Tuesday, 8 December 2015

ရခိုင်ပြည်နယ်မြို့လေးမြို့တွင် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးမည်

မြန်မာနိုင်ငံတွင်ဒုတိ ယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်မှ ဆင်းရဲနွမ်းပါးသူ ဒေသခံများအား ရွှေပါရမီကျန်းမာ ရေးဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးမည်ဟု သိရသည်။
‘‘ရွှေပါရမီတောရ ဆရာ တော်အရှင်ဆန္ဒာဓိကရဲ့ လမ်းညွှန်ချက်နဲ့ ရခိုင်ပြည်နယ်မှာ ပထ မဆုံးအခမဲ့ဆေးကုသဖို့ လာ ရောက်ရတာဖြစ်ပါတယ်။ ရှေ့ ပြေးအနေနဲ့ မြောက်ဦး၊ ကျောက် တော်၊ စစ်တွေကဒေသခံတွေကို စာရင်းလာကောက်တဲ့အနေနဲ့ မျက်စိဝေဒနာရှင်တွေကို စမ်းသပ် ပေးတာ၊ မျက်မှန်ပေးတာတွေ ဆောင်ရွက်နေပါတယ်’’ဟု မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အမေရိကန် ရေတပ်၏ အကြီးဆုံး ကိုယ်ပျောက်ဖျက်သင်္ဘော နောက်ဆုံးအဆင့် စမ်းသပ်ခုတ်မောင်းမှု စတင်

အမေရိကန် ရေတပ်သမိုင်းတွင် တည်ဆောက်ဖူးသမျှ အကြီးဆုံးသော ကိုယ်ပျောက် (ရေဒါဖြင့် မဖမ်းယူနိုင်သော) ဖျက်သင်္ဘောကြီးကို နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်နေပြီဟု သိရသည်။
မိန်းရှိ Bath Iron Works သင်္ဘောကျင်းမှ ဒီဇင်ဘာ ၇ ရက်တွင် USS Zumwalt စတင်ထွက်ခွာပြီး ရေတပ်တွင် တာဝန်မထမ်းဆောင်မီ နောက်ဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ခုတ်မောင်း စမ်းသပ်မှု ပြုလုပ်သွားမည်ဟု ရေတပ်က ကြေညာခဲ့သည်။
USS Zumwaltသည် ပြင်းပြင်းထန်ထန် လေတိုက်ခတ်နေသည့် ကန်နီဘက် မြစ်ကြောင်းအတိုင်း ခုတ်မောင်းကာ ပင်လယ်ပြင်သို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ သင်္ဘောသားများ၊ သင်္ဘောကျင်း လုပ်သားများနှင့် ဒေသခံများ ရာနှင့်ချီ စုရုံးကာ ဒီဇိုင်းပုံစံ ထူးခြားသည့် ခေတ်မီစစ်သင်္ဘောကြီး ထွက်ခွာသွားမှုကို စောင့်ကြည့်ခဲ့ကြသည်။

လစ်ဗျားတွင် လူနှစ်ဦးကို မှော်ဆရာများဟု စွပ်စွဲပြီး အိုင်အက်စ် ခေါင်းဖြတ်ကွပ်မျက်

မှော်ဆရာများဖြစ်ကြောင်း စွပ်စွဲချက်ဖြင့် လူနှစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လူအများရှေ့မှောက်တွင် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။အိုင်အက်စ်တို့ ထုတ်ဖော် ပြသလိုက်သည့် စက်ဆုပ်ဖွယ် ဗီဒီယို တစ်ခုတွင် လစ်ဗျားနိုင်ငံ၊ ထရီပိုလီ မြို့လယ် တစ်နေရာ၌ ယခုလို ရက်စက်ကြမ်းကြုတ်မှု တစ်ခုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်း ဖြစ်သည်။ အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူထားသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် လစ်ဗျားတွင်လည်း တစ်စတစ်စ ဩဇာပျံ့နှံ့ သက်ရောက်လာသည်။

