Tuesday 17 February 2015

အမြန်လမ်းဘေးရပ်ထားသည့် ခရီးသည်တင်ယာဉ်ကို လေးခွဖြင့်ပစ်သူ ဖမ်းမိ

ရန်ကုန်-မန္တလေးအမြန် လမ်းမ မိုင်တိုင်အမှတ် (၁၅၈) တွင် လမ်းဘေးချရပ်ထားသည့် မှန်လုံယာဉ်ကို လေးခွဖြင့်ပစ်သူ အား ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ဝေ ဖြိုးအောင်ခရီးသည်တင်မှန်လုံ ယာဉ်သည် လမ်းဘေးချရပ်နား စဉ် ကားဘေးတွင်ရပ်နေသည့် လူငယ်သုံးဦးအနက် တစ်ဦးကလေးခွဖြင့်ပစ်ခတ်ပြီး ချုံတောထဲသို့ ဝင်ပြေးသွားခဲ့သည့်အတွက် ယာဉ်မောင်းက ရေတာရှည်မြို့နယ် စမိုး ကင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ဇီးပင်သာစခန်းက အဖွဲ့ တွေနဲ့ စမိုးကင်းစခန်းက အဖွဲ့ တွေပေါင်းပြီးဖမ်းတာပါ။ တရား ခံကို စုံစမ်းကြည့်တော့ ရေတာ ရှည်မြို့နယ် ကရင်ချောင်းကျေး ရွာက အောင်ထွန်းဝင်းဆိုတာသိ တော့ ဖမ်းမိခဲ့တယ်’’ဟု အမှုလိုက် ရဲအရာရှိက ပြောသည်။
ယခုလအတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ကားရှေ့မှဖြတ် မောင်းပြီး ကားတိုက်ခံကာ ငွေ ရှာသူများနှင့် တိရစ္ဆာန်များကို လမ်းမများပေါ်တွင် ထွက်ကျောင်းသည့်အတွက် အမြန်လမ်းသုံးသူ များ သတိထားသွားလာနေရ သည်ဟု ဆိုသည်။

‘‘ကျွန်တော်နှစ်ခါရှိပြီ။ သွား တိုင်းကြုံရတာ အန္တရာယ်ရှိတယ်။ ကားမောင်းတဲ့အရှိန်က ကီလို ၁၀၀ လောက်မောင်းနေတာ။ ဝင် တိုက်လို့ရှိရင်လည်း မောင်းလာ တဲ့အရှိန်က ကားမှောက်သွားနိုင် တယ်။ ဒီလိုသူများအသက် အန္တရာယ်ဖြစ်မှ သူတို့ငွေလိုချင် သူတွေကို ထိရောက်စွာအပြစ် ပေးစေချင်တယ်’’ဟု ကိုပိုင်စိုးက ပြောသည်။
၂၀၁၄ အတွင်း အမြန်လမ်းမကြီးတွင် သေဆုံးသူ ၁၅၀၊ ဒဏ် ရာရသူ ၈၀၂ ဦးနှင့် ယာဉ်မတော် တဆမှု ၄၁၂ မှုဖြစ်ခဲ့ပြီး အမြန် လမ်းတွင် တစ်ခုခုဖြစ်ပါက ဖုန်း ၁၈၈၀ သို့ ဆက်သွယ်ကာ အကူ အညီတောင်းခံနိုင်သည်ဟု အမြန် လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်း က ပြောသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းတွင် လုံခြုံရေးအတွက် ရဲ ကင်း ၃၈ ခုနှင့် ရဲစခန်း ၁၆ ခုဖွင့် လှစ်ထားပြီး ညဥ့်ဦးညဥ့်နက် နှစ် ပိုင်းခွဲကာ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment