Tuesday, 12 January 2016

အကြမ်းဖက် တိုက်ခိုက်ရေးသမားများဖြစ်လာရန် မလေးရှားကလေးများကို ပြည်ပတွင် အိုင်အက်စ်က လေ့ကျင့်ပေးနေ

မလေးရှားကလေးငယ် ရှစ်ဦးကို အိုက်အက်စ် တိုက်ခိုက်ရေးသမားများဖြစ်လာရန် အိုင်အက်စ်တို့က လေ့ကျင့်ပေးလျက်ရှိကြောင်း ထောက်လှမ်းရေး အာဏာပိုင်များက ထုတ်ဖော်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဇန်န၀ါရီ ၁၂က ဖော်ပြခဲ့သည်။

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုက ရုရှကို အပြင်းအထန် ထိခိုက်နစ်နာစေဟု ပူတင် ၀န်ခံပြောကြား

ယူကရိန်းပြဿနာအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမှာ ရုရှကို ထိခိုက်နစ်နာစေသည်ဟု သမ္မတ ဗလာဒီမီယာ ပူတင်က ဇန်န၀ါရီ ၁၁ရက်နေ့က ဂျာမန်နေ့စဉ်သတင်းစာ Bild နှင့် အင်တာဗျူးတွင် ၀န်ခံပြောကြားသွားခဲ့သည်။

လိပ်ကျွန်းတွင် အသတ်ခံရသူ ဟန်နာ၏ အစ်မက ထိုင်းအာဏာပိုင်များ၏ ဆက်ဆံပုံများကို ဖွင့်ချ

ရဲရင့်သည့် လုပ်ဆောင်မှုတစ်ရပ်အဖြစ် လိပ်ကျွန်းတွင် အသတ်ခံရသူ ဗြိတိန်သူ ဟန်နာ၏ အစ်မ လော်ရာဝှစ်သာရိုက်က ထိုင်းအာဏာပိုင်များ၏ ကြောက်ဖွယ်ကောင်းသော ၎င်းတို့၏ မိသားစုအပေါ် ဆက်ဆံလိုက်ပုံများကို လူသိရှင်ကြား ဖွင့်ချလာသည်။ လော်ရာ၏ ဖွင့်ချလိုက်မှုက မီဒီယာများတွင် ပျံ့နှံ့နေသည်။ အမှုနှင့် ပတ်သက်ပြီး ကြုံတွေ့ခဲ့ရသည်များကို လော်ရာက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြလိုက်ခြင်းဖြင့် သောသောညံအောင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်မည်ဟု သြစတေးလျအဆိုတော် ကိတ် အာဘန် ကြွေးကြော်

လာမည့် ဇွန်လတွင် 'RipCORD World Tour 2016' အမည်ရှိ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း သြစတေးလျအဆိုတော် ကိတ်အာဘန်က ကြေညာလိုက်သည်။ 

ငြိမ်းချမ်းရေးစာချုပ်မချုပ်ပါက နောက်ထပ်နျူစမ်းသပ်မှုများ ဆက်လုပ်မည်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားသည် ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသတ်ရန် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်တစ်ခုချုပ်ဆိုရန် လိုလားနေပြီး စာချုပ်မချုပ်သရွေ့ နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားမှ တရုတ်သို့ သတင်းစကားယူဆောင်လာသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

စမတ်ဖုန်း သုံးစွဲသူ ၉၀% က ဒီရောဂါ ခံစားနေကြရတာ

၁၀ ယောက်မှာ ၉ ယောက်က သူတို့အိတ်ကပ်ထဲက မိုဘိုင်းလ်ဖုန်း vibrate ဖြစ်တယ်လို့ ထင်မှတ်မှားစေတဲ့ 'phantom vibration symdrome' ရောဂါ ခံစားကြတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်နှင့်ဗက်တီးရီးယားကို ဓါတ်ပြုစေပြီး ဟိုက်ဒရိုဂျင်အရည်ထုတ်လုပ်ရန် စမ်းသပ်အောင်မြင်

ဇီဝလောင်စာထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပါးစေရန်အထောက်အကူပြုမည့် ဗိုင်းရပ် ကိုယ်ထည်အတွင်း ဗက်တီးရီးယားအင်ဇိုင်းတစ်မျိုးကိုထည့်သွင်းကာ ဓါတ်ပြုစေပြီး ဟိုက်ဒရိုဂျင်အရည်ကို ထုတ်လုပ်နိုင်မည့် ရီအက်တာစနစ်ကို အမေရိကန်သုတေသီများက စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြောက်ဒဂုံတွင် မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် စေခိုင်းနေသော အလှပြင်ဆိုင်ကို ဝင်ဖမ်း

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၃၂) ရပ်ကွက် ပင်လုံလမ်းတွင် ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက အလှပြင်ဆိုင်ဗန်းပြကာ အနှိပ်ခန်းဖွင့်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေမှုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာအမျိုးသား အပါအဝင် ၁၀ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန် မြို့တော် မြို့နယ် ၂၀ကျော်တွင် သုံးရက်တာ သောက်သုံးရေ ပြတ်တောက်မည်

ရန်ကုန် မြို့တော်ရှိ မြို့နယ်ပေါင်း ၂၀ကျော်တွင် ဇန်နဝါရီ လ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တာ ကာလအတွင်းမှာ ရေပြတ်တောက်မှု၊ ရေအားလျော့နည်းမှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

Monday, 11 January 2016

သစ်တောပြုန်းတီးမှု ကာကွယ်ရန် စနစ်မကျသည့် သစ်ခုတ်လှဲစနစ် ဖျက်သိမ်းမည်

သစ်ထုတ်လုပ်ရာတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော ခုတ်လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့်စနစ် Modified Procedure ကို ယခုနှစ် သစ်ထုတ်ရာသီမှစ၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
သစ်တောများမှ တိုင်းပြည် ၀င်ငွေရှာဖွေခဲ့သည့် နှစ်များအ တွင်း သစ်မထုတ်လုပ်မီ သတ် မှတ်ဧရိယာရှိ ကန့်သတ်လုံးပတ် ပြည့်မီသော သစ်ပင်များ ရွေးချယ် ၍ တံဆိပ်ကပ် ပင်ထောင်ရိုက် သည့်စနစ်ကို ပယ်ဖျက်ကာ ခုတ် လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့် Modified Procedure စနစ်ကို ကျင့်သုံးခဲ့ သည်။

ပါရီရဲစခန်းကို တိုက်ခိုက်ရန် ကြိုးစားသူသည် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်နေ

ဓားဖြင့်ရမ်းကားသူကို နှိမ်နင်းပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ မိုင်းရှင်းပညာရှင် တစ်ဦး ချဉ်းကပ်စစ်ဆေးနေစဉ်။
ပါရီမြို့တော် အနီးတွင် ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးစားခဲ့သူသည် ဥရောပသို့ ခိုလှုံဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပါရီမြောက်ပိုင်း ရဲစခန်း တစ်ခုအနီးတွင် မြက်ခုတ်ဓား တစ်လက်နှင့် ဖောက်ခွဲရေး ကိရိယာ အတုတစ်ခုတို့ကို ကိုင်ဆောင် ရမ်းကားနေသည့် အမျိုးသား တစ်ဦးကို လုံခြုံရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့သည်။

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီကွယ်လွန်

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီသည် အသက် ၆၉ နှစ်အရွယ်၊ ဇန်နဝါရီ ၁၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


၎င်း၏ သားဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဒန်ကန်ဂျုံးစ်က ကင်ဆာရောဂါဖြင့် ဖခင်ကွယ်လွန်သွားကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့သည်။