ဆီးရီးယားစစ်တပ်ကို မှားယွင်းဗုံးကြဲကြောင်း သတင်းများကို အမေရိကန် ငြင်းဆို

ဆီးရီးယားစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် အမေရိကန် တိုက်လေယာဉ်တစ်စီး။
မိမိတို့ မဟာမိတ်လေတပ်က ဆီးရီးယားစစ်စခန်းတစ်ခုကို မှားယွင်း ဗုံးကြဲမိကြောင်းသတင်းများကို အမေရိကန်အစိုးရက ငြင်းဆိုလိုက်သည်။
ဆီးရီးယားအစိုးရက အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)တို့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်လေတပ်က မိမိတို့၏စစ်စခန်းတစ်ခုကို မှားယွင်းဗုံးကြဲခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာခဲ့သည်။
နိုင်ငံ အရှေ့ပိုင်းရှိ ဒီယာအယ်လ်ဇောဒေသတွင် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ယခုလို မှားယွင်းတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဟု ဆီးရီးယားအစိုးရက စွပ်စွဲခဲ့သော်လည်း ဝါရှင်တန်ဖက်ကမူ ယင်းသတင်းဖော်ပြချက်များသည် အမှားသက်သက်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ ရေသန့်လုပ်ငန်း ၁၃ ခုကို ပိတ်သိမ်း

သောက်သုံးရန်မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရန်ကုန်မြို့ရှိ ရေသန့်ကုမ္ပဏီ ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန (FDA) ဦးဆောင်သည့် စားသောက်ကုန် လုံခြုံရေးကွန် ရက်သည် ရန်ကုန်မြို့တွင် မှတ်ပုံ တင်ထားခြင်းမရှိဘဲ သောက်သုံး ရန်မသင့်သော ရေသန့်လုပ်ငန်း ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းရန် မြို့တော်စည်ပင်နှင့် ပူးပေါင်း၍ အ ရေးယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ရက်မှ ရန်ကုန် မြို့ရှိ မြို့နယ်အချို့ကို ကျပန်းစစ် ဆေးခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်ရှိ ပစ်တိုင်းထောင်၊ MT ၊ နှင်း ပန်း၊ လမင်းစံ၊ မင်းမင်း၊ သီတာ ဇော်စသည့် ရေသန့်လုပ်ငန်းများ နှင့် တောင်ဒဂုံမြို့နယ်ရှိ Boon ၊ ရွှေငါး၊ မြမြင့်မိုရ်၊ Geo Aqua ၊ အောင်သန်းထိုက်၊ မိုးကြယ်၊ Y2K စသည့် ရေသန့်လုပ်ငန်းများကို ပိတ်သိမ်းအရေးယူခဲ့သည်။

မြန်မာနိုင်ငံကနေ တရုတ်ကိုဖယ်ရှားနေတဲ့ အမေရိကန်

ရခိုင်ပြည်နယ် မဒေးကျွန်းရှိ တရုတ်ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ ဂိုဒေါင်များ(ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ)
တရုတ်နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာတွင်လူရာဝင့်ဆံ့လာလေ တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးက ပိုပြီးတင်းမာလာလေဖြစ် ပါသည်။ တရုတ်ခေါင်းဆောင် ပိုင်းအများစုက နိုင်ငံတကာတွင်သူတို့၏စစ်မှန်သော သြဇာလွှမ်းမိုးမှုကို ပြန်လည်ရယူရန်ဆုံးဖြတ် လိုက်သည့်အချိန်တွင် အမေရိကန် အစိုးရခေါင်းဆောင် အများစုက လည်း သူတို့၏လွှမ်းမိုးထားသည့်အနေအထားကို မပေးလိုသည့် သဘောရှိသည်။

ဈေးမတည်ငြိမ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးနေရကြောင်း ကြက်သွန်စိုက် တောင်သူများပြောကြား

အောင်လံနှင့် သရက်မြို့နယ်တို့တွင် ဆောင်းကြက်သွန်များ စတင် ရေသွင်းစိုက်ပျိုး နေသော်လည်း ဈေးမတည်ငြိမ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးနေရကြောင်း ကြက်သွန်စိုက် တောင်သူများကပြောသည်။‘‘အခုဖြစ်နေတဲ့ဈေးကြောင့် ကြက်သွန်စိုက်သူတိုးလာတယ်။ နဂိုစိုက်သူတွေကလည်း တိုးစိုက် ကြတယ်။ ဒါပေမဲ့ ကိုယ့်ကြက်သွန်ပေါ်ချိန်ကျတော့ဈေးကပြုတ် ပြုတ်ကျနေတာများတယ်။ အခုသာ ဈေးကောင်းတာ။ ပေါ်ချိန်ကျဈေး အဆမတန်ကျသွားမှာ စိုးရိမ်တယ်လေ။ တထိတ်ထိတ်နဲ့ စိုက်နေရတာပဲ’’ ဟု ရွှေညောင်ပင် ကျေးရွာမှ ကုန်းကြက်သွန်စိုက်တောင်သူ ကိုလှိုင်ကျော်မြင့်က ပြောသည်။

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းများ မြန်မာကျပ်ငွေဖြင့် ရောင်းမည်

