Monday 16 February 2015

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်တင်ရန် သဘောတူ





အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီး ဌာနကနေတဆင့် လွှတ်တော်ကို တင်ပြဖို့ သဘော တူကြောင်း ၄ ပွင့်ဆိုင်ေ ဆွးနွေးပွဲကနေ ထုတ်ပြန်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)က တင်သွင်းတဲ့ ပညာရေး ဥပေဒမှုကြမ်းကို လွှတ်တော်မှာ တင်သွင်းဖို့နဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ်ရေးဆွဲသွားဖို့လည်း သဘောတူညီခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားတွေနဲ့ အန်အန်အီးအာရ်တို့ ဆွေးနွေးခဲ့ပြီး အခုလို ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၀င်းခန်းမမှာ ကျင်းပခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးေ လးပွင့် ဆိုင်ဆွေးနွေးပွဲမှာ အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ကို မူအရသဘောတူညီခဲ့ပါတယ်။

တဖက်မှာလည်း ကျောင်းသားသပိတ်တွေ ရန်ကုန်ကို ၀င်မလာရေးအတွက် သတင်းထုတ်ပြန်တာနဲ့ ပက်သက်ပြီး ကျောင်းသားတွေနဲ့ ညှိနှိုင်းခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။
ကျောင်းသား သပိတ်စစ်ကြောင်းတွေကတော့ ရန်ကုန်ကို အရောက်ချီ တက်မယ်လို့ ပြောဆိုထားပါတယ်။ အစိုးရကလည်း သပိတ်စစ်ကြောင်းေ တွကို တားဆီးဖို့ ရန်ကုန်တိုင်းဒေသကြီး အ၀င်မှာ လုံခြုံရေး တိုးမြှင့် ချထားးတ ယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဗွီဘီသတင်းဌာနရဲ့စုံစမ်းထားချက်အရ ပင်မကျောင်းသား သပိတ်စစ်ေ ကြာင်း နဲ့ နီးကပ်နေတဲ့နေရာဖြစ်တဲ့ သာယာဝတီမြို့က ဆရာစံခန်းမမှာ ရဲအင် အား တွေ ချထားပီး ရေအမြောက်တွေလည်း ရှိနေတယ် လို့ ဒေသခံေ တွက ပြောပြပါတယ်။
သုံးဆယ်နဲ့ ဥက္ကံမြို့ ကြားက ရန်ကုန်နဲ့ ပဲခူးက နယ်နမိတ်သတ်မှတ်ချ က်ဖြစ် တဲ့ မီးနင်းချောင်းနား လည်း ရဲတပ်ဖွဲ့ က လုံခြုံရေးအင်အား တွေ ချထားပါ တယ်။

ကျောင်းသားတွေရဲ့ ပင်မ သပိတ်စစ်ကြောင်းဟာ ကြို့ပင်ေ ကာက်၊ မြေလ တ်နဲ့ မော်လမြိုင် ထားဝယ်စစ်ကြောင်းက ပဲခူး၊ ဧရာဝတီစစ်ကြောင်းက မအူပင်ကို ရောက်ရှိနေပြီး ရန်ကုန်ကို ဆက်လက် ချီတက်မှာ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment