Tuesday, 17 February 2015

ရန်ကုန်တွင် ပညာရေးသပိတ် ထောက်ခံလှုပ်ရှားမှု ဦးဆောင်သူများကို အရေးယူရန် စီစဉ်

ဖေဖော်ဝါရီ ၁၅ ရက် တွင် ရန်ကုန်မြို့သို့ ချီတက်လာသည့် အမျိုးသားပညာရေး ဥပဒေ အပေါ်သပိတ်မှောက်သည့် ကျောင်း သားများအား ထောက်ခံ ဆန္ဒထုတ် ဖော်သည့် လူထုလှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်သူများကို စီတန်းလှည့်လည်ခွင့်ဥပဒေဖြင့် အရေးယူရန် စာတင်ထားကြောင်း သတင်းရရှိသည်။
လမ်းလျှောက်ပွဲတွင် ပါဝင် သူများကို သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများ လာရောက်တား ဆီးခြင်းမပြုသော်လည်း စခန်းမှူး များက လာရောက်မေးမြန်းမှုများ ရှိသည်ဟု လမ်းလျှောက်ပွဲတွင် ပါဝင်သူအချို့က ဆိုသည်။

‘‘လက်ရှိတော့ သူတို့ကို စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ နဲ့ အရေးယူဖို့အတွက် မြို့နယ် အလိုက် စာတင်ထားပါတယ်။ အခုချိန်ထိ တရားစွဲဆိုဖို့တော့ ဘာမှ မပြောသေးပါဘူး။ တရားစွဲမယ်ဆိုရင်တော့ ဦးဆောင်သူတွေကိုပဲ တရားစွဲဆိုသွားမှာပါ’’ ဟု အဆိုပါမြို့နယ်များမှ စခန်းမှူး အချို့က ပြောသည်။
ကျောင်းသားသပိတ်ထောက်ခံသူများသည် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် လူအင်အား ၆၀ ကျော်မှ ၁,၀၀၀ ခန့်အထိ စုပေါင်းကာ ထောက်ခံပွဲကျင်းပခဲ့ကြောင်း သိရသည်။

အမြန်လမ်းဘေးရပ်ထားသည့် ခရီးသည်တင်ယာဉ်ကို လေးခွဖြင့်ပစ်သူ ဖမ်းမိ

ရန်ကုန်-မန္တလေးအမြန် လမ်းမ မိုင်တိုင်အမှတ် (၁၅၈) တွင် လမ်းဘေးချရပ်ထားသည့် မှန်လုံယာဉ်ကို လေးခွဖြင့်ပစ်သူ အား ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ဝေ ဖြိုးအောင်ခရီးသည်တင်မှန်လုံ ယာဉ်သည် လမ်းဘေးချရပ်နား စဉ် ကားဘေးတွင်ရပ်နေသည့် လူငယ်သုံးဦးအနက် တစ်ဦးကလေးခွဖြင့်ပစ်ခတ်ပြီး ချုံတောထဲသို့ ဝင်ပြေးသွားခဲ့သည့်အတွက် ယာဉ်မောင်းက ရေတာရှည်မြို့နယ် စမိုး ကင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ဇီးပင်သာစခန်းက အဖွဲ့ တွေနဲ့ စမိုးကင်းစခန်းက အဖွဲ့ တွေပေါင်းပြီးဖမ်းတာပါ။ တရား ခံကို စုံစမ်းကြည့်တော့ ရေတာ ရှည်မြို့နယ် ကရင်ချောင်းကျေး ရွာက အောင်ထွန်းဝင်းဆိုတာသိ တော့ ဖမ်းမိခဲ့တယ်’’ဟု အမှုလိုက် ရဲအရာရှိက ပြောသည်။
ယခုလအတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ကားရှေ့မှဖြတ် မောင်းပြီး ကားတိုက်ခံကာ ငွေ ရှာသူများနှင့် တိရစ္ဆာန်များကို လမ်းမများပေါ်တွင် ထွက်ကျောင်းသည့်အတွက် အမြန်လမ်းသုံးသူ များ သတိထားသွားလာနေရ သည်ဟု ဆိုသည်။

ယာယီ သက်သေခံလက်မှတ်ဖြင့် မဲပေးရေး လွှတ်တော်ဆုံးဖြတ်ချက် ဖွဲ့စည်း ပုံနှင့် မညီဟု ခုံရုံးဆုံးဖြတ်


နေပြည်တော် (မဇ္ဈိမ)။ ။ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူများ (White card) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးပြည်လုံး ကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီညွတ်ဟု ခုံရုံးက အကြောင်းပြန်လိုက်သည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီတင်ပြခဲ့ရာ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း ငြိမ်းချမ်းရေး ပျက်သုဉ်းလုနီး အခြေဆိုက်


ယူကရိန်းနိုင်ငံအရှေ့ခြမ်း Debaltseve မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်း တပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ တနင်္လာနေ့က ဖြစ်ခဲ့တာကြောင့် တရက်ပဲကြာသေးတဲ့ အပစ်အခတ်ရပ်စဲရေးသဘာတူညီချက်ဟာ ပျက်လုပျက်ဆဲ မရေမရာဖြစ်ေ န ပါတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာဟာ မီးရထားလမ်းတွေ ဆုံရာနေရာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို သူပုန်တွေက ဝိုင်းထားတာပါ။
ယူကရိန်းအစိုးရတပ်အနေနဲ့ လက်နက်ချမယ်ဆိုရင် အဲဒီ ဒေသကနေ ဘေးကင်းရန်ကင်း ထွက်ခွာခွင့်ပေးမယ်လို့ သူပုန်တွေဘက်က ကမ်းလှမ်း ထားပါတယ်။ ဒါပေမယ့်လို့ အပစ်အခတ် ရပ်စဲရေးသဘာတူညီချက်အရ အဲဒီမြို့မှာ သူတို့ပိုင်နက်အတွင်းမှာ ရှိတယ်ဆိုပြီး ယူကရိန်းဘက်က သူပုန်တွေ ကမ်းလှမ်းတာကို ပယ်ချခဲ့ပါတယ်။

လောက်ကိုင်တိုက်ပွဲနှင့်ပတ်သက်၍ တိုင်းပြည်တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ပျက်ပြားစေသူများအား လွှတ်တော်ရှုံ့ချ



Written by ဝင်းကိုကိုလတ်၊ ဖနိဒါ
နေပြည်တော် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ဖေဖော်ဝါရီ ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာ နှင့် တည်ငြိမ်မှုကို ပျက်ပြားစေရန် လုပ်သူများအား ရှုံ့ချကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၁၆ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းကာ အတည်ပြုခဲ့သည်။

အဆိုရှင် ဦးစတီဖန်က "လောက်ကိုင်နယ်မြေဖြစ်စဉ် ပေါ်ပေါက်လာခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား အနှောင့်အယှက် တစ်ခုဖြစ်ပါတယ်။ ဒီအဟန့်အတား အနှောက်အယှက်ကို ဖန်တီးတဲ့ အားပေးကူညီတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ရှုံ့ချကန့်ကွက် သွားရမှာဖြစ်ပြီး၊ ထို အဟန့်အတားများကို ရှင်းလင်းဖယ်ရှား ကာကွယ်တားဆီးနေကြသူများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုရမှာ ဖြစ်ပါတယ်’’ ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ခန္ဓာကိုယ် ဝိတ်ကျသွားရင် ဇာတ်ကားတွေ ပြန်ရိုက်မဲ့ ပန်းဖြူ


