Friday 17 August 2012

တိုက်ရိုက် တီဗွီ ထုတ်လွှင့်မှု ကို Apple တို့ မျက်စိကျနေ

တီထွင် ဆန်းသစ်မှုနှင့် ပတ်သက်ပြီး အမြဲတမ်း အားသွန်ခွန်စိုက် လုပ်ဆောင်နေသူ Apple ကုမ္ပဏီမှာ တိုက်ရိုက် ရုပ်သံ လွှင့်ထုတ်မှု ဈေးကွက်ကိုမျက်စိကျနေပြီ ဖြစ်ကြောင်း အသစ် ထွက်ပေါ်လာသည့် သတင်း တစ်ရပ်အရ သိရသည်။ ယင်းကုမ္ပဏီမှာ အမေရိကန်ရှိ ရုပ်သံလိုင်းများ ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများ နှင့်ဆွေးနွေးနေပြီး  set-top  box များ ရောင်းချခွင့် ပေးတော့မည် ဖြစ်ကြောင်းသိရသည်။


ယခု  set-top box များမှာ လက်ရှိ  သုံးစွဲနေသည့် အင်တာနက်တွင် ဗွီဒီယို ထုတ်လွှင့်နေသည့် tv box ပုံစံမျိုး ဖြစ်ကြောင်းလည်း သိရသည်။ ယခု set top box များတွင် တိုက်ရိုက် လွှင့်ထုတ်မည့် တီဗွီနှင့် အခြား အစီအစဉ်များကိုလည်း ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုလို ကိစ္စအတွက် မည်သည့် သဘောတူညီချက်ကိုမျှ ပြုလုပ်ထားသေးခြင်း မရှိသော်လည်း Apple အမှုဆောင်ချုပ် Tim Cook မှာ  ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Time Warner Cable မှ အမှုဆောင်ချုပ်နှင့် ယခင်လက တွေ့ဆုံခဲ့ပြီး အခြားသော ကုမ္ပဏီများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်နေခဲ့သည်ဟု Wall Street Journal သတင်းတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment