Tuesday 8 December 2015

ရန်ကုန်မြို့ရှိ ရေသန့်လုပ်ငန်း ၁၃ ခုကို ပိတ်သိမ်း

သောက်သုံးရန်မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရန်ကုန်မြို့ရှိ ရေသန့်ကုမ္ပဏီ ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန (FDA) ဦးဆောင်သည့် စားသောက်ကုန် လုံခြုံရေးကွန် ရက်သည် ရန်ကုန်မြို့တွင် မှတ်ပုံ တင်ထားခြင်းမရှိဘဲ သောက်သုံး ရန်မသင့်သော ရေသန့်လုပ်ငန်း ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းရန် မြို့တော်စည်ပင်နှင့် ပူးပေါင်း၍ အ ရေးယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ရက်မှ ရန်ကုန် မြို့ရှိ မြို့နယ်အချို့ကို ကျပန်းစစ် ဆေးခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်ရှိ ပစ်တိုင်းထောင်၊ MT ၊ နှင်း ပန်း၊ လမင်းစံ၊ မင်းမင်း၊ သီတာ ဇော်စသည့် ရေသန့်လုပ်ငန်းများ နှင့် တောင်ဒဂုံမြို့နယ်ရှိ Boon ၊ ရွှေငါး၊ မြမြင့်မိုရ်၊ Geo Aqua ၊ အောင်သန်းထိုက်၊ မိုးကြယ်၊ Y2K စသည့် ရေသန့်လုပ်ငန်းများကို ပိတ်သိမ်းအရေးယူခဲ့သည်။
လက်ရှိတွင် လူအင်အားအ ခက်အခဲကြောင့် မြို့နယ်အနည်း ငယ်သာစစ်ဆေးနိုင်ပြီး ထပ်မံ၍ ရန်ကုန်တစ်မြို့လုံးအတိုင်းအတာဖြင့် စစ်ဆေးပြီး ထုတ်ပြန်ရန်ရှိကြောင်း FDA ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဇင်ဇင်နွယ်က ပြောသည်။

‘‘တချို့ရေသန့်ထုတ်တဲ့ လုပ် ငန်းတွေက အိမ်လုပ်ငန်းလိုပုံစံမျိုး ထုတ်လုပ်ကြပြီး သောက်သုံးဖို့ မသင့်ဘဲ ရောဂါပိုးပါဝင်ဖို့ အခွင့် အလမ်းတွေများပါတယ်။ မြို့နယ် နည်းနည်းကို ကျပန်းစစ်တာ တောင် ဒီအရေအတွက်ရတာ တော်တော်များတယ်လို့ ဆိုနိုင်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘မြန်မြန်နဲ့ များများစစ်ဆေး စေချင်ပါတယ်။ ရေသန့်ဆိုတာနေ့တိုင်းသောက်နေရပြီး အလွယ်တ ကူဝယ်သောက်ရတဲ့ဟာမျိုးဖြစ် နေတယ်။ မြို့နယ်လေးတွေမှာ ရေသန့်ပုံးကြီးတွေလှည်းနဲ့ တွန်း ရောင်းတာမျိုးတော်တော်လုပ်နေ ကြတယ်။ တကယ်ရေသန့်လား၊ မသန့်လားတော့ ဘယ်သူမှ မသိ ဘူးလေ’’ဟု တောင်ဒဂုံမြို့နယ် စက်မှုလမ်းနေ ကျောင်းဆရာမ ဒေါ်ဝေလွင်ခင်က ပြောသည်။

FDA က အမျိုးသားအဆင့် ကွန်ရက်အနေဖြင့် မြို့ကြီးများရှိ ရေသန့်များကို ပြီးခဲ့သည့် နိုဝင် ဘာ ၃ ရက်တွင် စတင်စစ်ဆေးခဲ့ ပြီး လက်ရှိ၌ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ သောက်သုံးရန် မသင့်သည့် ရေသန့်လုပ်ငန်းများကို ကြေညာခဲ့ပြီးဖြစ်သည်။ နောက်ပိုင်းတွင်လည်း တစ်နိုင်ငံလုံးရှိ ရေသန့်များကို ထပ်မံစစ်ဆေးကာထုတ်ပြန်ပေးမည်ဖြစ်ကြောင်း နေပြည်တော်ရှိ FDA စီမံဌာနခွဲမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း မှတ်ပုံတင်ထားသည့် ရေ သန့်လုပ်ငန်းပေါင်း ၅၀၀ ကျော်ရှိ ပြီး မှတ်ပုံမတင်ထားသည့် ရေသန့်လုပ်ငန်းများလည်းရှိကြောင်း FDAစာရင်းများအရ သိရသည်။
7 day

No comments:

Post a Comment