ရန်ကုန် (မဇ္ဈိမ)။ ။ အိမ်ထောင်ကျပြီး နောက်ပိုင်း ခန္ဓာကိုယ် ဝိတ်တက်လာသည့် သရုပ်ဆောင်ပန်းဖြူက ၎င်း၏ ခန္ဓာကိုယ် ဝိတ်ကျသွားပါက ဇာတ်ကားများပြန်လည် ရိုက်ကူးဖြစ်မည်ဟု ပြောသည်။
"အခုတော့ အနုပညာ အလုပ်တွေ မလုပ်ဖြစ်သေးဘူး။ အပြင်စီးပွားရေးပဲ လုပ်ဖြစ်နေပါတယ်။ အနုပညာ အလုပ်တွေလုပ်ချင်ပေမဲ့ လည်း လူကဝနတာဆိုတော့ မလုပ်ဖြစ်တာလေ။ အမျိုးသားကလည်း ဝိတ်လျော့ ခိုင်းတယ်။ ဒါပေမဲ့ ကိုယ်တိုင်က လျော့နေပေမဲ့ မကျသေးတော့ ဇာတ်ကားတွေ မရိုက်ဖြစ်သေးတာပါ။ ကိုယ့်အနုပညာ မောင်နှမတွေ အလုပ်တွေ လုပ်နေကြတာကိုမြင်ရတာ အားကျမိပါတယ်"ဟု ၎င်းက ဆိုသည်။

Monday, 16 February 2015

သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မခံ



ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လမ်းလျှောက်ချီတက်နေသည့် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်း များကို ရပ်နားပြီး သက်ဆိုင် ရာ ဒေသအသီးသီးသို့ ပြန်ကြရန် သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ၏ မေတ္တာရပ်ခံချက်ကို လက်ခံမည် မဟုတ်ဟု သပိတ်မှောက်ကျောင်းသားများက ဆိုလိုက်သည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှူဦး ဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က “ဆရာတော်ကြီးကို လေးစားတာတော့ တစ်ပိုင်းပေါ့။ ဒါက ပညာရေး ကိစ္စဖြစ် ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အတွက် ခိုင်မာတဲ့ အာမခံချက်မရခင်ေ တာ့ သပိတ်ကိုရပ်မှာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
သပိတ်မှောက်ကျောင်းသားများထံ လိပ်မူပြီး ဖေဖော်ဝါရီ ၁၅ရက် ရက်စွဲဖြင့် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ လက်မှတ်ရေးထိုးထား သည့်စာတွင် “မိမိတို့ဆိုင်ရာ အရပ်ဒေသ အသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂတ်တိုင်းပြည်အတွက် ပညာရပ် များ ကို ဆက်လက်ဆည်းပူး သင်ကြားကြပါရန် အထူးမေတ္တာရ ပ်ခံလိုက်ပါ သည်” ဟု ရေးသားထားသည်။
ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက “ရည်ရွယ်ချက် အတိုင်းဆက်သွားမှာပါ။ သပိတ်တွေကို ရပ်ဖို့ပြောမယ့်အစား အစိုးရ အနေ နဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ အကြောင်းကြားသင့်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်ရောက် ရန်ဖြစ် သည်။

စစ်ဘေးဒုက္ခသည်များကြား ကိုးကန့်တပ်ဖွဲ့ဝင်များ မပါလာစေ ရန် စောင့်ကြည့် စစ်ဆေး


လောက်ကိုင်ဒေသမှ စစ် ဘေးဒုက္ခသည်များနှင့်အတူ ကိုး ကန့်တိမ်းေ ရှာင် လက်နက်ကိုင် တပ် ဖွဲ့ဝင်များ ရောနှောပါဝင်လာ ခြင်း မရှိစေရန် လမ်းခု လတ် မြို့များမှ စောင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် လောက်ကိုင်၊ ညံခွမ်း၊ ချင်းရွှေ ဟော်၊ တာရွှေထန်၊ ကုန်းကြမ်း မြို့များမှ စစ်ဘေးဒုက္ခသည်ဦး ရေ ထောင်နှင့်ချီ၍ လားရှိုးမြို့ သို့ေ န့စဉ်ဝင်ရောက်နေပြီး ၎င်းတို့နှင့် အတူ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ ၀င် များ ရောနှောလိုက်ပါ လာမည်စိုးသောကြောင့် စစ်ဆေး ခြင်းဖြစ်ကြောင်း အမည်မဖော်လို သည့် အဆိုပါအရာရှိက ပြော သည်။

