Tuesday 12 January 2016

ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်မည်ဟု သြစတေးလျအဆိုတော် ကိတ် အာဘန် ကြွေးကြော်

လာမည့် ဇွန်လတွင် 'RipCORD World Tour 2016' အမည်ရှိ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း သြစတေးလျအဆိုတော် ကိတ်အာဘန်က ကြေညာလိုက်သည်။ 

အသက် ၄၈ နှစ်အရွယ် အဆိုတော်သည် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၁ တွင် ၄င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြုလုပ်မည်ဟု ပြောခဲ့ခြင်း ဖြစ်ပြီး ယခုပြု လုပ် မည့် ဖျော်ဖြေပွဲသည် သူအရင်က မလုပ်ဖူးသည့် အရာကဲ့ သို့ပင် ဖြစ်ကြောင်း ပြောသည်။

သူက “ကျွန်တော်ကြားဖူးတဲ့ ကမ္ဘာပေါ်က အကောင်းဆုံး ဖျော်ဖြေပွဲဖြစ်ပါ တယ်၊ ဒါဟာ ကျွန်တော်ရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်၊ ကြီးကြီးမားမားနဲ့ ပိုပြီး ရင်းရင်းနှီးနှီး အလုပ်တွေ ဘယ်လိုလုပ်မယ်ဆိုတဲ့ ဘယ်လိုချိတ်ဆက်မယ်ဆိုတာ အပေါ် ပိုအလုပ်လုပ်ဖို့ ကျွန်တော် အမြဲကြိုးစားနေရတာပါ။” ဟုပြောသည်။ 

ကိတ်က စိတ်လှုပ်ရှားဖွယ်ရလာဒ် များကို ပေါ်ထွက်လာစေရန် သူ၏ သီချင်းသစ်များနှင့်အတူ အကြိုက်နှစ်သက်ဆုံး သီချင်းဟောင်း အချို့ကို ပါ ပေါင်းစပ် ရန် ကြိုးစား လုပ်ဆောင်နေကြောင်း ပြောသည်။ 

သူက “ကျွန်တော်အရင်ကမလုပ်ဖူးတဲ့ အရင်ထက် ပိုမိုကွဲပြားခြားနားမယ့် ဂီတဖျော်ဖြေပွဲတစ်ခုမှာ အခြားအရာအချို့ကိုပါ ယူဆောင်ပေးချင်ပါတယ်၊ ပြီးတော့ နည်းလမ်းသစ်တွေနဲ့ အယ်လ်ဘမ်ဟောင်း တွေထဲက သီချင်းလေး နဲ့ ပစ္စည်းဟောင်းအချို့ကို ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမယ် ဆိုတာ စဉ်းစားနေပါတယ်” ဟုပြောသည်။

'RipCORD World Tour 2016' ကို ကန်းဆတ်စ်မြို့တွင် ဇွန် ၂၀ ၌ စတင်မည်ဖြစ်ပြီး နယူးယောက်မြို့၊ ဘရွတ်ကင်း၌ နိုဝင်ဘာ ၁၉ တွင် ပြီးဆုံးမည်။ ကျေးလက်ဂီတအဆိုတော် ဘရတ် အယ်ဒါအေ့ဂ်ျ နှင့် တက်သစ်စ အဆိုတော် မာရန် မိုရစ် ပါ ပူးပေါင်းပါဝင်မည်။ 

အဆိုပါ ကမ္ဘာလှည့် ဖျော်ဖြေပွဲပြုလုပ်မည့် ကြေညာချက်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သူ၏ ဖခင် ရောဘတ်သေဆုံးခဲ့ပြီး စိတ်ထိခိုက် ခံစားရခဲ့ပြီးသည့်နောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

သူ၏ ဖခင်သေဆုံးစဉ်က ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်စောင်တွင် ကိတ်က “စနေနေ့ညမှာ အဖေသေဆုံးခဲ့ရတဲ့အတွက် ကျွန်တော့်မိသားစု၊ ကျွန်တော်ကိုယ်တိုင်နဲ့ နစ်ကိုး (နစ်ကိုကစ်မန်း -ဇနီးဖြစ်သူ) တို့ကနေ အားပေးနေတဲ့ အရမ်းချစ်ခင်ရတဲ့ မြတ်နိုးမှုတွေကို ခံစားခဲ့ရပါတယ်၊ သူရဲ့ နာတာရှည် ကင်ဆာရောဂါဟာ အခုတော့ အဆုံးသတ်ခဲ့ပါပြီ၊ ပြီးတော့ နောက် ဆုံး သူ ငြိမ်းချမ်းသွားပါပြီ။” ဟု ပြောခဲ့သည်။

Ref:Bernama

No comments:

Post a Comment