Tuesday 12 January 2016

ဗိုင်းရပ်နှင့်ဗက်တီးရီးယားကို ဓါတ်ပြုစေပြီး ဟိုက်ဒရိုဂျင်အရည်ထုတ်လုပ်ရန် စမ်းသပ်အောင်မြင်

ဇီဝလောင်စာထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပါးစေရန်အထောက်အကူပြုမည့် ဗိုင်းရပ် ကိုယ်ထည်အတွင်း ဗက်တီးရီးယားအင်ဇိုင်းတစ်မျိုးကိုထည့်သွင်းကာ ဓါတ်ပြုစေပြီး ဟိုက်ဒရိုဂျင်အရည်ကို ထုတ်လုပ်နိုင်မည့် ရီအက်တာစနစ်ကို အမေရိကန်သုတေသီများက စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဟိုက်ဒရိုဂျင်အရည်ကို ဇီဝပစ္စည်းနဲ့ လုပ်ယူတဲ့ နည်းပညာပါ။ Capsid ဗိုင်းရပ်ရဲ့  ကိုယ်ထည်ထဲကို အထူးပြုလုပ်ထားတဲ့ အင်ဇိုင်းထည့်သွင်းလိုက်တဲ့အခါ သာမန်အင်ဇိုင်းကနေ ထုတ်လုပ်ပေးတဲ့ ဓါတ်ပြုနှုန်းထက် အဆပေါင်း ၁၅၀ ပိုတဲ့ အားကို ရပါတယ်။ ဗိုင်းရပ်ပိုးက ဗီဇတည်ဆောက်ရေးပစ္စည်းတွေကို ကိုယ်တိုင်လုပ်ယူ၊ ကိုယ်တိုင်ပေါင်းစပ်၊ ကိုယ်တိုင်ပွားများနိုင်တဲ့အစွမ်းကို ယူသုံးလိုက်တာပါပဲ။ အကျိုးဆက်အနေနဲ့ အင်ဇိုင်းကိုလည်း ဗိုင်းရပ်က အဆ မတန် ပွားများပေးလိုက်သော့ ဟိုက်ဒရိုဂျင်အရည်ကို လွယ်လွယ်၊ပေါပေါနဲ့ ဘေးကင်းစွာ ထုတ်လုပ်ရရှိနိုင်တာ ဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

Capsid ဗိုင်းရပ်ထဲကို မွေးမြူပေးမယ့် အင်ဇိုင်းဟာ P22-Hyd ဖြစ်ပါတယ်။ ဒီအင်ဇိုင်းကို Escherichia Coli ဗက်တီး ရီးယား ကနေ ရရှိတဲ့ HyaA နဲ့  hyaB ဗီဇနှစ်ခုကနေ ထုတ်ယူတာဖြစ်ပါတယ်။ အဲဒီအင်ဇိုင်းကို ဟိုက်ဒရိုဂျင်ထုတ် လုပ်နိုင်တဲ့အင်ဇိုင်း hydrogenase ဖြစ်အောင် ပြုပြင်ယူပါတယ်။ ပြီးတာနဲ့  အဲဒီ Capsid ဗိုင်းရပ်ထဲကို ထည့်သွင်းပြီး မွေးမြူလိုက်ခြင်း ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ဖော်ပြပါ အင်ဇိုင်းကို ဗိုင်းရပ်ကိုယ်ထည်ထဲသို့ ထည့်ပေးလိုက်သောအခါ ဗိုင်းရပ်က အလိုအလျောက် တုန့် ပြန် ပွားများပေးသည့်အတွက် ဟိုက်ဒရိုဂျင်အရည်ကို ရရှိလာခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဟိုက်ဒရိုဂျင်ကို စက်ပစ္စည်းဖြင့် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ဗိုင်းရပ်နှင့်ဗက်တီးရီးယားတို့ ကို ဓါတ်ပြုစေကာ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒီနည်းပညာနဲ့  ဟိုက်ဒရိုဂျင်အရည်ကို ပုံစံအမျိုးမျိုးနဲ့  ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ပလက်တီနမ်ကိုဓါတ်ပြု စေပြီးတော့လည်း ဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်ပါတယ်။ ဒီနည်းစနစ်ကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေပြီး ကုန်ကျမှုလည်း သက်သာစေမှာပါဟု သုတေသီများက ဆိုသည်။

ဖော်ပြပါတိုင်း ဟိုက်ဒရိုဂျင်အရည်ကို ဗိုင်းရပ်နှင့်ဗက်တီးရီးယားတို့ အား ဓါတ်ပြုစေပြီး ရရှိနိုင်ပြီဖြစ်သည့်အတွက် ဟိုက်ဒရိုဂျင်အရည်ကို တူးဖော်ရှာဖွေခြင်း၊ ရှုပ်ထွေးလှသော စက်ပစ္စည်းများတပ်ဆင်ခြင်းတို့ ကိုပြုလုပ်ရန် မလို တော့ဘဲ အဆင်ပြေလွယ်ကူစွာဖြင့် ရရှိနိုင်တော့မည်ဖြစ်သည့်အတွက် ကမ္ဘာ့လောင်စာလောကကိုပင် အသွင် ပြောင်းလဲစေနိုင်မည်ဟု ယူဆရကြောင်း သုတေသီများက သုံးသပ်ပြသည်။

Lashio News Diary

No comments:

Post a Comment