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ကျောက်မျက်ရိုင်းနှင့်ကျောက်စိမ်းအသားကျောက်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်သည်။
အဆိုပါ အရောင်းပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲ ပေါင်းခြောက်ထောင်ကျော် ပါဝင် ပြသရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကော်မတီမှ စီမံရေးရာ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော ကြားသည်။‘‘အခု ဒီပွဲကတော့ ပြည်တွင်းကိုပဲ ရောင်းတဲ့ပွဲပါ။ စစ်ကိုင်းတို့၊ မန္တလေးတို့ဘက်မှာ အချောထည် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ တစ် နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးတွေ ကို ကုန်ကြမ်းရောင်းပေးတဲ့ပွဲ လည်း ဖြစ်တယ်’’ဟု ဦးသန်းဇော် ဦးက ပြောသည်။ပြပွဲအတွင်း ပြသရောင်းချ မည့် ကျောက်မျက်အရိုင်းအနေ ဖြင့် ကြမ်းခင်းဈေး အနည်းဆုံး သုံးသိန်းသတ်မှတ်ရောင်းချခွင့်ပြု ထားပြီး ကျောက်စိမ်း အသား ကျောက်များအနေဖြင့် မြန်မာ ကျပ်ငွေ အနည်းဆုံး ၁၀ သိန်း သတ်မှတ်ရောင်းချနိုင်ကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီအ၀င်များလာ၍ ကျပ်တစ်ထောင်ခန့် ဈေးကျ

ဘုရင့်နောင်ကုန်စည်ဒိုင် သို့ ကြက်သွန်နီအ၀င်များသော ကြောင့် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ်တစ်ထောင်ခန့်ဈေးကျ လာပြီး ထပ်မံ ကျဆင်းလာနိုင် ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၇ ရက်တွင် ဘုရင့် နောင်ကုန်စည်ဒိုင်သို့ ပြည်တွင်း ကြက်သွန်နီအသစ်နှင့် တရုတ် ကြက်သွန်နီကား အစီးရေ ၃၀ ခန့် ၀င်ရောက်လာကြောင်း အောင်ရတနာကြက်သွန်နီပွဲရုံမှ ဦးစိန်ဝင်းက ပြောသည်။
ကြက်သွန်နီဈေး မြင့်တက် စဉ်က ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီတင် ကား ၁၅ စီးခန့်သာအ၀င်ရှိခဲ့သည်။ ယခင်က ဘုရင့်နောင်ကုန်စည်ဒိုင် သို့ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ကားအစီးရေ ၃၀ မှ ၄၀အထိ အ၀င်ရှိခဲ့သည်။

ပြပွဲတွင် ရောင်းချသော ကျောက်စိမ်းတွဲများကို အခွန်ပုံမှန်ကောက်ခံကြောင်း တာဝန်ရှိသူပြော

ကျောက်မျက်ရတနာပြ ပွဲများတွင်ရောင်းချသည့် ကျောက် စိမ်းတွဲများကို အစိုးရက အခွန်ကောက်ခံကြောင်း ဒီဇင်ဘာ ၁၂ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ပြောကြားခဲ့သည်။
စစ်ဗိုလ်ချုပ်ဟောင်းကြီးများ က နောက်ကွယ်က ကြိုးကိုင်၍ထိန်းချုပ်နေသော ကုမ္ပဏီများ သည် နိုင်ငံတော်ကို အခွန်မ ဆောင်ဘဲ ကျောက်စိမ်းများ ရောင်းချခဲ့သည်ဟု ဖော်ပြခဲ့သော Global Witness အစီရင်ခံစာနှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Monday, 7 December 2015

အစိုးရသစ်တွင် အခြားပါတီမှ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမည်ဟု ဦးဝင်းထိန် ပြော

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမည့် အခြားပါတီမှ ပုဂ္ဂိုလ်များအား ထည့်သွင်းဖို့စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။

အိုင်အက်စ်တို့ကို တိုက်ရာတွင် ခြေလျင်တပ်များ လုံးဝ စေလွှတ်မည်မဟုတ်ဟု NATO ပြောကြား

NATO အထွေထွေ အတွင်းရေးမှူး ယန်စ် စတိုလန်ဘက်
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ဆီးရီးယားသို့ ခြေလျင်တပ်များ စေလွှတ်ရန် လုံးဝ အစီအစဉ်မရှိကြောင်း NATO မဟာမိတ် တပ်ဖွဲ့က ငြင်းချက်ထုတ်သွားခဲ့သည်။

စင်ကာပူ Sembcorp ၏ လက်အောက်ခံကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် လျှပ်စစ်စက်ရုံတည်ဆောက်မည်