ကျောက်မဲတွင် အစိုးရယာဉ်တန်း ပစ်ခတ်ခံရ


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ပြည်ထောင်စုလမ်းမပေါ်မှာ အစိုးရ ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး တပ်မတော်သားတဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ မန္တလေးဘက်ကနေ တက်လာတဲ့ အစိုးရ စစ်ယာဉ်တန်းဟာ ကျောက်မဲနဲ့ သီပေါမြို့အကြားမှာ အမည်မသိ လက်နက် ကိုင်အဖွဲ့က ခြုံခို ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
“ပြည်မဘက်ကနေအခုတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ လောက်ကိုင်ဘက်ကို စစ်ကူသွားမယ့် ယာဉ်တန်းတွေ လို့သိရပါတယ်။ ယာဉ်တန်းမှာ ကား ၆ စီး ပါတယ်။ လမ်းဘေးကနေ ခြုံခိုတိုက်ခံရတာ တပ်မတော်သားတစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ သွားတယ်လို့ သိရပါတယ်။ အပျက်အစီး စာရင်းတွေလည်း မသိရပါ ဘူး”လို့ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်

ကာနီဗယ်လမ်းလျှောက်ပွဲ အကြမ်းဖက်သမားများ ခြိမ်းခြောက်မှုကြောင့် ဖျက်သိမ်း


ဂျာမနီနိုင်ငံမြောက်ပိုင်းက နာမည်ကျော် ဘန်းရှရိုက်မြို့ ကာနီဗယ် လမ်းေ လျှာက်ချီတက်ပွဲကို အစ္စလာမ္မစ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက် ခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖျက်သိမ်းလိုက်ရပါတယ်။
ပွဲတော်ကျင်းပဖို့ မိနစ် ၉၀ အလိုမှာ ဖျက်သိမ်းလိုက်ရတာလို့ မြို့တော်ရဲတ ပ်ဖွဲ့ က ပြောဆိုပါတယ်။
ပွဲတော်မှာ ပါဝင်သူတွေ စတင်ရောက်ရှိလာချိန်မှာမှ ဖျက်သိမ်းလိုက် ရ တာ ဖြစ်လို့ စိတ်ပျက်စရာတော့ ဖြစ်ခဲ့ပေမယ့် အဖျက်အမှောက်ရှိရင်တော့ မစွန့်စားသင့်ဘူးလို့လည်း ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ က ပြောဆိုပါတယ်။

အလုပ်သမားများ နေထိုင်ရန် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည်


အလုပ်သမားများ နေထိုင်ရန် စက်မှုဇုန်အတွင်းရှိ အစိုးရပိုင်မြေနေရာများတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ် ရန်စီစဉ်နေကြောင်း ရန်ကုန် တိုင်း ဒေ သကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။
‘‘ဒီအိမ်ရာက အလုပ်သမား တွေအတွက်ပါ။ စီမံကိန်း အ ကောင်အထည်ဖော် ဖို့ မြေရှာနေ ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးကပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အငှားအိမ်ရာများ တည် ဆောက်ပေး ရန် ပြည်ထောင်စုရန် ပုံငွေမှ ကျပ်ငွေ ၄၅ ဘီလီယံလျာ ထားကြောင်း နိုင်ငံေ တ်ာသမ္မတ ဦးသိန်းစိန်က ဘဏ္ဍာရေးကော်မ ရှင် ၁/၂၀၁၅ အစည်းအဝေး ၌ ပြောကြားခဲ့သည်။

