Monday 16 February 2015

ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံး

လောက်ကိုင်မြို့အတွင်း မြန်မာ့တပ်မတော်မှ နယ်မြေရှင်း လင်းခြင်းေ ဆာင် ရွက်ရာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)အထိ ကိုးကန့် တိမ်းရှောင် အဖွဲ့မှ ၂၆ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ များမှ ထုတ်ပြန်သည်။
အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုးကန့်မြို့နယ်အတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၅ ရက်၌ ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အလောင်းငါးလောင်းထပ်မံရရှိပြီး ကိုးကန့်တပ်ဖွဲ့ဝင် ၁၈ ဦး၏ အလောင်း များရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ကိုးကန့်တိမ်းရှောင်တ ပ်ဖွဲ့ဝင်များမှ အပြင်းအထန် ဒဏ်ရာရသူ ရှစ်ဦးရှိပြီး ၎င်းတို့အား တပ်မေ တ်ာက ဆေးကုသမှုဆောင်ရွက်ပေးစဉ် သေဆုံးသွားကြောင်း အစိုးရသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား၍ စုစုပေါင်း ၂၆ ဦးကျ ဆုံးခဲ့ခြင်ြး ဖစ်သည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီနောက်ပိုင်း ကိုးကန့်တိမ်းရှောင် အဖွဲ့မှ လောက်ကိုင်မြို့ကို မြို့ပြင်ပမှ လာရောက်နှောင့်ယှက်ပစ်ခ တ်ခဲ့ခြ င်းကြောင့် ပတ်ဝန်းကျင်နယ်မြေအား တပ်မတော်စစ်ကြောင်းများက လိုက်လံ ရှင်းလင်းချေမှုန်းခဲ့ရသည့်အပြင် လောက်ကိုင်မြို့တွင်းတွင်လည်း ဆက် လက် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ လက်နက်ငယ် ၁၀၂ လက်၊ ခဲယမ်းမျိုးစုံ၊ လမ်းလျှောက် စကားပြောစက် ရှစ်လုံး၊ Laptop Computer လေးလုံး၊ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

No comments:

Post a Comment