“ဘိုဝီဟာ မိသားစုဝင်တွေ စုံစုံညီညီ ရှိနေချိန်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားပါတယ်။ သူဟာ ကင်ဆာရောဂါကို ၁၈ လကြာအောင် ရဲရဲရင့်ရင့် ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Saturday, 9 January 2016

ဟားခါး မိုးကြီးရေဘေးဒုက္ခသည်များအတွက် နေအိမ် ထက်ဝက်ပြီးစီး

ချင်းပြည်နယ်အတွင်း ၂၀၁၅ခုနှစ်အတွင်း မြေပြိုမှု ဖြစ်ပွားစဉ်။ (ဓာတ်ပုံ- MNA)
ချင်းပြည်နယ် ဟားခါးဒေသရှိ မိုးကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အိမ်ရာများအတွက် ပြန်လည်ဆောက်လုပ် ပေးလျက်ရှိရာ မူလမျှော်မှန်းချက်၏ ထက်ဝက်ဖြစ်သော အလုံးရေ ၂၀၀ ပြီးစီးသွားပြီဟု သိရသည်။

ထိုင်းနိုင်ငံ၌ ကလေးများနေ့ ကျင်းပရာပွဲလမ်းသဘင်တွင် ပွဲစင်ပြိုကျမှုဖြစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၉ ရက် ကလေးများနေ့ကျင်းပရာ ဆီယမ်ပါရာဂွန်ရှော့ပင်းစင်တာတွင် ပွဲစင်ပြိုကျမှုဖြစ်ခဲ့ပြီး ကလေးများအပါအဝင် လူ ခုနှစ်ဦး ဒဏ်ရာရခဲ့သည်။

သီရိလင်္ကာသမ္မတက မိမိအားလုပ်ကြံရန် စီစဉ်ခဲ့သူအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာသမ္မတ မစ်သရီပါလသီရိသေနက သမ္မတသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းအား လုပ်ကြံရန်စီစဉ်ခဲ့မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် တမီးလ်သူပုန်တစ်ဦးကို ဇန်န၀ါရီ ၉ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။

မင်္ဂလာဈေး ဒုတိယအကြိမ်မီးလောင်မှု တန်ဖိုးကျပ်သိန်းပေါင်း ၃၆၀၆၀၂ခန့် ဆုံးရှုံးဆိုင်ခန်းပေါင်း ၁၆၃၈ ခန်းလောင်ကျွမ်းခဲ့

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု ကို မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်နေသည့် မြင်ကွင်းများ - ဓာတ်ပုံ - ထားထားဝေ
မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေး ကြီး မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်း ပေါင်း ၁၆၃၈ ခန်းလောင် ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၆၀၂ ခန့်ဆုံးရှုံးခဲ့ရကြောင်း မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး သန်းဦးက ပြောသည်။

မင်္ဂလာဈေးမှ မီးလောင် ဆိုင်ခန်းများအတွက် ရွှေမင်္ဂလာဈေး အပေါ်ထပ်တွင် ယာယီနေရာ ပြန်ပေးမည်

ဇန်နဝါရီလ ၉ ရက်က နံနက် ပိုင်းက မီးလောင်ကျွမ်း မှုဖြစ် ပွားခဲ့ သည့် မင်္ဂလာဈေး မြင်ကွင်း နှင့် မီးလောင်ကျွမ်းနေစဉ် မီးသတ်တပ် ဖွဲ့ဝင်များ ငြိမ်း သတ်နေ မှု မြင်ကွင်းများ - ဓာတ်ပုံ - ၀င်းကျော်မင်း ၊ ထားထားဝေ
မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှ ဆိုင် ခန်းများအား ရွှေမင်္ဂလာဈေးအပေါ် ထပ်တွင် နေရာပြန် လည်ချထားပေး ရန်အတွက်စီစဉ်ထားကြောင်း မင်္ဂလာ ဈေးသာယာရေးမှ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအရေး နှစ်နိုင်ငံဆွေးနွေး

