Friday 17 August 2012

မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ် ၇ လုံးအတွက် တင်ဒါခေါ်ယူမှုအား သြဂုတ် ၂၃ ရက်နေ့ထိ တိုးမြှင့်

သြဂုတ် ၁ ရက်စွဲဖြင့် တင်ဒါခေါ်ယူထားသည့် မြန်မာနိုင်ငံအတွင်းရှိဟိုတယ် ၇ လုံးအား ဈေးနှုန်း အများ ဆုံးဖြင့်အဆိုပြုထားသူ ၅ ဦးနှင့် မူလပိုင်ရှင်တစ်ဦးအပါအ၀င်စုစုပေါင်း ၆ ဦးတို့အနက် အများ ဆုံးပေးနိုင် သူကိုလေလံစနစ်ဖြင့်ပြိုင်ဆိုင်စေကာ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သြဂုတ် ၁၇ရက် ထုတ်နိုင်ငံ ပိုင် သတင်းစာများတွင်ဖော်ပြထားသည်။

တင်ဒါအတွက်အဆိုပြုလွှာများကို သြဂုတ် ၁ ရက်မှ ၁၅ ရက်အတွင်းလာရောက်တင်သွင်းရမည်ဆိုသော် လည်းအဆိုပြုသည့်လုပ်ငန်းရှင်အရေအတွက်နည်းပါးခြင်းနှင့် အဆိုပြုထားသည့်ဈေးနှုန်း အား ပြန် လည်ပြင် ဆင်သတ်မှတ်နိုင်ရေးအတွက် သြဂုတ် ၂၃ ရက်သို့ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန် ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါဟိုတယ် ၇ လုံးမှာ ကျိုက်ထီးရိုးစေတီအနီးရှိ ကျိုက်ထိုဟိုတယ်၊ ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Imperial Jade ဟိုတယ်၊ မိတ္ထီလာမြို့ နန်းတော်ကုန်းလမ်းရှိဝန်ဇင်းဟိုတယ်၊ ကလောမြို့ရှိကလောဟိုတယ်၊ ပင်းတယမြို့ရှိပင်းတယဟိုတယ်၊ ကွမ်းခြံကုန်းမြို့ရှိ လက်ခုပ်ကုန်းဟိုတယ်၊ ကော့သောင်းမြို့နယ် ရှိ ကော့သောင်း ဟိုတယ်တို့ဖြစ်ကြောင်းသိရသည်။
 
ref:7daynews

No comments:

Post a Comment