြု စမတ်ဖုန်းတစ်ခုဖြစ်ပြီး Touch Screen မျက်နှာပြင်အရွယ်အစား ၁၀.၁ လက်မရှိပါတယ်။  စာရေးသားဖို့နဲ့ ပုံဆွဲဖို့အတွက် S pen တစ်ခု ပါရှိတဲ့အပြင် မျက်နှာပြင်ကို နှစ်ခြမ်းခွဲပြီး ပရိုဂရမ်နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါတယ်။  ဆမ်ဆောင်း ကုမ္ပဏီဟာ မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အဲပဲလ်ကုမ္ပဏီနဲ့ တရား ရင်ဆိုင်နေရတဲ့ ကြားကပဲ အခုလို ကုန်ပစ္စည်းသစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ စမတ်ဖုန်း ဈေးကွက်မှာ ဆမ်ဆောင်းက ဦးဆောင်နေပေမယ့် တက်ဘလက် ကွန်ပျူတာ ဈေးကွက်မှာတော့ ဈေးကွက်ရှယ်ယာ ၇၀ရာခိုင်နှုန်းနဲ့ အဲပဲလ်က အပြတ်အသတ် သာလွန်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment