Monday 16 February 2015

အလုပ်သမားများ နေထိုင်ရန် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည်


အလုပ်သမားများ နေထိုင်ရန် စက်မှုဇုန်အတွင်းရှိ အစိုးရပိုင်မြေနေရာများတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ် ရန်စီစဉ်နေကြောင်း ရန်ကုန် တိုင်း ဒေ သကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။
‘‘ဒီအိမ်ရာက အလုပ်သမား တွေအတွက်ပါ။ စီမံကိန်း အ ကောင်အထည်ဖော် ဖို့ မြေရှာနေ ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးကပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အငှားအိမ်ရာများ တည် ဆောက်ပေး ရန် ပြည်ထောင်စုရန် ပုံငွေမှ ကျပ်ငွေ ၄၅ ဘီလီယံလျာ ထားကြောင်း နိုင်ငံေ တ်ာသမ္မတ ဦးသိန်းစိန်က ဘဏ္ဍာရေးကော်မ ရှင် ၁/၂၀၁၅ အစည်းအဝေး ၌ ပြောကြားခဲ့သည်။

စက်မှုဇုန်များတွင် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရာ၌ လေး၊ ငါးထပ် တိုက်တန်းများ ဆောက်လုပ်မည်ဖြစ်သည်။ တိုက်ခန်းများ တည်ဆောက်ပြီးပါ ကအရစ်ကျစနစ်ဖြင့်ရောင်းချခြင်း၊ ငှားရမ်းခြင်းတစ်မျိုးမျိုးကို အလုပ်သမားများ အတွက် ပြုလုပ်ပေးမည် ဟု ဦးကျော်စိုးက ပြောသည်။
ထို့အပြင်ကျူးကျော်သမား များအတွက်လည်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ အကောင်အ ထည်ဖော်ပေးရန် ပြည်ထောင်စု ၀န်ကြီးက စီစဉ်နေကြောင်း လှိုင် သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော် မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောသည်။
လှိုင်သာယာမြို့နယ်တွင် လက်ရှိ ကျူးကျော်နေထိုင်သူ မိသားစု ၅,၀၀၀ ခန့်ရှိနေသည်။ စက်မှုဇုန်များတွင် စက်ရုံလုပ်သားများနှင့် ကျူးကျော်တဲများ အတွက် အိမ်ရာဆောက်လုပ်ပေးမည့် အစီအစဉ်ကို အမြန်ဆုံးအကောင် အထည်ဖော်ရန် လမ်းညွှန်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုဝန်ကြီးကပြောကြားသည်။
7day

No comments:

Post a Comment