ချစ်သူထားမယ့်အမျိုးသမီးငယ်များ သိသင့်တဲ့အချက်များ


အချစ်က သင့်ကို အမြင်တွေေ၀၀ါးသွားစေပါလိမ့်မယ်။ အချစ်ကြောင့် ဒုက္ခရောက်မှုတွေကနေ ရှောင်ကြဉ်ရအောင်။ ဒါကြောင့် သတိထားသင့်တဲ့ အချက် ၆ ချက်ကို ဝေမျှပေးလိုက်ပါတယ်။
၁. အချိန်ယူပါ။
အချို့ဆယ်ကျော်သက်တွေ ချစ်သူထားကြပါတယ်။ အချို့လည်း မထားကြပါဘူး။ ချစ်သူစထားတော့မယ်ဆိုရင် မိန်းကလေးတွေအနေနဲ့ မိမိကိုယ်မိမိ အသိရှိဖို့နဲ့ ကိုယ်ဘယ်လို ချစ်သူမျိုးကို လိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်။ တကယ်လို့ မိမိကိုယ်မိမိတောင် သေချာရေရာမှုမရှိသေးရင်တော့ လောပြီး ချစ်သူမထားသေးပဲ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်နေရအောင်။
၂. ကိုယ့်ကို ချစ်တဲ့သူကို ရှာပါ။
တုံ့ပြန်မှုမရတဲ့ အချစ်က ကိုယ့်ကိုကိုယ် မသေချာ မရေရာမှုတွေနဲ့ ဒုက္ခရောက်စေပါတယ်။ ငါပဲတစ်ခုခုပြောမှားသလား။ ငါပဲမလှလို့လား။ စသဖြင့်ပေါ့။ ချစ်သူစုံတွဲကြား ကျန်းမာတဲ့ဆက်ဆံရေးက နှစ်ဦးနှစ်ဖက်စလုံးက ပေးဆပ်မှု ရှိရပါမယ်။ တကယ်လို့ ပေးဆပ်မှုပဲရှိပြီး တုံ့ပြန်မှုလက်မခံရရင် စဉ်းစားရမှာက ကိုယ်မှားနေတာမဟုတ်ပါဘူး။ သင့်တော်တာ ထပ်ရှာဖို့လိုနေတာပါ။
၃. ဘယ်အချိန် လက်လွတ်ရမယ်ဆိုတာကို နားလည်ပါ။
တစ်ခါတစ်လေမှာ ဒီချစ်သူနဲ့လုံးဝအဆင်ပြေမှာမဟုတ်ဘူးဆိုတာကို ၀န်ခံဖို့လိုပါတယ်။ ကိုယ့်ဘ၀ရဲ့ အချစ်လို့ ထင်ထားတဲ့အရာက နောက်ဆုံးမှာ တကိုယ်ကောင်းဆန်ခြင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါမှမဟုတ် ဒီထက်ပိုကောင်းတဲ့ ချစ်သူကို ကိုယ်လိုအပ်နေတာလား။ “ချစ်သူက ကိုယ်လိုချင်တဲ့ပုံစံ မဟုတ်ဘူးဆိုရင် လက်လွတ်လိုက်ပါ”. လက်လွတ်လွတ်ချင်းမှာ နာကျင်ပါလိမ့်မယ်။ ဒါပေမယ့် နာကျင်မှုတွေက ယာယီပါ။
၎. Facebook မှာ စကားမပြောမီ Facebook အကြောင်းအရင် ဆွေးနွေးပါ။

