Wednesday, 10 December 2014

Malala နဲ့ Satyarthi ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပူးတွဲလက်ခံ

Photo: Malala နဲ့ Satyarthi ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပူးတွဲလက်ခံ

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄ 

ပါကစ္စတန်နိုင်ငံက အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံက ကလေးငယ်များ အခွင့်အရေးရရှိရေးအတွက် အကျိုးဆောင် လုပ်ကိုင်ပေးသူ Kailash Satyarthi တို့ ၂ ဦးဟာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ဒီကနေ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ လက်ခံရယူပြီး သမိုင်းမော်ကွန်း တင်လိုက်ကြပြီ ဖြစ်ပါတယ်။

၁၇ နှစ်အရွယ် Malala ဟာ အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး Satyarthi ကတော့ ပထမဆုံး နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ အိန္ဒိယနိုင်ငံသား ဖြစ်ပါ တယ်။

ကလေးငယ်တွေ ပညာသင်ခွင့်မရတာကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခွင့် ရတာမျိုး မဖြစ်ရအောင် သူတို့ကို အကူအညီပေးဖို့ အချိန်ရောက်ပြီလို့ ဆုလက်ခံတဲ့အခမ်းအနားမှာ Malala က ပြောပါတယ်။

ကလေးငယ်တွေကို ကျွန်အဖြစ် အသုံးချနေတာတွေ ရပ်တန့်ရေးအတွက် ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ Satyarthi ကတော့ ကလေးငယ်တွေ လွတ်လပ်စွာ ကလေးအဖြစ် ရတည်ခွင့်ရရေးဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။

ကလေးငယ်တွေ အိမ်မက်မက်ခွင့် မပြုတာလောက် ဆိုးရွားတဲ့ အကြမ်းဖက်မှု မရှိတော့ဘူးလို့ Satyarthi က ဖြည့်စွက် ပြောကြားသွားပါတယ်။ ဆုကြေးငွေ ဒေါ်လာ ၁.၁ သန်းကို သူတို့ ၂ ယောက် ခွဲဝေယူကြမှာ ဖြစ်ပါတယ်။

Malala ဟာ သူ့ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားပြီး ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေး ပြန်လုပ်လိုကြောင်း ပြောပါတယ်။ သူမအနေနဲ့ အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရှိရေး လုပ်ဆောင်ခဲ့တဲ့အတွက် တာလီဘန် သောင်းကျန်းသူတွေက သူမကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပါကစ္စတန်နိုင်ငံက အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံက ကလေးငယ်များ အခွင့်အရေးရရှိရေးအတွက် အကျိုးဆောင် လုပ်ကိုင်ပေးသူ Kailash Satyarthi တို့ ၂ ဦးဟာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ဒီကနေ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ လက်ခံရ ယူပြီး သမိုင်းမော်ကွန်း တင်လိုက်ကြပြီ ဖြစ်ပါတယ်။

လှေစီးပြေးပြဿနာ ဖြေရှင်းဖို့ ကုလတောင်းဆို

Photo: လှေစီးပြေးပြဿနာ ဖြေရှင်းဖို့ ကုလတောင်းဆို

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄ 

ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ တခြားနိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားဖို့၊ ဒါမှမဟုတ် တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့အတွက် အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်သွားနေကြသူတွေအရေးကို ကမ္ဘာ့နိုင်ငံတွေက ပိုမို အာရုံစိုက် လုပ်ဆောင်ဖို့လိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ပင်လယ်ပြင်အတွင်း ဒုက္ခသည်တွေကို ကယ်တင်ရတဲ့အခြေအနေ၊ တနေရာက တနေရာကို ရွှေ့ပြောင်းသူတွေ ပိုမို စိတ်ချရတဲ့ နည်းလမ်းကို အသုံးပြုလာအောင် အားပေးရေးနဲ့ လူတွေ အဲဒီလို နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ အဓိက ပြဿနာတွေကို အဖြေရှာ ဆွေးနွေးဖို့အတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ဂျနီဗာမြို့မှာ ၂ ရက်ကြာ ဦးဆောင် ကျင်းပနေတာပါ။

အခုနှစ်အတွင်းမှာတင် ပင်လယ်ပြင်ကိုဖြတ်ပြီး နေရပ် စွန့်ခွာ ထွက်ပြေးလာသူ ၃ သိန်းခွဲနီးပါးရှိခဲ့ပြီး အဲဒီအထဲက ၄ ထောင့် ၂ ရာကျော် သေဆုံးခဲ့ရတယ်လို့ UNHCR က ပြောပါတယ်။

အန္တရာယ်အများဆုံး ရေကြောင်း ဖြတ်ကျော်မှုဟာ မြေထဲပင်လယ်ကို ဖြတ်ကျော်သွားရတဲ့ ခရီးစဉ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ထဲမှာတင် လူပေါင်း ၃ ထောင့် ၄ ရာ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ်အတွင်း အဲဒီလမ်းကြောင်းကို ဖြတ်သန်းသူ ၂ သိန်း ၇ ထောင် ရှိခဲ့တဲ့အတွက် အရင် ၂၀၁၁ ခုနှစ်က အများဆုံးဖြစ်ခဲ့တဲ့ အရေအတွက်ထက်စာရင် ၃ ဆလောက် ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ တခြားနိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားဖို့၊ ဒါမှမဟုတ် တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့အတွက် အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်သွားနေကြသူတွေ အရေး ကို ကမ္ဘာ့နိုင်ငံတွေက ပိုမိုအာရုံစိုက် လုပ်ဆောင်ဖို့လိုကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ က ပြောပါတယ်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အယူခံ ပယ်ချခံရ

Photo: ဝန်ကြီးဟောင်း ဦးဆန်းဆင့်အယူခံ ပယ်ချခံရ

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄ 

ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ်ကျ ခံနေရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှု ကိုမန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံ ဝင်ခဲ့ရာမှာ မနေ့က ပယ်ချခံလိုက်ရပါတယ်။

ဦးဆန်းဆင့်အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်ထွန်းက အယူ ခံပယ်ချခံရပုံကို အခုလို ပြောပြ ပါတယ်။

"ကျနော်တို့ အယူခံတင်တယ်ဗျာ၊ မနေ့တုန်းက အမှု ကိုလက်ခံရန် သင့်၊ မသင့် လျှောက်လွှဲချက်ပေး တယ်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ခုံရုံးအမှတ် ၆ က ကျနော်တို့ လျှောက်လွှဲချက်ကို ကြားနာတယ်၊ ကြားနာပြီး ညနေ ၄ နာရီ ကျတော့ ကျနော်တို့ လျှောက်လွှဲချက်ကို လက်မခံဘူး ပယ်တယ်"

ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏ သီရိတရားရုံးကနေ နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)၊ ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ ၄၀၉ တို့နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

ဦးဆန်းဆင့်ဟာ လောလောဆယ်မှာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်း အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရ တာဖြစ်ပြီး ပြည်ထောင်စု တရား လွှတ်တော်အထိ ဆက်ပြီးအယူခံဝင်သွားမယ်လို့ ရှေ့နေဦးတင်ထွန်းက ပြောပါတယ်။

