Monday 16 February 2015

လောက်ကိုင်မြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လူ၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ




လောက်ကိုင် နယ်မြေအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော် စစ်ကြောင်းများက အင်အားဖြည့်တင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လောက်ကိုင်မြို့တွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


လောက်ကိုင်မြို့တွင်း၌ အမာခံ သတင်းပေးများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်း လင်းခြင်း ဆောင်ရွက်ရာ မြို့တွင်းရှိ သောင်းကျန်းသူ စိမ့်ဝင် အခြေပြု နေရာများတွင် ယနေ့နံ နက်ပိုင်းမှ စတင်၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ည ၇ နာရီချိန်ထိ သောင်းကျန်းသူထံမှ လက်နက်ငယ် မျိုးစုံ ၉၈ လက်၊ ခဲယမ်း ဆက်စပ် ပစ္စည်းနှင့် သောင်းကျန်းသူ အလောင်း ၁၃ လောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး အပြင်းအထန် ဒဏ်ရာ ရရှိသူ ၈ ဦးတို့အား ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် လောက်ကိုင်မြို့နှင့် ဆက်စပ်ဒေသများတွင် နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
MWD

No comments:

Post a Comment