Wednesday, 21 January 2015

နုနယ်သည့်မြန်မာတွင် အားကောင်းသောစစ်တပ်ရှိရန်လိုဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် လွှတ်တော် တွင်းမှ စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချရန် အဆင်သင့်မဖြစ်သေး ကြောင်း မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က စင်ကာပူ အခြေ စိုက်ချန်နယ်နယူးစ်အေးရှားရုပ် သံနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားလိုက်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အတွင်း စစ်တပ်အမတ် ၂၅ ရာခိုင်နှုန်း မရှိမဖြစ်ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်သောအမတ် ၇၅ ရာခိုင်နှုန်းမှာ အခြေခံဥပဒေ ပါသည့် မည်သည့်အချက်ကိုမဆို ပြင်ဆင်လိုသည်ဖြစ်စေ စစ်တပ် က တစ်ချက်လွှတ်အာဏာဖြင့် အတည်ပြုမှသာ လုပ်ဆောင်နိုင် သည်။
မြန်မာအတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများနှင့် အတူ ၂၀၁၅ နှစ်ကုန်ပိုင်း၌ ကျင်းပ မည့်ရွေးကောက်ပွဲမတိုင်မီ အခြေ ခံဥပဒေပြင်ဆင်ရန် တောင်းဆို နေသည်။

အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ

Photo: အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ
Wednesday, January 21, 2015

ပြီးခဲ့တဲ့ လက လူပေါင်း ၁၆၂ ဦး တင်ဆောင်ရင်း အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်းစဉ် ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

အမြင့်ကို ပျံတက်တာမှာ တမိနစ်ကို ပေ ၆ ထောင်နှုန်းနဲ့ အရှိန်ပြင်းပြင်း တက်ခဲ့လို့ စက်ချို့ယွင်းပျက်စီး ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ပိုဆောင်ရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားကလာတဲ့ သတင်းတွေနဲ့ ဘီဘီစီသတင်းမှာ အဲအေးရှားလေယာဉ်ဟာ မုန်တိုင်းနား ရောက်သွား ခဲ့ပြီး ပြဿနာ တက်ခဲ့ပုံရကာ အခုလို မထင်မှတ်တဲ့ ပြဿနာ ဖြစ်ခဲ့တာလို့လည်း ယူဆတဲ့အကြောင်း
ဖော်ပြ ထားပါသေးတယ်။

မကြာသေးမီက ပျက်ကျအဲအေးရှား လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင်စက် Black Box နဲ့ လေယာဉ်မှူး အခန်းက အသံဖမ်း ကိရိယာတွေကို အောင်မြင်စွာ ဆယ်ယူရရှိအပြီး လူသိရှင်ကြား ထုတ်ပြောလာခဲ့ တာပါ။

Black Box နဲ့ လေယာဉ်မှူး အခန်းက Voice recorder ကို အောင်မြင်စွာ ဆယ်ယူ ရရှိပြီး လေယာဉ် ကိုယ်ထည်ပိုင်းတွေ အပါအဝင် လေယာဉ်ရဲ့ အစိပ်အပိုင်းတွေ ဆက်တိုက် ဆယ်ယူရရှိခဲ့ကြတာပါ။

လေယာဉ်ပေါ် ပါသွားသူတွေရဲ့ အလောင်းတွေကိုလည်း တော်တော် များများကို ဆယ်ယူရခဲ့ပြီးဖြစ်ပေမယ့် ကျန်ရှိ ခရီးသည်တွေရဲ့ အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါလို့ အင်ဒိုနီးရှားသတင်းတွေက ဆိုပါတယ်။

ဧရာဝတီ
ပြီးခဲ့တဲ့လက လူပေါင်း ၁၆၂ ဦး တင်ဆောင်ရင်း အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်းစဉ် ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

ပြည်တွင်းစွမ်းအင် ပိုလျှံမှသာ ပြည်ပရောင်းမည်

Photo: ပြည်တွင်းစွမ်းအင် ပိုလျှံမှသာ ပြည်ပရောင်းမည်
Wednesday, January 21, 2015

ယခုအစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့သော ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့်  တခြားစွမ်းအင် စီမံကိန်းများ အားလုံးကို ပြည်တွင်းစွမ်းအင် ဖူလုံရေးအတွက်သာ အဓိက ဦးစားပေးသွားမည်ဖြစ်ပြီး ပိုလျှံမှသာ ပြည်ပ ရောင်းချသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့သော အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “စွမ်းအင် ထွက်သမျှကို ပြည်တွင်းသုံးကိုသာ ပြည့်အောင် ဖြည့်တင်းမယ်ဆိုတဲ့ မူနဲ့သွားနေပါတယ်။ ဒါကြောင့် နိုင်ငံမှာ သဘာဝဓာတ်ငွေ့ ရေနံနဲ့ ထွက်သမျှ ထုတ်လုပ်မှုမှန်သမျှ အားလုံးသည် ပြည်တွင်းဖြည့်ဆည်းမှုကိုသာ အဓိကထားမယ်။ ပြည်တွင်းမှာ ပိုလျှံရင်တောင်မှ Raw (ကုန်ကြမ်း) အတိုင်း အပြင်ကို ထုတ်ရောင်းမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်တွင် ပြည်တွင်းတွင် လုပ်ကိုင်လျှက်ရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထောက်အပံ့ဖြစ်ရေး လုပ်ဆောင်ရန် အချက်ပါရှိသော်လည်း လက်ရှိတွင်  လုပ်ကိုင်မပေးနိုင်သေးကြောင်း သိရသည်။

ဦးဇေယျာအောင်က “အသေးစား အလတ်စားတွေကို အစိတ်အပိုင်းတခု အနေနဲ့ ထောက်ပံ့မှုပေးရမယ် ဆိုပေမယ့် လက်ရှိ အချိန်အထိ အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်း တခုလောက်ပဲ ဖြည့်တင်းနိုင်တာပါတယ်။ ဆိုလိုတာတော့ စက်မှုလုပ်ငန်းသုံး သဘာဝဓာတ်ငွေ့ ဖြည့်တင်းပေးရမှာတို့၊ ကျန်တဲ့အစိတ်အပိုင်းသုံး ဓာတ်ငွေ့ ဖြည့်တင်းပေးရမှာတို့ ဒါတွေဟာ အစိတ်အပိုင်းသေးသေးပဲ ပါပါတယ်” ဟု ပြောသည်။

ယခုအချိန်တွင်  နိုင်ငံပိုင် စက်ရုံ အလုပ်ရုံကြီးများကိုသာ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနေသော အခြေအနေဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ကို  ယခင်အစိုးရ လက်ထက်တွင် ပြည်ပသို့ စာချုပ်ချုပ်ဆို ရောင်းချထားပြီး ယခုအချိန်တွင် ပြည်တွင်းစက်ရုံ အလုပ်ရုံများ လိုအပ်ချက်ကို ရောင်းချနိုင်ခြင်း မရှိသည့် အနေအထားဖြစ်သည်။

ပြည်တွင်း လုပ်ငန်းရှင်များက ရောင်းချရန် အစိုးရတာဝန်ရှိသူများသို့ တင်ပြ တောင်းဆိုမှုများ ရှိသော်လည်း လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်း မရှိပေ။

ယင်းအခြေအနေကို လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “အရင်ကတည်းက တောင်းခဲ့တာ၊ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းကပေါ့။ ထိုင်းက အခုစစ်အစိုးရတော့ မသိဘူး။ (ထိုင်းဝန်ကြီးချုပ်ဟောင်း) ယင်းလတ် လက်ထက်ကတော့ ဂတ်စ်ကို လိုချင်ရင် ကြိုပြောပါပေါ့။ ပြန်ပေးမယ်လို့ ပြောတယ်။ ဘန်ကောက်ရဲ့ ၆၀ ရာခိုင်နှုန်းက မြန်မာပြည်က ယူသုံးနေတာပဲ။ အန်ကယ်တို့က ဒီအတွက် ၀ယ်မယ်ဆိုရင် ပိုက်ဆံနဲ့ပေးမယ်ပေါ့။ ဒေါ်လာနဲ့ဆိုလည်း ဒေါ်လာပေးမှာပဲ” ဟု ပြောသည်။

စက်မှုဇုန်များမှာ စတည်ထောင်သည့် အချိန်မှစ၍ လျှပ်စစ်မီး အပြည့်အ၀ မရရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ပိုမို ရရှိလာသော်လည်း လျှက်စစ်မီး မရသည့်အခါ ဒီဇယ်နှင့် လည်ပတ်ကျရာ တယူနစ်နှုန်း ၃၀၀ ကျပ် နီးပါးကျသည့် အခြေအနေဖြစ်ကြောင်း၊ ဂတ်စ်နှင့် ဇုန်များတွင် လျှပ်စစ်ပေးထုတ်လုပ်ပါက တယူနစ်လျှင် ၁၀၀ ၀န်းကျင်သာ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး စက်ရုံများ အချိန်ပြည့် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အစိုးရသစ် လက်ထက်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၄ မတ်လတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် စုစုပေါင်း ၃၆ ကွက်ကို ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးခဲ့သည်။ သို့သော် အဆိုပါ လုပ်ကွက်များအတွင်း ကမ်းလွန် လုပ်ကွက်များလည်း ပါဝင်ပြီး ဂတ်စ် ထုတ်လုပ်နိုင်သည့် အနေအထား ရောက်ရန်မှာ ပုံမှန်ထုတ်လုပ်မှု ဖြစ်စဉ်အရ နှစ်အနည်းငယ် စောင့်ရဦးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

ကျေးလက်ဒေသများတွင် စွမ်းအင်အတွက် အားထားသုံးနေရသည့် ဆိုလာပြား (ဓာတ်ပုံ – ဧရာဝတီ)
ကျေးလက်ဒေသများတွင် စွမ်းအင်အတွက် အားထားသုံးနေရသည့် ဆိုလာပြား (ဓာတ်ပုံ – ဧရာဝတီ)
ယခုအစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့သော ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့်  တခြားစွမ်းအင် စီမံ ကိန်းများ အားလုံးကို ပြည်တွင်းစွမ်းအင် ဖူလုံရေးအတွက်သာ အဓိက ဦးစားပေးသွားမည်ဖြစ်ပြီး ပိုလျှံမှသာ ပြည်ပရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြော သည်။

အကြမ်းဖက်ဝါဒကို အညံ့ခံအရှုံးပေးမည်မဟုတ်ဟု ပြောကြားပြီး ဂျပန်ဓားစာခံ များကို ချက်ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို

Photo: အကြမ်းဖက်ဝါဒကို အညံ့ခံအရှုံးပေးမည်မဟုတ်ဟု ပြောကြားပြီး ဂျပန်ဓားစာခံ များကို ချက်ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို
Wednesday, January 21, 2015

ဖမ်းထားသည့် ဂျပန်ဓားစာခံ များကို ဘေးမသီရန်မခစေဘဲချက် ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကှု အုပ်စုကိုဇန် နဝါရီ ၂ဝ ရက်၌တောင်းဆိုလိုက် ကြောင်း၊ ဂျပန်ဓားစာခံများကို သတ် ပစ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီ ယိုကို ဂျီဟတ်များကထုတ်ပြပြီး နောက် အာဘေးက အထက်ပါအ တိုင်း တောင်းဆိုလိုက်ခြင်းဖြစ် သည်။

''ဂျပန်ဓားစာခံတွေကို အထိအ ခိုက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျုပ် တောင်းဆိုတယ်။ ဂျီဟတ်တွေရဲ့ ဒီ လိုအပြုအမူကို ကျုပ်အလွန့်အလွန် ခံပြင်းတယ်။ ဒေါသလဲထွက်တယ်'' ဟု ရှင်ဇိုအာဘေးက ဂျေရုဆလင် သို့ရောက်စဉ် ပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက် သည်။

ဂျပန်ဓားစာခံနှစ်ဦးကို အ မေရိကန်ဒေါ်လာသန်း ၂ဝဝ ဖြင့် မရွေးလျှင်သတ်ပစ်မည်ဟု ဗီဒီ ယိုပြခြိမ်းခြောက်ပြီးနောက် အကြမ်း ဖက်ဝါဒကို အရှုံးပေးအညံ့ခံမည်မ ဟုတ်ဟု ဂျပန်အစိုးရက ဇန်နဝါရီ ၂ဝ ရက်၌ပြောကြားလိုက်သည်။

''ကျုပ်တို့ဂျပန်နိုင်ငံရေးမူက အကြမ်းဖက်ဝါဒကို တိုက်သာတိုက် မယ်၊ အညံ့ခံအရှုံးပေးမှာမဟုတ်ဘူး၊ ဒီသဘောထားနဲ့ ရပ်တည်ချက်ကို လဲ ဘယ်တော့မှပြောင်းမှာမဟုတ် ဘူး''ဟု အာဘေး၏ ပြောရေးဆိုခွင့် ရှိသူ ယိုရှီဟီဒေးဆူဂါက တိုကျိုတွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲ၌ ပြောကြားလိုက်သည်။

AFP
Yangon Media Group
ဖမ်းထားသည့် ဂျပန်ဓားစာခံများကို ဘေးမသီရန်မခစေဘဲချက် ချင်းလွှတ်ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကှု အုပ်စုကိုဇန် နဝါရီ ၂ဝ ရက်၌တောင်းဆိုလိုက် ကြောင်း၊ ဂျပန်ဓားစာခံများကို သတ်ပစ် မည်ဟု ခြိမ်းခြောက်သည့် ဗီဒီ ယိုကို ဂျီဟတ်များကထုတ်ပြပြီး နောက် အာဘေးက အထက်ပါအ တိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု တပ်မတော်က မဟုတ်နိုင်ဟု ဒေသခံများမှယူဆ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကြူကုတ်မြို့နယ်ခွဲ၊ နမ့်တောင်းကျေး ရွာနှင့်မုံးပေါ်ကျေးရွာကြားရှိ ကောင်းခါး ကျေးရွာခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်း နေထိုင်သော စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး ဇန်န၀ါရီ ၁၉ ရက် နေ့၌ သတ်ဖြတ်ခံရမှုတွင် အွန်လိုင်းပေါ်၌ စွပ်စွဲရေး သားနေသော တပ်မတော် သားများ ပါဝင်ပတ်သက်မှု သတင်းမှာ မဟုတ် မှန်နိုင်ကြောင်း ယင်းဒေသခံများမှ ယူဆလျက်ရှိကြသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အားကစားကွင်း ၁၆ ခု ဆောက်လုပ်မည်

ရန်ကုန်တိုင်းဒေသကြီး တွင် အသုံးမပြုသော စည်ပင်နယ်နိမိတ်အတွင်းရှိ မြေများကို ဖော်ထုတ်၍ လာမည့် ဘဏ္ဍာနှစ်၌ အားကစားကွင်း ၁၆ ခု ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ရှိ စစ်ပွဲများအကြား တရုတ်နိုင်ငံသားများ ပိတ်မိ၊ မမိ တရုတ်အစိုးရ စုံစမ်းစစ်ဆေးမှု စတင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တာဝန်ခံများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများ ပါဝင်သော ပူးတွဲအဖွဲ့က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများအကြား တရုတ်နိုင်ငံသားများ ပိတ်မိနေ ကြောင်း သိရှိရသည့်အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ဆင်းကာ စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei က ပြောကြားသည်။

မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ

Photo: မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ
Posted: Wednesday, 21 January 2015

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန်နှုန်းကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီး နောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဆွေသဟာ ဝန်ဆောင်မှု မစတင်မီ လအနည်းငယ်ခန့်က တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ် သတ်မှတ်ထားသော MPT ၏ GSM နှင့် WCDMA မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခင်ထက် မြင့်တက်လာခဲ့သော်လည်း ယခုလ ၁၂ ရက် နောက်ပိုင်းမှစတင်၍ အဆိုပါ ဖုန်းလိုင်းများ၏ အင်တာနက်မြန်နှုန်းများ ဆက် တိုက် ကျဆင်း လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူ အချို့က ပြောသည်။

MPT ၏ ဆွေသဟာ ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်သည့် မိုဘိုင်းအင်တာနက် မြန်နှုန်းသည် အမြင့်ဆုံး 42 Mbps အထိ တိုးမြှင့်ပေးထားကြောင်း အဆိုပါ လုပ်ငန်း မှ သတင်းရရှိသည်။

ယခုကဲ့သို့ MPT သည် ၎င်းတို့၏ ဝန်ဆောင်မှုအသစ်တွင် 3G ကွန်ရက်ကို မြန်နှုန်းများ တိုးမြှင့်ပေးလိုက်သော်လည်း တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်ဖြင့် အသုံးပြုနိုင်သည့် ယခင်ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်မည့် မိုဘိုင်း အင်တာနက် အမြန်နှုန်းကိုမူ 3G ဆင်းမ်ကတ်များအတွက် 256 kbps နှင့် 2G ဆင်းမ်ကတ်များအတွက် 128 Kbps အထိ ကန့်သတ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုလ ၁၀ ရက်မှစတင်၍ MPT ၏ မူလအစီအစဉ်များကိုသာ ဆက်လက်သုံးစွဲသူ အများစုသည် မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုလေးလံ လာခြင်း ပြဿနာနှင့် ကြုံတွေ့လာရကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းအင်တာနက် အသုံးပြုသူအချို့က တညီတညွတ်တည်း ဆိုကြသည်။

MPT ၏ မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့် ရလိုသူများသည် ဆွေသဟာ ဝန်ဆောင်မှုကို ရယူရမည်ဖြစ်ပြီး ထိုမှသာ HSPA+3G ဆက်သွယ်ရေးကွန်ရက် နည်းပညာဖြင့် ချိတ်ဆက်ထားသည့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်းကို ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ်ပေးထားသည့် အမြင့်ဆုံး မြန်နှုန်း 42 Mbps သည် အသုံးပြုသည့်နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်း အမျိုးအစားနှင့် အသုံးပြုနေသော နေရာဒေသရှိ ဆက်သွယ်ရေး စနစ် က ပေးထားသည့် အခြေအနေ အရပ်ရပ်ပေါ်တွင်လည်း မူတည်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် MPT ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုသည် စတင်ခဲ့သည့် အချိန်မှ ယခုအချိန်အတွင်း၌ မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုမြင့်တက်လာခြင်း ရှိသလို အချို့သောနေရာများတွင်မူ မြန်နှုန်းမြင့် အရည်အသွေးအား လုံးဝ ပြည့်မီ ခြင်းမရှိဟု သုံးစွဲသူအချို့ထံမှ သိရသည်။

Internet Journal
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန် နှုန်း ကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီး နောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

အင်းစိန်ထောင် အမျိုးသမီး အချုပ်ဆောင်၌ မိန်းမလျာတစ်ဦးကို အမျိုးသမီးဟု ထင်မှတ်ပြီး တစ်ပတ်ကြာ ချုပ်နှောင်

ပြည့်တန်ဆာ လုပ်ကိုင်မှုဖြင့် အင်းစိန် အကျဉ်းထောင် အမျိုးသမီး အချုပ်ဆောင်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိန်းသိမ်း ခံထားရသော အသက် ၂၀ အရွယ် မိန်းမလျာမှာ တစ်ပတ်အကြာတွင်မှ အမျိုးသား ဖြစ်နေသည်ကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ စုံစမ်းသိရှိရသည်။

ကချင်ပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသော KIA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာမှုနှင့်အတူ ဒေသခံပြည်သူများ အပေါ်တွင် လည်း KIA ၏ အသုံးချမှုက ထပ်တူ ပါလာခဲ့သည်။ ရှေးဦးစွာ တိုက်ပွဲများဘာကြောင့် ပြန်ဖြစ် သလဲ ဆိုတဲ့အကြောင်းရင်း ကို ပြောရပါမည်။

ကေအိုင်အေ အဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူ ဒုရဲအုပ်မြင့်စိုး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် အဖွဲ့သည် ဖားကန့်နှင့် အင်းတော်ကြီးကြားတွင်ရှိသည့် ဖားကန့်-ဝှခေါ-ညောင်ပင်-လုံးတုံ-ဟိုပင်လမ်းပိုင်းများ ကိုစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင် သုံးဦးပါဝင်လျက် ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ က သွားရောက်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေ အလိုမရှိကြောင်း မုံရွာတက္ကသိုလ်ကျောင်းတွင်း ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်သုံး၍ ဟောပြောသဖြင့် ဒုပါချုပ် တားမြစ်

Photo: အမျိုးသားပညာရေးဥပဒေ အလိုမရှိကြောင်း မုံရွာတက္ကသိုလ်ကျောင်းတွင်း
ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်သုံး၍ ဟောပြောသဖြင့် ဒုပါချုပ် တားမြစ်
Wednesday, January 21, 2015

ပြည်သူ့လွှတ် တော်မှ အတည်ပြုထားသော အမျိုး သားပညာရေးဥပဒေအား အလိုမရှိ ကြောင်း ကျောင်းသားကျောင်းသူ ၃ဝခန့်က မုံရွာတက္ကသိုလ်ကျောင်း တွင်းစာသင်ဆောင်များသို့ လှည့်လည် ဟောပြောရာ အသံချဲ့စက်သုံးသဖြင့် တက္ကသိုလ်ဒုပါမောက္ခချုပ် ဒေါက် တာကျော်ထွန်း ခေါင်းဆောင်သော အုပ်ချုပ်ရေးပိုင်းမှ ဆရာ၊ ဆရာမများ က တားမြစ်ခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ ကြမ်းနှင့်ပတ်သက်၍ ကျောင်းသား များဖွဲ့စည်းထားသော ဒီမိုကရေစီ ပညာရေးလှုပ်ရှားဦးဆောင်မှုကော် မတီ၊ လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ NNER တို့ လေးပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေးရန် အစိုးရသို့ သပိတ်မှောက်ကျောင်းသားများက ရက် ၆ဝ အချိန်ပေးတောင်းဆိုခဲ့ရာလိုက်လျောမှုမရှိသဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ ကျောင်းသားထုချီတက် ပွဲပြုလုပ်ကြခြင်းကို ထောက်ခံသော အားဖြင့် မုံရွာမြို့မှ ကျောင်းသား များသည် ဇန်နဝါရီ ၂ဝရက် နံနက် ပိုင်းက မြို့ပေါ်ကျောင်းများတွင် လှည့် လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

''အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်ဖို့ ကျောင်းသား ထုအားလုံးညီရင်ရပါတယ်၊ ပညာ ရေးမူကြမ်းမှာတောင် သမဂ္ဂဆိုတဲ့ စကားလုံးတောင် မထည့်သွင်းရဲတဲ့ အထိကြောက်နေတယ်''ဟု ဆန္ဒပြ ကျောင်းသား ကိုစည်သူထွန်းက ပြော သည်။