အီဂျစ် ၂၁ ဦး အိုင်အက်စ် ခေါင်းဖြတ်သတ်





လစ်ဗျားနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ခရစ္စယာန် ဘာသာဝင် အီဂျစ် ၂၁ ဦး ခေါင်းဖြတ် စီရင်လိုက်တဲ့ ဗွီဒီယိုကို အစ္စလာမ္မစ် (အိုင်အက်စ်)အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှာတော့ လက်ထိတ် ခတ်ခံ ထားတဲ့ လိမ္မော်ရောင် ၀တ် အီဂျစ်နိုင်ငံသားတွေကို အနက်ရောင်ဝတ် အိုင်အက်စ်အဖွဲ့ဝင်တွေက လစ်ဗျား ထရစ်ပိုလီ ကမ်းခြေတနေရာမှာ စီရင်လိုက်တာ ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။
ဇန်န၀ါရီလက လစ်ဗျားမှာရှိတဲ့ အိုင်အက်စ်အဖွဲ့ခွဲက အီဂျစ် ခရစ္စယာန် ၂၁ ဦးကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံသားများကို အိုင်အက်စ် ကွပ်မျက်ခဲ့မှုအတွက် လက်စားချေမည်ဟု အီဂျစ်သမ္မတ ပြောကြား


အီဂျစ်နိုင်ငံသား (၂၁)ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်ေ သွးကြွများက ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့်အတွက် လက်တုံ့ပြန်သွားမည်ဟု အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက ပြောကြား လိုက်သည်။
မိမိနိုင်ငံသားများကို ရက်စက်စွာ သတ်ဖြတ်ခြင်းအတွက် အီဂျစ်အနေဖြင့် တုံ့ပြန်ပိုင်ခွင့် အပြည့်အဝ ရှိကြောင်း အယ်လ်စီစီက ဆိုသည်။ သို့သော်လည်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို မည်သို့ လက်တုံ့ပြန်မည်ဆိုခြင်းကို ၎င်းက တိတိကျကျ မပြောဆိုခဲ့ဘဲ သင့်တော်သည့် အချိန်နှင့် နေရာ ကို ရွေးချယ် သွားမည်ဟုသာ ဆိုသည်။
ဖေဖော်ဝါရီ ၁၅ ရက်က အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ဗီဒီယို တစ်ခု၌ အိုင်အက်စ် တပ်ဖွဲ့များက လိမ္မော်ရောင် ဆင်တူဝတ်ထားသည့် အီဂျစ် သုံ့ပန်းများကို အတင်းအဓမ္မ ဒူးထောက်စေပြီး ခေါင်းဖြတ် ကွပ်မျက်နေ သည်ကို ပြသထားသည်။
အဆိုပါ အီဂျစ်နိုင်ငံသားများမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး ဆွန်နီ အစ္စ လာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့က လစ်ဗျားရှိ ကမ်းခြေတစ် ခုတွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ ဩဇာ ယုတ်လျော့ ကျဆင်းနေ သည့် လစ်ဗျားနိုင်ငံ ပိုင်နက်ထဲသို့ အိုင်အက်စ် တပ်ဖွဲ့များက ကျူးကျော်ဝင်ေ ရာက် တိုက်ခိုက်မှုများ ယခင်ကတည်းက ရှိခဲ့ပြီး ဖြစ်သည်။

စုံထောက်ဖုန်း မှားဆက်သည့်အတွက် အဖမ်းခံရသော မူးယစ်ဆေးရောင်းသူ


အမေရိကန်ပြည်ထောင်စု အဘူကာကီ စုံထောက်တွေရဲ့ဖုန်းကို မှားဆက်မိလို့ ယစ်ဆေးဝါးရောင်းချတဲ့ အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် ရေးနာ လူဆာရိုက စုံထောက်ဖုန်းကို မှားဆက်ပြီး မူးယစ်ဆေးဝါး ရောင်းချခဲ့တဲ့ အတွက် သူနဲ့အပေါင်းအပါ ၂ ဦးကို အရင်တပတ်က ဖမ်းဆီးခဲ့တယ်လို့ ကေအိုဘီ သတင်းမှာ ရေးပါတယ်။
ဖုန်းမှားဆက်မိမှန်းမသိတဲ့ လူဆာရိုက တစုံတရာ မလိုဘူးလားလို့ မေးခဲ့ပြီး ရဲတွေက ဘာရှိသလဲလို့ မေးတဲ့ အချိန်မှာ အဖြူနဲ့ အမဲဘာယူမလဲလို့ ပြန်မေးခဲ့တယ်လို့ဆိုပါတယ်။