RFA Burmese
ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ်၁၃ နှစ်ကျခံနေရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် အမှု ကိုမန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ခဲ့ရာမှာ မနေ့က ပယ်ချခံလိုက် ရပါတယ်။

ကျားခေါင်းပါတီ ယှဉ်ပြိုင်ဖို့ မဲဆန္ဒနယ်မြေများ တိုးချဲ့

Photo: ကျားခေါင်းပါတီ ယှဉ်ပြိုင်ဖို့ မဲဆန္ဒနယ်မြေများ တိုးချဲ့

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄ 

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အားလုံးနဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကယားပြည်နယ်တွေက မဲဆန္ဒနယ်မြေတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။

လက်ရှိ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ဒေသတွေဆီ စည်းရုံးရေးဆင်းနေတဲ့ တွေ့ရှိချက်အရ မဲဆန္ဒနယ်မြေတွေ ပိုများလာတာဖြစ်တယ်လို့ ကျားခေါင်းပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ကျားခေါင်းပါတီအနေနဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၄၀ လောက်မှာသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက လျာထားခဲ့ပေမဲ့လည်း စည်းရုံးရေးဆင်းနေတဲ့အချိန်အတွင်း ပါတီအင်အားကောင်းလာတာကြောင့် ရှမ်းပြည်နယ်မှာ ၅၂ မြို့နယ်အထိ ဖြစ်လာတာပါ။ ဒါ့အပြင် စည်းရုံးရေး ဆင်းနေတဲ့ကာလအတွင်း ကျားဖြူပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွေက အဖွဲ့ဝင်တချို့ ကျားခေါင်းပါတီနဲ့ ပူးပေါင်းလာတဲ့အတွက် အင်အားနှစ်ထောင်လောက်ရှိနေပြီလို့လည်း သိရပါတယ်။

RFA Burmese
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်အားလုံးနဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကယားပြည်နယ်တွေက မဲဆန္ဒ နယ်မြေ တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု လယ်သမားများ အများဆုံးခံရ - HRDP

Photo: လူ့အခွင့်အရေး ချိုးဖောက်မှု လယ်သမားများ အများဆုံးခံရ - HRDP

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄ 

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံး ဟာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူလယ် သမားတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့ (HRDP) ကဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်း အနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ လယ်ယာမြေသိမ်းဆည်းခံရပြီး ထောင် ကျနေတဲ့ လယ်သမား တစ်ထောင်ကျော်လောက်ရှိနေပြီ လို့ လူ့အခွင့် အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက အခုလိုပြောပါတယ်။

"လယ်သိမ်းတာဘာလို့ လူ့အခွင့်အရေးချိုးဖောက်မှု လို့ ပြောလဲဆိုတော့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုတွေ ကို ဒါတွေဟာ အဓမ္မနည်းနဲ့ သိမ်းယူတာရှိတယ်၊ အဓမ္မနည်း မဟုတ်ပဲနဲ့ စောစောကပြောသလို တပ်ပိုင်တို့၊ ဘာတို့ညာတို့ ဆိုတာရှိတာကိုး ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် ကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်းကြီးရဲ့ အပိုဒ် ၁၇ အရ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ အချက်ကို ချိုးဖောက်လို့ လယ်တွေဟာလယ်သမားတွေပိုင်ခွင့်ရှိတယ်၊ အဲ့ဒါ ကိုယ်ပိုင်ပစ္စည်း ဆိုတာရှိသင့်တယ် ဆိုတဲ့ အချက်နဲ့ ကျူးလွန်တာတွေအများကြီးပါ၊ ဒါတွေကိုလဲ အစိုးရကနေ ဖမ်းဆီးထောင်ချတယ်၊ လယ်သမားတွေအခု ထောင်ထဲမှာ အများကြီးရောက်နေပါပြီ၊ ကျနော်တို့မှတ် တမ်းတွေအရ တစ်ထောင်ကျော်ကျော်လောက်ရှိမယ်၊ အဲ့တော့ဒီအမှုဟာ အများဆုံး"

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က "အစိုးရသစ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ" ဆိုတဲ့ ခေါင်းစဉ် နဲ့ အစီအရင်ခံစာကို ဒီနေ့ အခမ်းအနားမှာ တင်သွင်းခဲ့ပါတယ်။ဒါ့အပြင် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်နဲ့ အစိုးရသစ်၊ အမျိုးသမီးအခွင့်အရေး အခြေအနေနဲ့ အစိုးရသစ်၊ လူနည်းစု တိုင်းရင်းသား အခွင့်အရေးအခြေအနေ၊ ဥပဒေပြုရေး တရားစီရင်ရေးနဲ့ အစိုးရသစ် စတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာနိုင်ငံက လူ့အခွင့် အရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မုံရွာ၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေမှာလည်း ကျင်းပ ခဲ့ကြပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံး ဟာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူ လယ် သမားတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့ (HRDP) ကဒီနေ့ကျရောက် တဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်း အနားမှာ ပြောကြားလိုက်ပါတယ်။

သားသမီးများ ဆေးမင်ကြောင် ထိုးချင်သည့် အပေါ် ဘရတ်နှင့်ဂျိုလီတို့ အထိတ်တလန့်ဖြစ်

Photo: သားသမီးများ ဆေးမင်ကြောင် ထိုးချင်သည့် အပေါ် ဘရတ်နှင့်ဂျိုလီတို့ အထိတ်တလန့်ဖြစ်

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

နယူးယော့ခ်၊ ဒီဇင်ဘာ ၁၀။ ဟောလီးဝုဒ်နာမည်ကြီး စုံတွဲ မင်းသား ဘရတ်ပစ်ဒ်နှင့် မင်းသမီး အိန်ဂျယ်လီနာဂျိုလီတို့သည် ၄င်းတို့၏ သားသမီးများက ဆေးမင်ကြောင် ထိုးချင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အထိတ်တလန့် ဖြစ်နေကြသည်။

မင်းသမီးက ပြောကြားရာတွင် ဖခင်ဖြစ်သူ ဘရတ်ပစ်သည် အဆိုပါ ကိစ္စကို ဆန့်ကျင် နေပြီး သားအကြီးဆုံး မက်ဒေါ့ဇ်က ဆေးမင်ကြောင် ထိုးရန် ခွင့်တောင်း ခဲ့စဉ်က ဂျိုလီက ငြင်းဆိုခဲ့သည်။ ယင်းနောက် အသက် ကိုးနှစ်ရှိပြီဖြစ်သည့် သမီးဖြစ်သူ ဇာဟာရာက အစစအရာရာ စူးစမ်း ချင်နေသဖြင့် ဘရတ်ပစ်ဒ်သည် အထိတ်တလန့်ဖြစ်နေသည်ဟုဆိုသည်။

“ဆေးမင်ကြောင် အကြောင်းကို သူတို့ ကျွန်မကို မေးပြီးကြပါပြီ။ ကျွန်မက မလုပ်ပါနဲ့လို့ ပြောနိုင်မလဲ။ အထူးသဖြင့် အဖေတွေနဲ့ သမီးတွေ ကြားမှာဆို ပိုခက်ခဲပါတယ်။ အဖေတွေက သမီးတွေ ဆေးမင်ကြောင်ထိုးတာနဲ့ပတ်သက်ရင် နည်းနည်းလေး ပိုပြီး အကဲဆတ်ကြ တယ်လေ။ နောက်ပြီး ဘရတ်က မိန်းကလေးဆိုတာ အမှားမလုပ်ရဘူးထင်နေတယ်” ဟု မင်းသမီးကဆိုသည်။

ကလေးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဂျိုလီကပြောရာတွင် “ကျွန်မတို့နှစ်ယောက် အမြဲပြောဖြစ်ပါတယ်။ တကယ်လို့သာ ကလေးတွေက သရုပ်ဆောင်ချင်တယ်ဆိုရင် ကျွန်မတို့သူတို့ကို သရုပ်ဆောင်ခိုင်းမှာမဟုတ်ပါဘူး။ သရုပ်ဆောင်ခြင်းတစ်ခုတည်း မလုံလောက်ပါဘူး။ တစ်ပြိုင်နက်တည်းမှာပဲ တကယ့်အလုပ်အစစ်တစ်ခုကို သူတို့ရှာရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးထဲက အခြားအရာတွေကို သူတို့မြင်ပြီးတဲ့အခါမှာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေဖြစ်ချင်တဲ့စိတ်တွေ သူတို့မှာ ဖြစ်ပေါ်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။

Ref: Ace Showbiz
Mizzima - News in Burmese
ဟောလီးဝုဒ်နာမည်ကြီး စုံတွဲ မင်းသား ဘရတ်ပစ်ဒ်နှင့် မင်းသမီး အိန်ဂျယ်လီနာဂျိုလီတို့သည် ၄င်းတို့၏ သားသမီးများက ဆေးမင်ကြောင် ထိုးချင်သည့် ကိစ္စနှင့်ပတ်သက်ပြီး အထိတ်တလန့် ဖြစ်နေကြသည်။

မြန်မာလူ့အခွင့်အရေး အစိုးရပူးပေါင်းမှုလိုအပ်

Photo: မြန်မာလူ့အခွင့်အရေး အစိုးရပူးပေါင်းမှုလိုအပ် 

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

ဒီမိုကရေစီ နိုင်ငံတော်သစ်စီ ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်ပြီး လုပ်လာနိုင်ပေမဲ့ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုနေသေးတယ်လို့ ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ အရင်ကထက်ပိုပြီး လုပ်လာနိုင်ပေမဲ့လည်း အစိုးရကပါ ဝိုင်းဝန်းလုပ်ကိုင်ဖို့ လိုသေးတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးစီးကျင်းပတဲ့ ၆၆ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ထောက်ပြ ပြောဆိုကြပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ဆိုရင်တော့ လူအခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေမှာ အစိုးရဘက်ကပါ ပါဝင်သင့်တယ်လို့ အမေရိကန်သံရုံးက လူ့အခွင့်အရေးဆိုင်ရာ အရာရှိ Ms. Thu Nguyen (သူငွင်) က အကြံပြုလိုက်ပါတယ်။

“စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို နေရာပေးရပါမယ်၊ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေကို ကာကွယ်ပေးရမယ်၊ လယ်ယာမြေဆိုင်ရာ ပြသနာတွေကို ဖြေရှင်းပေးရမယ်၊ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို တားဆီးရမယ်၊ နိုင်ငံသားတွေကို အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေးတွေ ချပေးရမယ်” - လို့ ပြောသွားတာပါ။

လက်ရှိကာလမှာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်တွေ ပေါ်ထွက်လာပေမဲ့ ဒီဥပဒေသစ်တွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ မကာကွယ်ပေးနိုင်သေးဘူးလို့ Equality Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ပြောပြပါတယ်။

“ဥပဒေတွေမှာ ပြန်ကြည့်မယ်ဆိုရင်လည်း တဘက်က အရင်ဥပဒေတွေက ဆက်ရှိနေတုန်းပဲ။ ဖိနှိပ်တဲ့ဥပဒေ ကျန်နေတယ်။ နောက်ထပ် အသစ်ပေါ်လာတဲ့ ဥပဒေတွေကလည်း ပြောမယ်ဆိုရင် အပြည့်အ၀ မကာကွယ်ပေးနိုင်ဘဲနဲ့ နည်းဥပဒေတွေကနေ ပြန်ပြီး ချုပ်ထားတဲ့ဟာတွေ ဖြစ်နေတဲ့အတွက် ကျနော်တို့က တိုးတက်တော့ တိုးတက်လာတယ်။ ဒါပေမဲ့ ၀မ်းသာအားရနဲ့ ပျော်ရွှင်ပြီးတော့ လူ့အခွင့်အရေး ရပါပြီလို့ ပြောလို့ရတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတုန်းပါပဲ။”

မိမိတို့ရဲ့ အမြင်တွေကို တာဝန်ရှိသူ၊ အာဏာရှိသူတွေ သိအောင် ဖော်ထုတ်ခြင်းဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေထဲက နိုင်ငံသားတွေရဲ့ အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Daniel Collinge က ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာဖို့ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ အမြင်တွေကို ချပြခွင့်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။

“ပြည်သူလူထုတွေက အစိုးရရဲ့ လုပ်ငန်းစဉ်တွေ၊ အခြားလူတွေရဲ့ သဘောထားတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေလုပ်မယ်၊ အစိုးရကလည်း ဒီဝေဖန်မှုတွေကို အလေးတယူနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာမှာပါ။ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ ပြဌာန်းမယ်ဆိုရင်လည်း နိုင်ငံသားရဲ့ အမြင်ကို လွတ်လပ်အေးချမ်းစွာ ထုတ်ဖော်ပြခွင့်ပြုတဲ့ ဥပဒေတွေ ပြဌာန်းဖို့ အရေးကြီးပါတယ်။ ဒီလို ဆန္ဒအမြင်တွေ ဖော်ထုတ်တာကို အရေးယူ၊ အပြစ်ပေးတဲ့ ဥပဒေမျိုးတော့ မပြဌာန်းသင့်ပါဘူး။”

လတ်တလော နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ပြည်တွင်းစစ် ဖြစ်နေတာတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိခြင်းကို ဖော်ပြနေတယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေရှိတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသတွေထဲမှာ လက်နက်ကိုင်ကြောင့် ဒုက္ခရောက်တဲ့သူရှိခြင်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိခြင်းကို ဖော်ပြနေတာဖြစ်တယ်။ ပိုမိုဆိုးရွားတဲ့ အချက်တွေကတော့ အရင်တုန်းကတော့ စစ်ပွဲအတွင်းမှာပဲ လူတွေပြေးရရှောင်ရနဲ့ ဒုက္ခရောက်တာရှိပေမဲ့ အခုဆိုရင် တယောက်နဲ့တယောက် မုန်းတီးအောင် လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို သွေးထိုးမှုတွေကြောင့် အရင်တုန်းက ငြိမ်းချမ်းပါတယ်ဆိုတဲ့ ဒေသတွေအတွင်းမှာ ကျနော်တို့ ပဋိပက္ခတွေ ဖြစ်နေခြင်း ဒါက ပိုမိုဆိုးရွားလာတဲ့ ပုံစံတခုလို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၉ ကြိမ်မြောက် ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia လည်း တက်ရောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်လုပ်ကိုင်ရာမှာ ကူညီဖို့ အသင့်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်။ ဒီနေ့အခမ်းအနားမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူနည်းစုနဲ့ တိုင်းရင်းသားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး စတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေများကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေနဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဒီမိုကရေစီ နိုင်ငံတော်သစ်စီ ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်ပြီး လုပ်လာနိုင်ပေမဲ့ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုနေသေးတယ်လို့ ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်း ပေးပို့ ထားပါတယ်။

အကယ်ဒမီရွှေကြိုရွေးချယ်ခြင်းခံထားရသူအချို့၏ စကားသံများ

Photo: အကယ်ဒမီရွှေကြိုရွေးချယ်ခြင်းခံထားရသူအချို့၏ စကားသံများ

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

မေမြတ်နိုး
************
''မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆိုတာက အနုပညာရှင်တွေအတွက် တော့ တကယ်ကိုတန်ဖိုးထားရတဲ့ ပွဲတစ်ပွဲပါ။ မြတ်နိုးလဲ အနုပညာရှင် တွေစုပေါင်းပြီးတော့ လုပ်တဲ့ပွဲလေး တစ်ခုဖြစ်တဲ့အတွက် မြတ်နိုးအနေ နဲ့ ပါဝင်ကူညီချင်တဲ့ စိတ်တစ်ခုတည်း နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
အကယ်ဒမီပွဲတွေမှာ ပါဝင်ခွင့်ရတဲ့ ရွှေကြိုတွေ ကိုလဲ မြတ်နိုးသဘောကျတယ်။ အခု လိုမျိုး ဒီနှစ်မှာမြတ်နိုးကိုယ်တိုင်ကိုယ် ကျ ပါဝင်ခွင့်ရတဲ့အတွက်လဲ အရမ်း ကို ပျော်ရွှင်ရပါတယ်''

ဂုဏ်ရည်အေးကျော်
*********************
''အကယ်ဒမီရွှေကြိုကို ဂုဏ်ရည် စိတ်ဝင်စားတဲ့အတွက် ပါဝင်ယှဉ်ပြိုင် ဖြစ်တာပါ။ ဂုဏ်ရည်တို့ ပါဝင်ယှဉ် ပြိုင်နေစဉ်မှာ အလှမယ်ဆိုတဲ့ ဂုဏ် ပုဒ်နဲ့ မဟုတ်ဘဲ အကယ်ဒမီ ရွှေကြို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။ ယှဉ်ပြိုင်နေစဉ်မှာ လဲ တခြားပြိုင်ပွဲဝင်တွေကို စစ်ဆေး မှုအတိုင်း ဂုဏ်ရည်တို့လဲ အဆင့်ဆင့် လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ပြီး တော့မှ အရွေးခံခဲ့ရတာပါ''

သံသာမိုးသိမ့်
***************
''အကယ်ဒမီရွှေကြိုအဖြစ် အ ရွေးခံရတဲ့အတွက် အရမ်းကိုဝမ်းသာ နေပါတယ်။ ညီမ အကယ်ဒမီရွှေကြို အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လဲ အ ရွေးခံရလိမ့်မယ်လို့တော့ မမျှော်လင့် ထားပါဘူး။ ဒါပေမဲ့ ညီမက ဘာပဲလုပ် လုပ် ယုံကြည်ချက်ရှိရှိ လုပ်တတ်တဲ့ အတွက် ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ ကိုတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်''

ခိုင်သဇင်ငုဝါ
***************
''အကယ်ဒမီရွှေကြို လူတွေ့စစ် ဆေးတဲ့နေ့တွေကဆိုရင် အရမ်းကို ရင်ခုန်နေတာ။ အခုလိုမျိုး အကယ် ဒမီရွှေကြိုအဖြစ် အရွေးချယ်ခံရမယ် လို့ လုံးဝကိုမမျှော်လင့်ထားခဲ့ဘူး။ အ နုပညာလောကမှာ အစဉ်အလာတစ် ခုရှိနေတာက အကယ်ဒမီရွှေကြိုအ ဖြစ် အရွေးချယ်ခံရပြီဆိုရင် အနုပညာ လောကမှာ စပြီးတော့ခြေလှမ်း စလှမ်း နိုင်တယ်ဆိုတဲ့စကားကို ယုံကြည်တဲ့ အတွက် ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။အဲဒီအတွက်လဲ ငုဝါအမြဲတမ်းအနု ပညာအလုပ်တွေ လုပ်ကိုင်နိုင်ဖို့အ တွက် ကြိုးစားသွားမှာပါ''

ယွန်းမှီမှီကျော်
****************
''အကယ်ဒမီရွှေကြိုအဖြစ် အ ရွေးချယ်ခံရတဲ့အတွက် အရမ်းကို ဝမ်းသာပျော်ရွှင်ခဲ့တာပါ။ ဒီနှစ်က အကယ်ဒမီပေးပွဲကို ရုပ်ရှင်အစည်း အရုံးကနေပြီးတော့ တာဝန်ယူလုပ် ဆောင်ရမယ့် ပထမဦးဆုံးနှစ်မှာ ညီမတို့က အကယ်ဒမီရွှေကြိုအဖြစ် အရွေးချယ်ခံရတဲ့အတွက် ပိုပြီးတော့ ပျော်ရွှင်ရပါတယ်''

Yangon Media Group
မေမြတ်နိုး
************
''မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုတာက အနုပညာရှင်တွေအတွက်တော့ တကယ်ကိုတန်ဖိုးထားရတဲ့ ပွဲတစ် ပွဲပါ။ မြတ်နိုးလဲ အနုပညာရှင် တွေစုပေါင်းပြီးတော့ လုပ်တဲ့ပွဲလေး တစ်ခုဖြစ်တဲ့အတွက် မြတ်နိုးအနေနဲ့ ပါဝင်ကူညီချင်တဲ့ စိတ်တစ်ခုတည်း နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

၉/၁၁ စစ်ကြောရေး စီအိုင်အေ လိမ်ညာအစီရင်ခံဟုဆို

Photo: ၉/၁၁ စစ်ကြောရေး စီအိုင်အေ လိမ်ညာအစီရင်ခံဟုဆို

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

အမေရိကန်နိုင်ငံ ၉/၁၁ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံရသူတွေကို သုံးတဲ့ စစ်ကြောနည်းတွေကို စီအိုင်အေက လွှတ်တော်နဲ့ အိမ်ဖြူတော်ကို လိမ်ညာ အစီရင်ခံခဲ့ပြီး မမှန်တဲ့ အချက်အလက်တွေပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် လွှတ်တော်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူ ၁၀၀ ကျော်ကို စီအိုင်အေ က အစီအရင်ခံခဲ့တာထက် ရက်စက်တဲ့ စစ်ကြောနည်းတွေကို သုံးခဲ့တယ်လို့ စာမျက်နှာ ၄၈၀ ပါ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အယ်လ်ကိုင်းဒါးအဖွဲ့ဝင်တွေလို့ သံသယရှိခံရသူတွေနဲ့ တခြားဖမ်းဆီးခံရသူတွေကို အာဖဂန်နစ္စတန်၊ ပိုလန်၊ ရိုမေးရီးယားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်လျှို့ဝှက်စစ်ကြောရေး စခန်းတွေမှာ စစ်ကြောခဲ့တာပါ။

အရက်စက်ဆုံးနည်းတွေ သုံးပြီး စစ်ကြောခဲ့ပေမယ့်လည်း ထိရောက်တဲ့သတင်း အချက်အလက်လည်း မရခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှုတခုမှလည်း မတားဆီး မဖော်ထုတ်နိုင်ခဲ့ဘူးလို့လည်း လွှတ်တော်ထောက်လှမ်းရေးကော်မတီက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၅ နှစ်ကြာ စိစစ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့နေ့က ကမ္ဘာတ၀န်းက အမေရိကန်အစိုးရရုံးတွေကို လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် Dianne Feinstein က တချို့စစ်ကြောနည်းတွေဟာ လုပ်ရတဲ့ စီအိုင်အေ၀န်ထမ်းတွေတောင် လက်တွန့်ကြပြီး ဒါတွေကို ဆက်မလုပ်ဖို့ တောင်းဆိုတာတွေ တောင်ရှိတယ်လို့ ပြောဆိုပါတယ်။

ထိန်းသိမ်းစစ်ကြောခံရသူ ၁၁၉ ဦးဟာ အနည်းဆုံး ၂၆ ဦးဟာ အပြစ်မရှိပဲ အသားလွတ် ဖမ်းဆီးခံရတာလို့လည်း စုံစမ်းရေးကော်မတီက တွေ့ရှိခဲ့ပါတယ်။ တချို့ကို အချိန်အကြာကြီး ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း Feinstein က ဆိုပါတယ်။

ဒီစစ်ကြောနည်းတွေကို ၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတ အိုဘားမားက ရပ်ဆိုင်းခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စတွေဟာ အမေရိကန်နိုင်ငံကို ထိခိုက်ရသလို မဟာမိတ်တွေနဲ့ပါ လုပ်ရကိုင်ရတာတွေပါ ခက်ကုန်တယ်လို့ ပြောဆိုပါတယ်။

စီအိုင်အေ ကတော့ ဒီစစ်ကြောနည်းတွေက ထိရောက်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ခိုက်မှုတွေကို တားဆီးဖော်ထုတ်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောဆိုနေဆဲဖြစ်ပါတယ်။ အခုချိန်အထိတော့ တာဝန်ရှိသူတဦးတယောက်ကိုမှ စစ်ဆေးအရေးယူခြင်းလည်း မရှိသေးပါဘူး။

အဲ့လို အရေးယူခြင်း မရှိသေးသရွေ့တော့ ရက်စက်တဲ့ စစ်ကြောနည်းတွေကတော့ နောက်သမ္မတတွေ လက်ထက်မှာလည်း ဆက်သုံးနေဦးမယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီဗွီဘီ

စစ်ဆေးရာတွင် အသုံးပြုသည့် နည်းလမ်းများက လူထုနှင့်အမတ်များကို စီအိုင်အေက ပြောဆိုနေသည်ထက် ပိုရက်စက် (ဓာတ်ပုံ – ရိုက်တာ)

စစ်ဆေးရာတွင် အသုံးပြုသည့် နည်းလမ်းများက လူထုနှင့်အမတ်များကို စီအိုင်အေက ပြောဆိုနေသည် ထက် ပိုရက်စက် (ဓာတ်ပုံ – ရိုက်တာ)

အမေရိကန်နိုင်ငံ ၉/၁၁ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံရသူတွေကိုသုံးတဲ့ စစ်ကြောနည်းတွေကို စီအိုင်အေက လွှတ်တော်နဲ့ အိမ်ဖြူတော်ကို လိမ်ညာ အစီရင်ခံခဲ့ပြီး မမှန်တဲ့ အချက်အလက်တွေပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် လွှတ်တော်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား

Photo: ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၄

ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား
“ဖေဖော်ဝါရီ (၁၃) ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊ မိခင်ဒေါ်စုသား ’’ကျွန်တော်တို့ငယ် စဉ် ကလေးဘ၀ကတည်းမှစတင်၍ရွတ်ဆိုခဲ့ရပြီး ယနေ့ထက်တိုင် ခေါင်းထဲတွင် စွဲမြဲစွာမှတ်မိ နေသောကဗျာလေးတစ်ပုဒ်ပင် ဖြစ်ပါသည်။ ထိုကဗျာလေးကို စွဲမြဲစွာမှတ်မိနေသကဲ့သို့ ကျွန်တော်တို့အားလုံး၏ ရင်ထဲ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အမည်နာမမှာ စွဲမြဲစွာတည်ရှိနေပေလိမ့် အုံးမည်ဖြစ်ပါသည်။

မြန်မာပြည်တွင်မွေးသော၊ မြန်မာပြည်တွင်နေထိုင်သော၊ မြန်မာပြည်သား မဟုတ်သော်လည်း မြန်မာသွေးပါ သောသူအားလုံးသည် ဗိုလ်ချုပ်အောင်ဆန်းဟူ သည့် အမည်ကိုကြားရယုံဖြင့် ဂုဏ်ပြုဦးညွတ်ကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဟူသည့်အမည်နှင့် သမိုင်းကြောင်းများကို အပျံသင်စအရွယ်စာသင်ကျောင်းများမှ စတင်၍သင်ကြားခဲ့ရသောကြောင့် ကျွန်တို့အားလုံးသိရှိဂုဏ်ယူခဲ့ကြရသည် မဟုတ်ပါလား။

အမိအဖ၊ အဖိုးအဖွားများ၏ ပြောဆိုဆုံးမ သင်ကြားပြသပေးခဲ့ခြင်း များကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ ကျွန်ပ်တို့ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းပင် ဇာတ်လိုက်ဖြစ်ခဲ့ရပေသည်။ဗိုလ်ချုပ်မွေးဖွားခဲ့သောနေ့ အား မြန်မာနိုင်ငံကလေးများနေ့ဟုလည်းကောင်း၊ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသောနေ့အား အာဇာနည်နေ့ဟူ ၍လည်းကောင်းသတ်မှတ်ခဲ့ပြီး ထိုနေ့ရက်များရောက်သည်နှင့် အစိုးရအဆက် ဆက်မှ အခမ်းအနားများ ပြုလုပ်ကျင်းပပေးခဲ့ခြင်းကြောင့်လည်း ပြည်သူအားလုံး ၏ရင်ထဲတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့နှင့် ဇူလိုင် ၁၉ ရက်နေ့ ရောက်သည်နှင့် မည်သူမှ နှိုးဆော်စရာမလိုပါဘဲနှင့် တစ်ညီတစ်ညွတ်ထဲ ဂုဏ်ပြုဦးညွတ်နေကြ မည် မှာလဲ အမှန်တရား ပင်ဖြစ်ပေသည်။

