Monday 16 February 2015

ကာနီဗယ်လမ်းလျှောက်ပွဲ အကြမ်းဖက်သမားများ ခြိမ်းခြောက်မှုကြောင့် ဖျက်သိမ်း


ဂျာမနီနိုင်ငံမြောက်ပိုင်းက နာမည်ကျော် ဘန်းရှရိုက်မြို့ ကာနီဗယ် လမ်းေ လျှာက်ချီတက်ပွဲကို အစ္စလာမ္မစ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက် ခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖျက်သိမ်းလိုက်ရပါတယ်။
ပွဲတော်ကျင်းပဖို့ မိနစ် ၉၀ အလိုမှာ ဖျက်သိမ်းလိုက်ရတာလို့ မြို့တော်ရဲတ ပ်ဖွဲ့ က ပြောဆိုပါတယ်။
ပွဲတော်မှာ ပါဝင်သူတွေ စတင်ရောက်ရှိလာချိန်မှာမှ ဖျက်သိမ်းလိုက် ရ တာ ဖြစ်လို့ စိတ်ပျက်စရာတော့ ဖြစ်ခဲ့ပေမယ့် အဖျက်အမှောက်ရှိရင်တော့ မစွန့်စားသင့်ဘူးလို့လည်း ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ က ပြောဆိုပါတယ်။

ဒီမြို့မှာ နှစ်စဉ်ကျင်းပလာတဲ့ ကာနီဗယ်ပွဲတော်ကို လာရောက်ကြည့်ရှုသူ ၂ သိန်းခွဲရှိပြီး ပါဝင်ချီတက်သူ ၄ ထောင်ကျော်က ၄ မိုင်အကွာအဝေးကို လှပေ ရာင်စုံဝတ်စုံတွေနဲ့ လမ်းလျှောက် ချီတက်ကြတာပါ။
မြို့တော်ဝန်နဲ့ ပွဲစီစဉ်သူတို့က ဒီပွဲတော်ကို မကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပြီး မြို့တော် အတွက် ၀မ်းနည်းစရာနေ့တနေ့ ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောဆိုပါတယ်။
ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မှာ အကြမ်းဖက်ပစ်ခတ်မှု ၂ ကြိမ်လုပ်ေ ဆာင်ခဲ့သူလို့ ယုံကြည်ရတဲ့ သေနတ်သမားကို ဒိန်းမတ်ရဲတပ်ဖွဲ့က အသေပ စ်သတ်ခဲ့အပြီး မကြာခင်မှာပဲ ဒီပွဲတော်ကို ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ပစ်ခတ်မှုနဲ့ ဒီလမ်းလျှောက်ချီတက်ပွဲကတော့ ပတ်သက်မှု မရှိဘူးလို့တော့ ဂျာမန်ရဲအရာရှိတဦးက ပြောဆိုပါတယ်။
DVB

No comments:

Post a Comment