Monday 16 February 2015

အီဂျစ်နိုင်ငံသားများကို အိုင်အက်စ် ကွပ်မျက်ခဲ့မှုအတွက် လက်စားချေမည်ဟု အီဂျစ်သမ္မတ ပြောကြား


အီဂျစ်နိုင်ငံသား (၂၁)ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်ေ သွးကြွများက ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့်အတွက် လက်တုံ့ပြန်သွားမည်ဟု အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက ပြောကြား လိုက်သည်။
မိမိနိုင်ငံသားများကို ရက်စက်စွာ သတ်ဖြတ်ခြင်းအတွက် အီဂျစ်အနေဖြင့် တုံ့ပြန်ပိုင်ခွင့် အပြည့်အဝ ရှိကြောင်း အယ်လ်စီစီက ဆိုသည်။ သို့သော်လည်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို မည်သို့ လက်တုံ့ပြန်မည်ဆိုခြင်းကို ၎င်းက တိတိကျကျ မပြောဆိုခဲ့ဘဲ သင့်တော်သည့် အချိန်နှင့် နေရာ ကို ရွေးချယ် သွားမည်ဟုသာ ဆိုသည်။
ဖေဖော်ဝါရီ ၁၅ ရက်က အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ဗီဒီယို တစ်ခု၌ အိုင်အက်စ် တပ်ဖွဲ့များက လိမ္မော်ရောင် ဆင်တူဝတ်ထားသည့် အီဂျစ် သုံ့ပန်းများကို အတင်းအဓမ္မ ဒူးထောက်စေပြီး ခေါင်းဖြတ် ကွပ်မျက်နေ သည်ကို ပြသထားသည်။
အဆိုပါ အီဂျစ်နိုင်ငံသားများမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး ဆွန်နီ အစ္စ လာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့က လစ်ဗျားရှိ ကမ်းခြေတစ် ခုတွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ ဩဇာ ယုတ်လျော့ ကျဆင်းနေ သည့် လစ်ဗျားနိုင်ငံ ပိုင်နက်ထဲသို့ အိုင်အက်စ် တပ်ဖွဲ့များက ကျူးကျော်ဝင်ေ ရာက် တိုက်ခိုက်မှုများ ယခင်ကတည်းက ရှိခဲ့ပြီး ဖြစ်သည်။

“အီဂျစ်ဟာ ကိုယ့်နိုင်ငံသားတွေ လူမဆန်ဘဲ ရက်ရက်စက်စက် အသတ်ခံရတဲ့ ဒီလို ရာဇဝတ်မှုမျိုးကို တုံ့ပြန်ဖို့ အခွင့်အရေး အပြည့်ရှိတယ်။ သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့ အနေအထားမှာ အမှန်ကန်ဆုံး ပုံစံမျိုးနဲ့ လက်စားချေသွားမယ်။ တကယ်တော့ အီဂျစ်ရော၊ ကမ္ဘာကြီး တစ်ခုလုံးပါ အစွန်းရောက် ဘာသာရေး အတွေးအခေါ်ကို လက်ကိုင်ထားတဲ့ အကြမ်းဖက် အုပ်စုတွေကို ရည်မှန်းချက် တူတူညီညီ တိုက်ခိုက်နေတာ ဖြစ်ပါတယ်”ဟု အယ်လ်စီစီက ပြောကြားခဲ့သည်။
အဆိုပါ စက်ဆုပ်ဖွယ် ဗီဒီယိုကို အိုင်အက်စ် အဖွဲ့အပေါ် သစ္စာခံသည့် လစ်ဗျား ဂျီဟတ်ဝါဒီ စစ်သွေးကြွများက အွန်လိုင်းပေါ် လွှင့်တင်ခဲ့ခြင်း ဖြစ် သည်။ သတ်ဖြတ်ခံရသည့် အီဂျစ်နိုင်ငံသား အများစုသည် နိုင်ငံမြောက်ပိုင်းရှိ ဆင်းရဲသော ကျေးရွာတစ်ခုမှဖြစ်ပြီး လစ်ဗျားတွင် သွားရောက် အလုပ်လုပ်နေ စဉ် အိုင်အက်စ်တို့၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
လစ်ဗျားတွင် ၂၀၁၁ ခုနှစ်က ဗိုလ်မှူးကြီး မူအာမာကဒါဖီ အစိုးရ ဖြုတ်ချ ဖယ်ရှားခံရပြီးကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားနေသလို စစ်သွေးကြွ အုပ်စုအများအပြား သောင်းကျန်းလျက်ရှိရာ အစိုးရ အနေဖြင့် ဩဇာအာဏာ ကျဆင်းလျက်ရှိပြီး အိုင်အက်စ်တပ်များ၏ ဝင်ရောက် ကျူးကျော် မှု ကို ဟန့်တားရန် အခက်ကြုံနေရသည်။
7Day

No comments:

Post a Comment