ထိုင်း-မြန်မာ နှစ်နိုင်ငံ လုပ်သား အရေး ဆွေးနွေးပွဲပြုလုပ်စဉ်
ပထမနေ့၌ ဘတ်ကတ်ကိုင်ဆောင်ထားသူများအတွက် CI ကတ်ထုတ်ပေးရေးအချက်ကို မူအားဖြင့် သဘောတူ
++++++++++++++++++++++++++++++++++++++++++++++
ထိုင်း-မြန်မာနှစ်နိုင်ငံလုပ်သားအရေးဆွေးနွေး ပွဲ ပထမနေ့၌ ထိုင်းနိုင်ငံအတွင်းယာ ယီနေထိုင်ခွင့်ကတ်(ဘတ်ကတ်) ကိုင် ဆောင်ထားသည့် မြန်မာလုပ်သား ငါးသိန်းဝန်းကျင်ခန့်အတွက် CI (မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်)ထုတ်ပေးရေး အချက် သာ မူအားဖြင့် သဘောတူညီမှုရရှိ ထားကြောင်း သိရသည်။

ညောင်ရမ်း မင်းသား၏ နောက်ဆုံး နေ့ရက်များနှင့် အခြားစာတမ်းများ

ယခုသီတင်းပတ်တွင်တော့ သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ်ကို မိတ်ဆက် ဖော်ပြလိုပါသည်။ ထိုစာအုပ်ကား သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း (ငြိမ်း) ရေးသားထားသော စာတမ်း၊ ဆောင်းပါးများကို စုစည်း ဖော်ပြထားခြင်း ဖြစ်ပြီး အကြောင်းအရာအစုံစုံ၊ အထူးသဖြင့် ကုန်းဘောင်ခေတ် ကာလ အခြေအနေများကို ဖတ်ရှုကြရမည် ဖြစ်သည်။

သင်ဟာ အိမ်ထောင်မပြုပဲ ကလေးမွေးစားဖို့ စဉ်းစားနေသူဆိုရင် မမွေးစားခင် ဒီအချက်လေးတွေ မဖြစ်မနေ သိထားဖို့လို

ခုခေတ်မှာ အမျိုးသမီးတော်တော်များများက အိမ်ထောင်မပြုချင်ဘူး၊ ကလေးတော့ လိုချင်တယ် ဆိုသဖြင့် သူတို့ခံစားချက်တွေ ဖွင့်ဟလာကြပါတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်ရာမှာ ရေရှည် ဒီလူနဲ့အတူ ကိုယ်လိုချင်တဲ့၊ သွားချင်တဲ့ ပန်းတိုင်ကို လျှောက်နိုင်ပါ့မလား၊ တစ်ယောက်နဲ့တစ်ယောက် နားလည်သည်းခံမှုတွေနဲ့အတူ ဘ၀ခရီးကို သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်ခဲ့သည်ရှိသော် ဒီကိစ္စမျိုးကို ဘယ်လိုကိုင်တွယ်မလဲ စတဲ့ အတွေးတွေက အိမ်ထောင်ပြုချင်စိတ်ကို လျှော့ချပစ်လိုက်ပေမယ့် မိန်းမသားတွေမှာ မွေးကတည်းက ပါလာတဲ့ မိခင်စိတ်ကြောင့် ကလေးတွေမြင်ရင် ကလေးလေးတစ်ယောက်လောက် လိုချင်တယ်။ မွေးချင်တယ်စတဲ့ ရောဂါကလည်း ရှိနေတတ်ကြပါတယ်။ တကယ်လို့များ သင်ဟာ လူ့ပတ်ဝန်းကျင်မှာ ကလေးအဖေမရှိပါပဲ ကလေးအမေတစ်ယောက်အဖြစ် ရပ်တည်တော့မယ်လို့ စဉ်းစားမိရင် ကလေးကို မမွေးစားခင် ဒီအချက်လေးတွေ အရင်စဉ်းစားစေချင်ပါတယ်။