ပုံ (ဝေလင်းကျော်) - ကျောက်ဆည် လျှပ်စစ်ဓါတ်အားပေးစက်ရုံတခု အား တွေ့ရစဉ်
စင်ကာပူ Sembcorp ၏ လက်အောက်ခံကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဓါတ်ငွေ့စွမ်းအင်သုံး လျှပ်စစ်စက်ရုံတခု တည်ဆောက်ရန် လျှပ်စစ်စီမံကိန်းဦးစီးဌာနနှင့်သဘောတူညီမှုစာချွန်လွှာ (MoA) ကို ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ Sembcorp က အဆိုပါ စက်ရုံ တည်ဆောက်လုပ်ကိုင်ခွင့်ကို လွန်ခဲ့သောဧပြီလက ရရှိခဲ့ခြင်းဖြစ်ပြီး စက်ရုံကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဆီးရီးယား တိုက်ပွဲများတွင် မပါဝင်ပဲ မတူညီသည့် မဟာဗျူဟာ ချမှတ်ရန်လိုဟု အီတလီပြော

ဆီးရီးယားရှိ အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်များကို တိုက်ခိုက်နေသော အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်လိုခြင်းမရှိသေးဟု အီတလီဝန်ကြီးချုပ် မက်တီအို ရန်ဇီက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

စပိန်ဆန့်ကျင်သူများက မက်ဒရစ်တွင် ဘုရင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

ဘုရင်စနစ် ဖျက်သိမ်းရေး လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာနေချိန်တွင် ဘုရင်စနစ်ကို အဆုံးသတ်ရန် တောင်းဆိုနေကြသည့် ဆန့်ကျင်သူများက စပိန်မြို့တော် မက်ဒရစ်၏ လမ်းများပေါ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဒီဇင်ဘာ နှစ်ဆယ်ရက်နေ့မှာ ပြုလုပ်မဲ့ ပန်းလှိုင်စီလုံဆေးရုံ ဆယ်နှစ်ပြည့် မိခင်နှင့် ကလေးများနေ့

ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်သူ၊ ပြည်သားများကို ပုဂလိက ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် နိုင်ငံတကာ အဆင့်မီကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးနိုင်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်ဖြင့် ပန်းလှိုင်စီလုံအပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးကို ၂၀၀၅ ခုနှစ်၊ မေလ ( ၂၉ ) ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပန်းလှိုင်ဆေးရုံသည် မြန်မာနိုင်ငံဧ။် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင် ပထမဦးဆုံး IOS 9001-2008 နှင့် IOS 14001 – 2008 လက်မှတ်ရရှိခဲ့သော ဆေးရုံဖြစ်သည်။

သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သည် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀ နာရီခန့် တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးတွင် တွေ့ ဆုံနေကြသည်။

အိန္ဒိယနိုင်ငံမှ လက်နက်ကိုင်အချို့ မြန်မာနိုင်ငံတွင်း ဥပဒေမဲ့ဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့

အိန္ဒိယနိုင်ငံ၊ ချန်ဒရယ်ပြည်နယ်တွင်းမှ ကူကီးလက်နက်ကိုင် အဖွဲ့ဝင်အချို့သည် ဒီဇင်ဘာ၎ ရက်နေ့ နံနက် ၁၀း၀၀ နာရီခန့်က မြန်မာနိုင်ငံ၊ တမူးခရိုင်အတွင်း ဝင်ရောက်ကာ မြန်မာနိုင်ငံသား ခရီးသွား ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံတကာရွှေဈေးနှုန်းပြန်လည် မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ်တစ်သောင်းကျော် လိုက်ပါမြင့်တက်

ဈေးကွက်အတွင်းရောင်းချနေသည့် လက်ဝတ်ရတနာ များအား တွေ့ရစဉ် Photo: DT
နိုင်ငံတကာ ရွှေဈေးနှုန်း ပြန်လည်မြင့် တက်မှု ကြောင့် ပြည်တွင်းရွှေဈေးနှုန်းကျပ် တစ်သောင်းကျော်ပြန်လည်မြင့် တက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေလုပ်ငန်းရှင်များအသိုင်း အဝိုင်းမှသိရသည်။ ယခင် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေး ကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၅၀ ဝန်းကျင် မှ ယခုဒီဇင်ဘာလပထမပတ်တွင် အမေရိကန် ဒေါ်လာ ၁၀၈၆ နီးပါး သို့မြင့်တက်ခဲ့ကြောင်း သိရသည်။

သမ္မတ အိုဘားမား မိန့်ခွန်း

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က တနင်္ဂနွေနေ့ ည ၈ နာရီမှာ Oval ရုံးခန်းကနေ အမေရိကန်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။