မန္တလေးမှ ကိုးကန့် တို့ ၏ ပိုင်ဆိုင်မှုများ


၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ ၇။ သကြားချက်စက်ရုံ

လောက်ကိုင်မြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လူ၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ




လောက်ကိုင် နယ်မြေအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော် စစ်ကြောင်းများက အင်အားဖြည့်တင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လောက်ကိုင်မြို့တွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်တင်ရန် သဘောတူ





အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီး ဌာနကနေတဆင့် လွှတ်တော်ကို တင်ပြဖို့ သဘော တူကြောင်း ၄ ပွင့်ဆိုင်ေ ဆွးနွေးပွဲကနေ ထုတ်ပြန်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)က တင်သွင်းတဲ့ ပညာရေး ဥပေဒမှုကြမ်းကို လွှတ်တော်မှာ တင်သွင်းဖို့နဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ်ရေးဆွဲသွားဖို့လည်း သဘောတူညီခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားတွေနဲ့ အန်အန်အီးအာရ်တို့ ဆွေးနွေးခဲ့ပြီး အခုလို ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၀င်းခန်းမမှာ ကျင်းပခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးေ လးပွင့် ဆိုင်ဆွေးနွေးပွဲမှာ အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ကို မူအရသဘောတူညီခဲ့ပါတယ်။

ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံး

လောက်ကိုင်မြို့အတွင်း မြန်မာ့တပ်မတော်မှ နယ်မြေရှင်း လင်းခြင်းေ ဆာင် ရွက်ရာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)အထိ ကိုးကန့် တိမ်းရှောင် အဖွဲ့မှ ၂၆ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ များမှ ထုတ်ပြန်သည်။
အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုးကန့်မြို့နယ်အတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၅ ရက်၌ ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အလောင်းငါးလောင်းထပ်မံရရှိပြီး ကိုးကန့်တပ်ဖွဲ့ဝင် ၁၈ ဦး၏ အလောင်း များရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ကိုးကန့်တိမ်းရှောင်တ ပ်ဖွဲ့ဝင်များမှ အပြင်းအထန် ဒဏ်ရာရသူ ရှစ်ဦးရှိပြီး ၎င်းတို့အား တပ်မေ တ်ာက ဆေးကုသမှုဆောင်ရွက်ပေးစဉ် သေဆုံးသွားကြောင်း အစိုးရသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား၍ စုစုပေါင်း ၂၆ ဦးကျ ဆုံးခဲ့ခြင်ြး ဖစ်သည်။

ကန်အရှေ့မြောက်မှာ နောက်ထပ် နှင်းမုန်တိုင်းကျရောက်


အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း New England ဒေသနဲ့ Massa chusetts ပြည်နယ်အရှေ့ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာမှာ ခန့်မှန်း ထားတာထက် ပိုပြီး နှင်းတွေကျခဲ့ပါတယ်။
Massachusetts ပြည်နယ်မှာ နှင်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အင်မ တန်ေ အးခဲတဲ့ လေအေးတွေ ဆက်တိုက်နေတာကြောင့် ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Charlie Baker က တနင်္ဂနွေေ န့က တိုက်တွန်းခဲ့ပါတယ်။ နှင်းအများဆုံးကျခဲ့တဲ့ Ipswich မြို့မှာ တနင်္ဂနွေေ န့က နှင်းအမြင့် လက်မ ၂၀ ဖြစ်ခဲ့ပါတယ်။ လေပြင်းတိုက်နှုန်းကလည်း တနာရီမိုင် ၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေတာမို့ လမ်းပေါ်ထွက်ဖို့ မသင့်ဘူး လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Baker က တနင်္ဂနွေနေ့ မနက်ပိုင်း က ပြောကြား ခဲ့ပါတယ်။ တနင်္လာနေ့ မနက်အထိ Massachusetts ပြည် နယ် မှာ နှင်းမုန် တိုင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။