ထို့အပြင် ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ် စသည့်အထိမ်း အမှတ်နေ ရာများသည် မြန်မာနိုင်ငံရှိမြို့တိုင်းတွင် တစ်ခုမဟုတ်တစ်ခု တည်ရှိနေကြပေသည်။ ထိုအရာကား ကျွန်ပ်တို့အားလုံး၏ ဗိုလ်ချုပ် အောင်ဆန်းအပေါ်တွင်ထားရှိသော ရိုသေလေးစားဂုဏ်ပြုမှုများ ပင်ဖြစ်ပေတော့သည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ရောက်လျှင်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည်မှာ နှစ်တစ်ရာပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ဒါကိုလည်း မြန်မာပြည်သူ ပြည်သားအားလုံးက သိရှိကြပြီးဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုဦးညွတ်ရန်လည်း အသင့် ရှိနေကြပြီဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ပြည်သူအားလုံး စိတ်မကောင်းစရာတစ်ခု ပေါ်ပေါက်ခဲ့ရပါသည်။ ထိုအရာက တော့ ကျွန်ုပ်တို့အားလုံး တန်ဖိုးထားလေးစားမြတ်နိုးရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံများသည် လမ်းမထက်တွင် အသုံးတော်ခံကာ အလှူခံလှည့်လည်နေရခြင်းပင် ဖြစ်တော့သည်။ ဒီထက်ဆိုးရွာသည်ကား ဗိုလ်ချုပ်ဓါတ်ပုံအား လူစည်ကားရာနေရာများတွင်ထောင်ကာ ထိုဓါတ်ပုံရှေ့တွင် အလှူခံပုန်းထားရှိထားခြင်းပင်ဖြစ်ပေတော့သည်။မည်ကဲ့သို့ စိတ်ကူးစိတ်သန်း ရည်ရွယ်ချက်များဖြင့်လုပ်သည်မသိ မြင်ရသူအပေါင်းကတော့ စိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရ ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အလှုခံပုဂ္ဂိုလ်ဖြစ်နေပြီလား၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းသည် ဤမျှလောက် ရိုင်းခဲ့ပြီလား၊ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏မွေးနေ့ကိုဗန်းပြ၍ ပိုက်ဆံတောင်းသူဖြစ်သွားခဲ့ပြီလားဟု ထိုကဲ့သို့ စီစဉ်သူများအား ရင်နာနာနှင့်မေးလိုက်ချင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း သည် ပါတီတစ်ခု၏ အကြီးအကဲလည်းမဟုတ်ပါ၊ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်လည်း မဟုတ်ပါ၊ လူတစ်စု၏ အသုံးချခံပုဂ္ဂိုလ်လည်းမဟုတ်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသား ခေါင်းဆောင်တစ်ဦးသာဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ၊ ဓါတ်ပုံတို့အားအသုံးချ၍ လူထုလှုံ့ ဆော်နေခြင်းများ၊ အလှုခံပိုက်ဆံတောင်းခြင်းများသည် လွန်စွာရွံရှာစက်ဆုပ်ဖွယ်ကောင်း၍နေပေသည်။

ဆန္ဒပြလည်း ဗိုလ်ချုပ်အောင်ဆန်း၊ စတိတ်ရှိုးပွဲလဲ ဗိုလ်ချုပ်အောင်ဆန်း၊ မုန့်ဟင်းခါးရောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဂစ်တာတီးလည်း ဗိုလ်ချုပ်အောင်ဆန်း၊ အလှူခံလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ပိုက်ဆံတောင်းလဲ ဗိုလ်ချုပ်အောင်ဆန်း စသည်တို့ဖြင့် ဗိုလ်ချုပ် အောင်ဆန်းမှာ နိုင်ငံရေးသမား တို့၏ အသုံးတော်ခံ၊ စီးပွားရေးသမားတို့၏ အသုံးချခံဖြစ်နေသည်မှာ ရင်နာစရာကောင်း လှပါသည်။

ယခုဆိုလျှင် ဗိုလ်ချုပ်မွေးနေ့အကြိုလှုပ်ရှား မှုဟု ဆိုကာ အဖွဲ့အစည်းအချို့မှ နယ်လှည့်၍ အလှူခံနေသည် ကိုလည်းတွေ့မြင်ရပေသည်။ ပန်းရဲ့လမ်း ဟူသည့်အဖွဲ့မှာလည်း ကားတစ်စီး၊ မိုက်တစ်လုံးနှင့် နယ်လှည့်စည်းရုံးနေသည် ဟုဆိုပေသည်။ မည်သို့ပင်ဆိုစေ နိဂုံးချုပ် စကားကတော့ အလှုငွေများထည့်ဝ င်လှုဒါန်းနိုင်ပါ သည်ဟူသော စကားပင် ဖြစ်ပေသည်။ လှုပ်ရှားသည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များမှာလည်း မြင်နေကြ၊ လုပ်နေကြ၊ လူများသာဖြစ်နေပြန်သည်။ ဗိုလ်ကြီးဟောင်းဆိုသူ နေမျိုးဇင်လည်း ပါလာပေသည်။ တစ်သက်လုံး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်၊ ဓါတ်ပုံများဖြင့် ပွဲတိုင်းတွင် လုပ်စားလာခဲ့သူများအတွက် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲမှာ ၄င်းတို့အတွက် ငွေတွင်းတစ်ခုလိုသာ ဖြစ်နေပေ တော့သည်။

အချုပ်ဆိုရသော် ကျွန်ပ်တို့ပြည်သူအားလုံးလေးစားကြည်ညိုရသည့် ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ ပါတီကိုမျှကိုယ်စား မပြုပါ။ မြန်မာတစ်မျိုးသားလုံးကိုသာ ကိုယ်စားပြုသည်ဖြစ်ကြောင်းကို သိရှိစေ ချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား လှုံ့ဆော်နေစရာမလိုပါ။ မြန်မာပြည်သူများ ဒီလောက်မရိုင်းပါ။ အားလုံး၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရှိနေသကဲ့သို့ ဗိုလ်ချုပ်အား အချိန်တိုင်းဦးညွတ်နေမည် မှာလည်း အမှန်တရားပင် ဖြစ်ပါသည်။ ယခုလို ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အားဗန်းပြ၍ အသုံးချလုပ်စားနေသည်ကို မြင်တွေ့ရသည်မှာလည်း လွန်စွာစက်ဆုပ်မိပါကြောင်းနှင့် ဗိုလ်ချုပ်မွေးနေ့အား လောဘသားတို့၏ အသုံးချခံမဖြစ်စေလိုကြောင်းကို ပြည်သူ တစ်ယောက်အနေဖြင့် ၀မ်းနည်း စွာဖော် ထုတ်ရေးသားအပ်ပါသည်။