၎င်းတို့သည် ဘူမိဗေဒဌာန သုံးထပ်စာသင်ဆောင်ရှေ့တွင် ဟော ပြောစဉ် ဓာတုဗေဒဌာနပါမောက္ခ ဒေါ်ခင်စန်းနွယ် ရောက်ရှိလာပြီး အသံ ချဲ့စက်ဖြင့်ဟောပြောခြင်းကို တားမြစ် စဉ် ဒုပါချုပ်နှင့်မော်ကွန်းထိန်းဆရာ မတို့ ထပ်မံရောက်လာပြီး စာသင်နေ သော ကျောင်းသားများအား ထိခိုက် မည် စိုးသောကြောင် အသံချဲ့စက် မသုံး ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ဒုတိယပါမောက္ခချုပ် ဒေါက် တာကျော်ထွန်းက ''ဘာမှကြိုတင် ပြောမထားဘူး၊ လာပြောရင်၊ လာညှိ ရင်နေရာသတ်မှတ်ပြီး ပြောခွင့်ပေး မယ်၊ ခုဟာစာသင်ဆောင်တွေရှေ့လာ အော်တော့ စာသင်နေတဲ့ကျောင်း သားတစ်သောင်းကျော်ရှိတယ်၊ သမဂ္ဂ ဆိုပြီးစည်းကမ်းမရှိလုပ်လို့မရဘူး၊ ဒီမိုကရေစီနည်းကျဆိုရင်စာသင်ချင် တဲ့ ကလေးတွေမှာလဲ စာသင်ဖို့အခွင့် အရေးရှိတယ်၊ ကြိုက်တဲ့သူ လာနား ထောင်လိမ့်မယ်ပေါ့၊ အရေးယူဖို့ မဟုတ်ဘူး၊ ညှိနှိုင်းဖို့ပါပဲ'' ဟု မီဒီယာ များသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သူကျောင်းသား များသည် မုံရွာမြို့ပေါ်ရှိ မုံရွာတက္က သိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်များသို့လည်း သွား ရောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ် ကြောင်း သိရသည်။

KTS
Yangon Media Group
ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း ကျောင်းသား ကျောင်းသူ ၃ဝခန့်က မုံရွာတက္ကသိုလ်ကျောင်း တွင်းစာသင်ဆောင်များသို့ လှည့်လည် ဟောပြောရာ အသံချဲ့စက်သုံးသဖြင့် တက္ကသိုလ်ဒုပါမောက္ခချုပ် ဒေါက် တာကျော်ထွန်း ခေါင်းဆောင်သော အုပ်ချုပ်ရေး ပိုင်းမှ ဆရာ၊ ဆရာမများ က တားမြစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲများကို ဆိုက်ပရပ်စ် ဒိုင်လူကြီးများ သပိတ်မှောက်

Photo: နိုင်ငံတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲများကို ဆိုက်ပရပ်စ် ဒိုင်လူကြီးများ သပိတ်မှောက်
Wednesday, January 21, 2015

ဆိုက်ပရပ်စ်နိုင်ငံရှိ ဘောလုံးပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင် နေလျက်ရှိသော ဘောလုံး ဒိုင်လူကြီများသည် ဒိုင်လူကြီးတစ်ဦး၏ မိခင်ဖြစ်သူ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့အပြီးတွင် နိုင်ငံအတွင်းရှိ ဘောလုံးပွဲများကို ပွဲကြီးကြပ်ခြင်း မပြုတော့ဘဲနှင့် သပိတ်မှောက်နေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဆိုက်ပရပ်စ် ဘောလုံးအဖွဲ့ချုပ်သည် ဒိုင်လူကြီး သောမတ်စ်မော့စ်ကောစ်၏ မိခင်ဖြစ်သူ နေထိုင်သောအိမ်ကို ဗုံးခွဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ကြေညာချက် ထုတ်ပြန်ထားပြီ ဖြစ်ကာ မော့စ်ကော့စ်ကို ပစ်မှတ်ထား တိုက်ခိုက်လိုသူများမှာ မော့စ်ကော့စ်ကို ဒုက္ခပေးရန် အခွင့်မသာသည့်အတွက် မော့စ်ကော့စ်၏ မိခင်ကို လုပ်ကြံရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ရှင်းပြ ပြောဆိုသွားခဲ့သည်။

မော့စ်ကော့စ်သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့သော အပိုလွန် အသင်းနှင့် အိုသဲလော့စ် အသင်းတို့၏ ပွဲစဉ်ကို တာဝန်ယူ ကြီးကြပ်ခဲ့ရာ၌ ၎င်း၏ စွမ်းဆောင်ရည်များအတွက် ဝေဖန် ပြစ်တင်ခြင်း ခံခဲ့ရကာ ယင်းပွဲစဉ် ပြီးဆုံးချိန်မှစ၍ အသက်အန္တရာယ် ခြိမ်းခြောက်သည့် စာများမှာ မော့စ်ကော့စ်ထံသို့ အဆက်မပြတ် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဆိုက်ပရပ်စ် ရဲတပ်ဖွဲ့သည် မော့စ်ကော့စ်ထံသို့ ခြိမ်းခြောက်သည့်စာများ ရောက်လာခဲ့ အပြီးတွင် ၎င်း၏ နေအိမ်ကို လုံခြုံရေး အပြည့်အဝ ပေးလိုက်သောကြောင့် မော့စ်ကော့စ်ကို ဒုက္ခပေးရန် မလွယ်တော့သည့် အဆုံးတွင် အကြမ်းဖက်သူများက ၎င်း၏ မိခင်နေအိမ်တွင် သွားရောက် ဗုံးထောင်လိုက်ကြခြင်း ဖြစ်သည်။

ဒိုင်လူကြီး မော့စ်ကော့စ်သည် ၂၀၁၄ ခုနှစ်၏ မေလအတွင်း၌ ၎င်း၏နေအိမ်သို့ လက်ပစ်ဗုံး ပစ်သွင်းမှုနှင့် ကြုံဆုံခဲ့ရသေးကာ အဆိုပါဗုံးမှာ ပေါက်ကွဲမှု မဖြစ်ပေါ်ခဲ့၍သာ မော့စ်ကော့စ်အနေနှင့် ကံကောင်း သွားခဲ့ခြင်း ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲမှုတွင် အသက် ၆၀ အရွယ် ရှိပြီဖြစ်သော မော့စ်ကော့စ်၏ မိခင်မှာ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်ခဲ့သော်လည်း နေအိမ်၏ နေရာအချို့တွင်မူ ပျက်စီးမှုများ ဖြစ်ပေါ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အသိပေးထားသည်။

ဆိုက်ပရပ်စ်နိုင်ငံရှိ ဘောလုံးပွဲများတွင် တာဝန်ထမ်းဆောင်နေသော ဒိုင်လူကြီးများသည် ၎င်းတို့အပါအဝင် ၎င်းတို့၏ မိသားစုဘဝများ လုံခြုံစိတ်ချရခြင်း မရှိတော့သည့်အတွက် ယခုကဲ့သို့ သပိတ် မှောက်လိုက်ကြပြီး လွန်ခဲ့သည့် ၁၂ လအတွင်း ဆိုက်ပရပ်စ် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဒိုင်လူကြီးများ အကြမ်းဖက်ခံရမှုမှာ လေးကြိမ်အထိ ရှိခဲ့သည်။

The Voice Weekly
ဆိုက်ပရပ်စ်နိုင်ငံရှိ ဘောလုံးပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင် နေလျက်ရှိသော ဘောလုံး ဒိုင်လူကြီများသည် ဒိုင်လူကြီးတစ်ဦး၏ မိခင်ဖြစ်သူ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့အပြီးတွင် နိုင်ငံအတွင်းရှိ ဘောလုံးပွဲများကို ပွဲကြီးကြပ်ခြင်း မပြုတော့ဘဲနှင့် သပိတ်မှောက်နေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

လွှတ်တော်နိုင်ငံရေး လုပ်ရန်ဆုံးဖြတ်ထားပြီး ဝင်ပြိုင်မည့်အချိန်တွင် ထုတ်ပြောမည်ဟု ဦးကိုကိုကြီးပြော

Photo: လွှတ်တော်နိုင်ငံရေး လုပ်ရန်ဆုံးဖြတ်ထားပြီး ဝင်ပြိုင်မည့်အချိန်တွင် ထုတ်ပြောမည်ဟု ဦးကိုကိုကြီးပြော
Wednesday, January 21, 2015

လွှတ်တော်တွင်း ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်တွင် အတိအကျ ထုတ်ဖော်ပြောဆိုသွားမည်ဟု ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးက ပြောသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွင် ၈၈ ကျောင်းသားဟောင်း တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ၎င်းက လွှတ်တော်တွင်းနိုင်ငံရေး ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ပြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ "ကျွန်တော်တို့ စဉ်းစားနေတာတွေ ရှိပါတယ်။ ဘယ်ကာလမှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်မယ်ဆိုတာကိုတော့ တိကျတဲ့ အချိန်ကျရင် အားလုံးကို အသိပေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီး က ပြောကြားလိုက်သည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ရွေးကောက်ပွဲတွင် တရားမျှတရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးအဓိက လိုအပ်သည်ဟု ၎င်းက ပြောသည်။ "ရွေးကောက်ပွဲ စစ်မှန်ဖို့က ပြည်သူစိတ်ဝင်စားမှုများဖို့လိုတယ်" ဟု ၎င်းက ပြောသည်။

ထိုသို့  လွှတ်တော်နိုင်ငံရေးလုပ်မည်ဟု ပြောကြားလိုက်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကာလနှင့် မဲဆန္ဒနယ်ကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပေ။ ဦးကိုကိုကြီးသည် လက်ရှိတွင် လွှတ် တော်စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့်  ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အကြံပေးအဖွဲ့ဝင် တစ်ယောက်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

Mizzima - News in Burmese  

(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
(ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ) 
လွှတ်တော်တွင်း ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်တွင် အတိအကျ ထုတ်ဖော်ပြောဆိုသွားမည်ဟု ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံ ရောင်းချပေးမည်

Photo: မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံ ရောင်းချပေးမည်
Wednesday, January 21, 2015

မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

GSM နှင့် WCDMA ဆင်းမ် ကတ်များကို တိုင်းနှင့်ပြည်နယ်အနှံ့ ခွဲတမ်းဖြင့်ရောင်းချနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

''ဆင်းမ်ကတ်တွေ လစဉ်ထပ် ချဖို့ စီစဉ်ထားပါတယ်။ လတ်တလော မှာတော့ ဆင်းမ်ကတ် တစ်သန်းကျော် ထပ်ချပေးသွားမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဆင်းမ်ကတ်များဖြန့်ဖြူး နိုင်ရန်အတွက်MPTမှ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပြီး တိုက်ရိုက်ရောင်းချခြင်းနှင့် ကိုယ်စားလှယ်ဖြန့်ချိသည့်ဆိုင်များ မှတစ်ဆင့် ရောင်းချပေးမည်ဟု သိရ သည်။

MPT မှ ယင်းဆင်းမ်ကတ်တစ် ကတ်လျှင် ကျပ်၁၅ဝဝသတ်မှတ်ထား သော်လည်း ဈေးကွက်အတွင်း အဆို ပါဆင်းမ်ကတ်များပေါက်ဈေးသည် ကျပ် ၅ဝဝဝ ခန့် ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းဖုန်းအရောင်း ဆိုင်များမှ စုံစမ်းသိရသည်။

MPT ဆင်းမ်ကတ်ဝယ်ယူထား သူ ကိုမင်းဦးက ''တစ်နေ့ကပဲ လေး ထောင်ပေးပြီး ဝယ်လိုက်ရတယ်။ ၁၅ဝဝနဲ့ကတော့ ဆက်သွယ်ရေးက ရောင်းတဲ့ဆိုင်မှာ တိုးပြီးမှ ဝယ်လို့ရ မယ်။ ကတ်ရေများများချပေးနိုင်ရင် ဈေးကြီးနဲ့ ဝယ်နေရတဲ့မှောင်ခိုဈေး ကွက်က ပျောက်သွားမှာပဲ။ ဆင်းမ် ကတ်ဘယ်လောက်ချချ မထူးခြား ဘူး''ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တိုင်းနှင့်ပြည်နယ်အ နှံ့တွင် ဆင်းမ်ကတ်ပေါင်း ၁၁သန်း နီးပါး အသုံးပြုလျက်ရှိပြီး MPT နှင့် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI, Sumitomo တို့ ပူးပေါင်း၍ ငါး သန်းဖြန့်ဖြူးထားပြီး ယင်းမှ ၉ဝရာခိုင် နှုန်းကျော် အသုံးပြုလျက်ရှိကြောင်းသိ ရသည်။

Yangon Media Group
မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

ပဲဆီ အတုများ ပေါ်နေ သော်လည်း ထိရောက်စွာ စစ်ဆေးမှု မရှိသေး

ပြည်တွင်း ဈေးကွက်တွင် ပဲဆီ အတုများ ထွက်ပေါ်နေ သော်လည်း ထိရောက်စွာ စစ်ဆေးမှုများ မရှိသေးကြောင်း မန္တလေး တိုင်းဒေသကြီး၊ ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စုံစမ်း သိရသည်။ ပြည်တွင်းမှာ ပဲဆီ အတုတွေပေါ် နေပြီ။ စားအုန်းဆီ ထဲကို ပဲဆီအနံ့ ထည့်ပြီး ရောင်းနေတာ။ ပဲဆီ အတုနဲ့ အစစ်ကို အနံ့နဲ့ ခွဲကြည့် ရုံနဲ့ သိနိုင်တယ် ဟု မန္တလေးတိုင်းဒေသကြီး၊ ဆီကုန်သည် များနှင့် ဆီ လုပ်ငန်းရှင်များ အသင်းမှ ဦးသန်းလွင်က ပြောသည်။

ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ

Photo: ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ
Wednesday, January 21, 2015

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက်ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ချာနယ် ၃ တီဗွီသတင်းမှာ သံငြမ်းစင်ပြိုကျမှုကြောင့် အပေါ်က ပြုတ်ကျလာသူရော၊ အောက်ကနေ အပိခံရသူတွေပါ စုစုပေါင်း ၁၀ ဦး ဒဏ်ရာရပြီး အဲဒီထဲမှာ မြန်မာ ၈ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ပါဝင်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ကျောရိုး၊ ခြေထောက်နဲ့ လက်တွေ ထိခိုက် ဒဏ်ရာရကြတာဖြစ်ပြီး မုံးကွတ်ဝပ်ထနဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ၃ ဦး ဒဏ်ရာပြင်းထန်ပြီး ထိုင်းလူမျိုး ၁ ဦး ကျောရိုးကျိုးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ရှေးဦးသူနာပြုဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

လတ်ဆီရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်းနလုန်းကျုံးကျဲမ်ဖက အဲဒီနေရာဟာ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေတဲ့ ကောင်းကင်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး အပေါ်က ကွန်ကရစ်တွေသွန်းလောင်းရာမှာ အလေးချိန်မမျှတဲ့အတွက် သံတိုင်တွေရော၊ ငြိမ်းစင်တွေပါ ပြိုကျသွားတာလို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ရဲစခန်းက ဆက်လက်လုပ်စုံစမ်း တွက်ချက်နေပြီး ပေါ့ဆမှုဆိုရင် ကန်ထရိုက်မှာ တာဝန်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB
ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက် ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ကမ္ဘ့ာအမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား ထိန်းသိမ်းမှု ဌာနများခွဲ၍ လုပ်ဆောင်မည်

Photo: ကမ္ဘ့ာအမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား ထိန်းသိမ်းမှု ဌာနများခွဲ၍ လုပ်ဆောင်မည်
Wednesday, January 21, 2015

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ဘုရားရှိ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံရသဖြင့် ထိန်းသိမ်းမှုများကို နည်းပညာ များအသုံးပြု ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှုဌာနစိတ်များ လုပ်ဆောင် သွားမည် ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကုသိုလ်တော် ဘုရားနဲ့ ဘုရားရှိ ကျောက်စာ ၇၂၉ ချပ်ကို ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပြင်ဆင်ဖို့လိုအပ် တဲ့ ကျောက်စာတွေကိုလည်း နည်းပညာတွေ အသုံးပြုပြင်ဆင်မယ်၊ ဌာန စိတ်တွေထားရှိပြီးလည်း ကျန်တဲ့ စောင့်ရှောက်မှုပိုင်းတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ" ဟု ၎င်းက ပြောသည်။

ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "နိုင်ငံခြားသားတွေ လာရောက် လေ့လာမှုကတော့ တစ်ရက်ကို နှစ် ဆယ်ဝန်းကျင်ကနေ များတဲ့ရက်ဆို ငါးဆယ်နီးပါးထိ ရှိတယ်၊ ဒါကြောင့် ထိန်းသိမ်းမှုအပြင် ဘုရားပရဝဏ်အတွင်း အမြင်မတင့်တယ်တာတွေကိုလည်း ဖယ်ရှားမှာ ဖြစ်တယ်" ဟု ပြောသည်။

ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ရာတွင် ရွှေကျောင်းကြီး ထိန်းသိမ်းစောင့်ရှောက်မှု ဌာနစိတ်ကို ဖွဲ့စည်းထားရှိပြီးကုသိုလ်တော် ဘုရားဝန်းကျင်ရှိ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားများနှင့် အတူပူးပေါင်း လုပ် ဆောင်လျက် ရှိသည်။

အဆိုပါ ကုသိုလ်တော်ဘုရားမှာ ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းက သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်တွင် စတင်တည်ထားခဲ့ပြီး ကျောက်စာအရေအတွက်အဖြစ် ဝိနည်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာကျောက်စာ ၂ဝ၈ ချပ်နှင့် သုတ္တန်ကျောက်စာ ၄၁ဝ ချပ် စုစုပေါင်း ၇၂၉ ချပ်နှင့် မင်းတုန်းမင်းတရား ကုသိုလ်တော်စာရင်းပါ ကျောက်စာတစ်ချပ် စုစုပေါင်း ၇၃ဝ ကို ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသားများ လာရောက်ကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားသားများ လာရောက် ကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် ဘုရားရှိ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ဟု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံရသဖြင့် ထိန်းသိမ်းမှုများကို နည်းပညာ များအသုံးပြု ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်မှုဌာနစိတ်များ လုပ်ဆောင် သွားမည် ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒေါ်လာသန်း ၂၀၀ မပေးလျှင် ဂျပန်ဓားစာခံနှစ်ဦးကို သတ်မည်ဟု IS အဖွဲ့ခြိမ်းခြောက်၊ အကြမ်းဖက်မှုကို ဒူးထောက်မည်မဟုတ်ဟု ဂျပန်အစိုးရ ပြောကြား

Photo: ဒေါ်လာသန်း ၂၀၀ မပေးလျှင် ဂျပန်ဓားစာခံနှစ်ဦးကို သတ်မည်ဟု IS အဖွဲ့ခြိမ်းခြောက်၊ အကြမ်းဖက်မှုကို ဒူးထောက်မည်မဟုတ်ဟု ဂျပန်အစိုးရ ပြောကြား
Wednesday, January 21, 2015

ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရှိပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦးကို သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS က ခြိမ်းခြောက် ထားသော်လည်း ဂျပန်အစိုးရကမူ အကြမ်းဖက် ခြိမ်းခြောက်မှုကို လိုက်လျောမည်မဟုတ်ဟု ယနေ့ ပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ IS သည် ပြီးခဲ့သောနှစ် သြဂုတ်လမှ လက်ရှိအချိန်ထိ အနောက်နိုင်ငံသား ဓားစာခံ ၅ ဦးအထိ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း ဖမ်းမိထားသော ဓားစာခံအတွက် ခြိမ်းခြောက်ငွေ တောင်းသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

IS အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော ဗီဒီယိုဖိုင် တစ်ခုထဲတွင် အနက်ရောင် ဝတ်ဆင်ထားသော အကြမ်းဖက်သမား တစ်ယောက်က လိမ္မော်ရောင် ဝတ်စုံနှင့် ဓားစာခံ နှစ်ယောက်၏ ကြားတွင် ရပ်လျက်က ကင်မရာဘက်သို့ ဓားတစ်လက်ကို ဝှေ့ယမ်းရင်း “ခင်ဗျားတို့ နိုင်ငံသားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ခင်ဗျားတို့အစိုးရက ဒေါ်လာသန်း ၂၀၀ ပေးလာအောင် ဖိအားပေးဖို့အတွက် ခင်ဗျားတို့ အချိန် ၇၂ နာရီရမယ်” ဟု ပြောကြားနေသည်ကို တွေ့ရသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်းတွင် IS အဖွဲ့ နှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း ထိခိုက်နစ်နာခဲ့ရသည့် နိုင်ငံများကို စစ်ရေးအရ မဟုတ်သော အကူအညီများ ပေးသွားမည်ဟု ကတိပြုခဲ့သည့်အတွက် လျော်ကြေးအနေနှင့် ယခုကဲ့သို့ ပြန်ပေးငွေတောင်းခြင်း ဖြစ်သည်ဟုလည်း ယင်းအကြမ်းဖက်သမားက ပြောကြားသည်။

သို့ရာတွင် ဂျပန်အစိုးရကမူ ၎င်းတို့အနေနှင့် အကြမ်းဖက်သမားများကို အညံ့ခံမည် မဟုတ်ဟု ပြောကြားလိုက်သည်။

“အကြမ်းဖက်မှုကို နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်သလို ဒူးထောက် အညံ့ခံသွားမှာလည်း မဟုတ်ပါဘူး” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယိုရှီဟိုက်ဆူဂါက တိုကျိုမြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြမ်းဖက်မှု ကာကွယ်ရေးဌာနမှ အရာရှိ တစ်ဦးကမူ အစိုးရအဖွဲ့သည် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသလို ယင်းဗီဒီယိုဖိုင် အစစ်အမှန် ဟုတ်၊ မဟုတ်ကိုလည်း စစ်ဆေးလျက် ရှိသည်ဟု ပြောကြားခဲ့သည်။

IS အဖွဲ့သည် ပြီးခဲ့သောနှစ် သြဂုတ်လ နောက်ပိုင်းတွင် အမေရိကန် သုံးဦးနှင့် ဗြိတိန်နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ ရက်ရက်စက်စက် ကွပ်မျက်ပုံ ဗီဒီယိုများကို အင်တာနက်မှတစ်ဆင့် ပြသခဲ့သည်။

၎င်းတို့၏ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံခဲ့ရသူများမှာ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေနှင့် စတီဗင် ဆော့လော့ဖ်၊ အမေရိကန် လူမှုကယ်ဆယ် ဝန်ထမ်း ပီတာကက်စ်ဆစ်ဂ်နှင့် ဗြိတိသျှလူမှု ဝန်ထမ်းများ ဖြစ်သည့် အလန်ဟန်းနင်းနှင့် ဒေးဗစ်ဟိန်းစ်တို့ ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဂျေရုစလင်သို့ ရောက်ရှိနေသော ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ဂျပန်လူမျိုး ဓားစာခံနှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အကြမ်းဖက်သမားများကို ပြောကြားလိုက်ပြီး ၎င်းအနေနှင့် ယခုလုပ်ရပ်မျိုးကို လုံးဝသည်းခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။

The Voice Weekly
ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရှိပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး ကို သတ်ပစ်မည်ဟု အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS က ခြိမ်းခြောက် ထားသော်လည်း ဂျပန်အစိုးရကမူ အကြမ်းဖက်ခြိမ်းခြောက်မှုကို လိုက်လျောမည်မဟုတ်ဟု ယနေ့ ပြောကြားလိုက်ကြောင်း CNA သတင်း ဌာန တွင် ဖော်ပြထားသည်။

ဥရောပနှင့် အမေရိကသို့ လေယာဉ် ပြေးဆွဲမည်

ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ ဥရောပနှင့်  အမေရိကန်သို့ လေယာဉ် တိုက်ရိုက် ပျံသန်း ပြေးဆွဲရန် စီစဉ် နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပျံသန်း ပြေးဆွဲမည့်  နိုင်ငံများမှာ ပြင်သစ်၊ နယ်သာလန်နှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ပြီး လေယာဉ် ပျံသန်း ပြေးဆွဲရာ တွင် တစ်နေ့လျှင် တစ်ကြိမ် ပြေးဆွဲ နိုင်မည် ဖြစ်ကြောင်း သိရသည်။