Tuesday 17 February 2015

ရန်ကုန်တွင် ပညာရေးသပိတ် ထောက်ခံလှုပ်ရှားမှု ဦးဆောင်သူများကို အရေးယူရန် စီစဉ်

ဖေဖော်ဝါရီ ၁၅ ရက် တွင် ရန်ကုန်မြို့သို့ ချီတက်လာသည့် အမျိုးသားပညာရေး ဥပဒေ အပေါ်သပိတ်မှောက်သည့် ကျောင်း သားများအား ထောက်ခံ ဆန္ဒထုတ် ဖော်သည့် လူထုလှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်သူများကို စီတန်းလှည့်လည်ခွင့်ဥပဒေဖြင့် အရေးယူရန် စာတင်ထားကြောင်း သတင်းရရှိသည်။
လမ်းလျှောက်ပွဲတွင် ပါဝင် သူများကို သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများ လာရောက်တား ဆီးခြင်းမပြုသော်လည်း စခန်းမှူး များက လာရောက်မေးမြန်းမှုများ ရှိသည်ဟု လမ်းလျှောက်ပွဲတွင် ပါဝင်သူအချို့က ဆိုသည်။

‘‘လက်ရှိတော့ သူတို့ကို စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ နဲ့ အရေးယူဖို့အတွက် မြို့နယ် အလိုက် စာတင်ထားပါတယ်။ အခုချိန်ထိ တရားစွဲဆိုဖို့တော့ ဘာမှ မပြောသေးပါဘူး။ တရားစွဲမယ်ဆိုရင်တော့ ဦးဆောင်သူတွေကိုပဲ တရားစွဲဆိုသွားမှာပါ’’ ဟု အဆိုပါမြို့နယ်များမှ စခန်းမှူး အချို့က ပြောသည်။
ကျောင်းသားသပိတ်ထောက်ခံသူများသည် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် လူအင်အား ၆၀ ကျော်မှ ၁,၀၀၀ ခန့်အထိ စုပေါင်းကာ ထောက်ခံပွဲကျင်းပခဲ့ကြောင်း သိရသည်။

‘‘လမ်းလျှောက်ပွဲ တစ် လျှောက်တော့ ဘာမှလာပြီးလုပ် တာတော့မရှိပါဘူး။ လူကတော့ သူ့ဟာသူပေါင်းပြီး များလာတာ ပါ။ သူတို့ရဲစခန်းတွေကတော့ မြို့နယ်က စခန်းမှူးတွေမေးမြန်း တာလေးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ကျောင်း သားတွေ တောင်းဆိုတာကို ထောက်ခံပါတယ်’’ ဟု လမ်း လျှောက်ပွဲတွင် ပါဝင်သူ ကိုဝင်း မြင့်က ပြောသည်။
သပိတ်မှောက်ကျောင်းသား များအား ကန့်ကွက်သည့်ပွဲကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ခရမ်းမြို့နယ်၌လည်း ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရမ်းမြို့နယ်အတွင်းရေးမှူး ဦးကျော်မြင့်အောင်က ဦးဆောင်လုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၀ ရက်မှစတင်ခဲ့ သော သပိတ်မှောက်ကျောင်းသား များသည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်နိုင်ရန် လေးပွင့် ဆိုင်ဆွေးနွေးပွဲတွင် အချက်(၁၁) ချက်တောင်းဆိုထားပြီး မူအား ဖြင့် သဘောတူထားကာ ဥပဒေမူကြမ်း ရေးဆွဲ၍ လွှတ်တော်သို့ အတည်ပြုရမည့် အဆင့်သို့ ရောက်ရှိနေသည်။
7Day Daily

No comments:

Post a Comment