မြင့်နိုင် (မြန်မာစာ)
ဗိုလ်ချုပ်မွေးနေ့သည် လောဘသားများ၏ အသုံးချခံဖြစ်တော့မည်လား
“ဖေဖော်ဝါရီ(၁၃)ဟာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား၊ မိခင်ဒေါ်စုသား ’’ကျွန်တော် တို့ငယ်စဉ် ကလေး ဘ၀ကတည်းမှစတင်၍ရွတ်ဆိုခဲ့ရပြီး ယနေ့ထက်တိုင် ခေါင်းထဲတွင် စွဲမြဲစွာမှတ်မိနေသော ကဗျာလေး တစ်ပုဒ်ပင်ဖြစ်ပါသည်။ ထိုကဗျာလေးကို စွဲမြဲစွာမှတ်မိနေသကဲ့သို့ ကျွန်တော်တို့ အားလုံး၏ ရင်ထဲတွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်အမည်နာမမှာ စွဲမြဲစွာတည်ရှိနေပေလိမ့် အုံးမည်ဖြစ်ပါသည်။

Buddha Bar ကျင်းပမယ်ဆိုတဲ့ ဆိုင်ကို ယာယီပိတ်သိမ်း၊ တာဝန်ရှိသူတွေကို အရေးယူမယ်

Photo: Buddha Bar ကျင်းပမယ်ဆိုတဲ့ ဆိုင်ကို ယာယီပိတ်သိမ်း၊ တာဝန်ရှိသူတွေကို အရေးယူမယ်
Wednesday, December 10, 2014 

ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့ Buddha Bar ကျင်းပမယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက် စာမျက်တွေကနေ ကြော်ငြာမှုတွေ လုပ်နေတဲ့ VGastro.Bar ကို ယာယီ ပိတ်သိမ်းလိုက်ပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောပါတယ်။

အဲဒီကိစ္စကို စီစဉ်တဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာရှိတဲ့ VGastro.Bar က တာဝန်ရှိသူတွေကို စစ်ဆေးဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သူက ဆိုပါတယ်။

Buddha Bar အမည်ရ ကြော်ငြာကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်သူဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောဆိုပါတယ်။

ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကျင်းပမယ့် အဲဒီဘားကို Buddha Bar လို့ အမည်ပေးထားပြီးတော့ ဗုဒ္ဓပုံတော်ကို အသုံးပြုထားတာဟာ ဗုဒ္ဓဘာသာကို စော်ကားတာလို့ VGastro.Bar ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ အပါအဝင် အခြားလူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ ဆက်တိုက် ပြုလုပ်လာပြီးနောက်မှာ အဲဒီကြော်ငြာကို VGastro.Bar အင်တာနက် လူမှုကွန်ရက်စာ မျက်နှာကနေ ဖယ်ရှားခဲ့ပါတယ်။

The Voice Weekly 

(ဓာတ်ပုံ - VGastro.Bar)
ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံတော်မှာ ခေတ်မီ Headphone တပ်ဆင်ထားပြီးတော့ Buddha Bar ကျင်းပမယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက် စာမျက်တွေကနေ ကြော်ငြာမှုတွေ လုပ်နေတဲ့ VGastro.Bar ကို ယာယီ ပိတ်သိမ်းလိုက်ပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောပါတယ်။

ဂါဇာ ထိုးစစ် အတွင်း အစ္စရေးက စစ်ရာဇဝတ်မှုများ ကျူးလွန် ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ စွပ်စွဲ

ဟားမာ့စ်တို့အပေါ် ထိုးစစ် တစ်ခုအတွင်း တွေ့ရသည့် အစ္စရေး စစ်သားများ
အစ္စရေး စစ်တပ်သည် ယခုနှစ် နွေရာသီက ပြုလုပ် ခဲ့သော ဂါဇာ ထိုးစစ် အတွင်းတွင် စစ်ရာဇ ဝတ်မှုများ ကျူးလွန်ခဲ့ရာ ထိုကိစ္စကို စုံစမ်း စစ်ဆေး ရမည်ဖြစ်ေ ကြာင်း လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့က ဒီဇင်ဘာလ ၉ ရက်နေ့တွင် စွပ်စွဲလိုက်သည်။

တောင်ငူ မဘသ အထူးဓမ္မသဘင် ဦးဝီရသူ ဟောပြောမည်

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တောင်ငူ မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပထမဦးဆုံးအကြိမ် ကျင်းပမည့် အထူးဓမ္မသဘင်ကို ဦးဝီရသူ အပါအဝင် မဘသအဖွဲ့ဝင် ဆရာတော်ကြီးများ ဟောပြောမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပသူများ ထံမှ သိရသည်။

ကမ္ဘာမြေချစ်သူဆု ဆရာတော်နှစ်ပါးနှင့် အဖွဲ့အစည်းနှစ်ခု ရရှိ

ကမ္ဘာကြီးကို ချစ်မြတ်နိုးကာ သစ်ပင်များကို အမြတ်တနိုး စိုက်ပျိုးသူများကို ဂုဏ်ပြုသည့်အနေနှင့် ယခုနှစ် အတွက် ပေးအပ်သော ကမ္ဘာမြေ ချစ်သူဆုကို ဆရာတော်နှစ်ပါးနှင့် အဖွဲ့အစည်း နှစ်ခုတို့ ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၉ နေ့က ကျင်းပသော ယင်းပွဲထံမှ သိရှိရသည်။

ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်း ပေါ်တွင် အိပ်နေသော သံဃာ အတု (၁၀) ဦးအား လူဝတ်လဲ အရေးယူ

ဒီဇင်ဘာလ (၈) ရက်နေ့ ညပိုင်းက ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်းပေါ်တွင် အိပ်နေသော သံဃာ အတုအယောင် (၁၀) ဦးအား လူဝတ်လဲ၍ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူ လိုက်ကြောင်း ရန်ကုန် ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ သတ်မှတ် စည်းကမ်းချက်နဲ့ မညီတဲ့ သာသနာ ညှိုးနွမ်းစေသူတွေပါ၊ လူဝတ်လဲပြီး သံဃ နာယကက အရေးယူပေးပါ ဆိုပြီး ပြောကြား လို့ပါ။ ပလက်ဖောင်းပေါ် အိပ် ဟိုအိပ် ဒီအိပ်နဲ့ ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က The Messenger Media သို့ ပြောသည်။

လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့

Photo: လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့
Wednesday, December 10, 2014

Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန် လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံးစွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ဝမ်းနည်းစရာ သတင်းပါပဲ။ J လို့ အမည်ရတဲ့ ယင်း လူငယ်ဟာ ငွေရရှိဖို့အတွက် တိုးရစ်များနဲ့ အတူ ဓာတ်ပုံ ရိုက်ကူးဖို့အတွက် ယင်း ဝတ်ဆုံကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ကိုင်ထားခဲ့တဲ့ ဓားကတော့ ငွေနဲ့ လုပ်ထားတဲ့ တကယ့် ဓား အစစ်ကြီးပါ။ ပတ်ဝန်းကျင်မှာလည်း လူတွေ ကြောက်လှန့်နေတာကို မြင်တော့ ရဲလည်း နေရာကို ရောက်ရှိလို့ ပစ်ခတ်ခဲ့ ပါတယ်။ တစ်ချက်တောင် မကပဲ အချက်ပေါင်းများစွာ ခေါင်းကို ပစ်ခဲ့ လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ ပါတယ်။

ဒီတော့ ဘယ်သူ့ အမှားဆိုတာ ပြောရခက်ပါတယ်။ ရဲတို့ အနေနဲ့လည်း လုံခြုံရေးအရ ပြုလုပ်ပေမယ့် လူတစ်ယောက် အသက်သေဖို့အထိ ခေါင်းကို ပစ်ရန် မသင့်တော် ဘူးလို့ ဟောလိဝုဒ်နေ မြို့ခံများက ပြောဆိုနေပါတယ်။ ယင်း J အနေနဲ့လည်း ဓားအစစ်ကိုင်ပြီး လူစည်ကားရာ နေရာမှာ Performance လုပ်မနေသင့်ဘူးလို့လဲ ရဲတို့ဘက်ကမှ ထောက်ခံသူများက ပြေဆိုပါတယ်။ ယင်းဖြစ်ရပ် ကြောင့် ဟောလိဝုဒ်က Street Performance လုပ်သူတွေ အကုန်လုံး ကြောက်ရွှံ့သွားခဲ့ကြ ပါတယ်။

Ref: Dailymail
www.yoyarlay.com
အောင်ခမ်း (ရိုးရာလေး)
Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန်လူသတ်သမားကို သိကြ ပါလိမ့်မယ်။ မျက်နှာလုံး စွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ

Photo: ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ
Wednesday, December 10, 2014

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီအချိန် သတင်းပေးပို့ချက်အရ ထာ့ချဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်စစ်ဆေးရာ ထာ့ချဲ့မြို့နယ် ဘန့်နမ့်ယဉ် ကျေးရွာအုပ်စု ဖစ်ကဆဲမ်လမ်းကွေ့တခုမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိရဲဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။

ဖြစ်ပွားပုံမှာ အခင်းဖြစ်တဲ့ မနက်က တရားမ၀င်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကား ၃ စီးဟာ ဖစ်ကဆဲမ်လမ်းမကြီးပေါ်ကနေ ထာ့ချဲ့မြို့ကို ဦးတည်လာနေပြီး လမ်းခုလပ်မှာ ထိုင်းစစ်တပ်စစ်ဆေးရေးကားနဲ့ တိုးမိလို့ ယာဉ်မောင်းသူက ထိတ်လန့်ပြီး မော်တော်ကားကို အရှိန်မြှင့် မောင်းပြေးရာကနေ အကွေ့တခုမှာ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

နောက်ကလိုက်လာတဲ့ယာဉ်ကို ရှေ့က ပိတ်ထားလိုက်သလိုဖြစ်ပြီး တတိယကားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိ ရဲဝန်ထမ်းက ပြောပါတယ်။

စစ်ဆေးချက်အရ ကားပေါ်တင်ဆောင်လာသူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ အယောက် ၃၀ ကိုတော့ ချွန်းဖွန်းခရိုင်ဆေးရုံကြီးနဲ့ ထာ့ချဲ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို ထာ့ချဲ့မြို့မရဲစခန်းက တရားမ၀င် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး နေရင်းနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – thairath.co.th
ဓာတ်ပုံ – thairath.co.th
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

မလေးရှားက မြန်မာလူသတ်မှုများ ဖော်ထုတ်နိုင်တော့မည်

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မြန်မာတစ်ဦး အသတ်ခံရတဲ့ အမှုဟာ မကြာခင်က ဖမ်း ဆီးမိခဲ့တဲ့ ၁၇ ဦးပါဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။

နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို

Photo: နာဂဒေသအတွက် သီးခြားလွှတ်တော်တစ်ရပ် တောင်းဆို
Wednesday, December 10, 2014

နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ ကော်မတီဝင်များက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အချက် ၂၇ ချက် ပါဝင်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့သည့် နာဂအမျိုးသား ညီလာခံ ဆုံးဖြတ်ချက်အရ ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

နာဂမျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ဥပဒေပြုရေးကဏ္ဍ အပါအဝင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ စသည့် မဏ္ဍိုင်သုံးရပ်လုံးကိုပါ ဌာနေလူမျိုးများ၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် နာဂလူမျိုးများ၏ ရေခံမြေခံကို အခြေခံကာ သီးခြားကျင့်သုံးခွင့် ရရှိရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် မဏ္ဍိုင်ကြီးသုံးရပ်လို့ ပြောမှတော့ ကျွန်တော်တို့ လွှတ်တော်ကို တောင်းဆိုနေတာလား ဆိုတော့ လွှတ်တော်ကို လိုအပ်တယ် ဆိုတာကို ပြောရမှာပေါ့။ ဥပဒေပြုရေး အခန်းကဏ္ဍ ပါလာတဲ့အခါမှာ ဒီလွှတ်တော်ကြီး မရှိဘဲနဲ့ ကျွန်တော်တို့ ဒီဥပဒေပြုရေး အခန်းကဏ္ဍကို ဘယ်လိုပီပီပြင်ပြင် တည်ဆောက်နိုင်မှာလဲ” ဟု နာဂအမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဦးနော်အောင်ဆန်းက ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်း မြို့နယ်သုံးခုကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ထားသည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာဖြစ်ပြီး ဥပဒေပြုရေး ကဏ္ဍတွင် ပါဝင်ခွင့် မရှိသေးသောကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဌ ဦးအောင်ထွဋ်က The Voice သို့ပြောဆိုသည်။

ယင်းအပြင် သမိုင်းကြောင်းအရ နာဂနယ်မြေဟု အသိအမှတ် ပြုခဲ့သည့် နယ်မြေများကို နာဂနယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ပြီး ယင်းနာဂ နယ်မြေများတွင် မည်သည့် ဒေသများ ပါဝင်ထည့်သွင်း သတ်မှတ်မည်ကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။

“နိုင်ငံတော် အစိုးရကလည်း ကျွန်တော်တို့ နာဂတွေ ဘယ်မှာ နေထိုင်ခဲ့တယ်ဆိုတာ လုံးဝအတိအကျ သိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ကျွန်တော်တို့ နာဂတွေ နေထိုင်တဲ့ နေရာတွေက ချန်လှပ်ခြင်း ခံခဲ့ရတယ်။ ဒါတွေကို ကျွန်တော်တို့က ပြန်လည် ပြုပြင်ပေးဖို့ကို ပြန်ပြီးတော့ တောင်းဆိုထားတာပါ” ဟု ၎င်းကဆိုသည်။

နာဂဒေသအတွင်း တရားစီရင်ရေး စနစ်ကိုလည်း နိုင်ငံတော် ဥပဒေအရ မဟုတ်ဘဲ ဌာနေ နာဂမျိုးနွယ်စုများအလိုက် ရိုးရာတရားစီရင်မှု ထုံးတမ်းဖြင့်သာ တရားစီရင်ခွင့်ပြုရန် ညီလာခံတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က ပြောကြားသည်။

ယနေ့ ထုတ်ပြန်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ ထုတ်ပြန်ချက်တွင် နာဂရိုးရာ ယဉ်ကျေးမှုပွဲများကို အစိုးရမှ တိုက်ရိုက် လွှမ်းမိုးခြင်း မရှိရန်၊ နာဂမျိုးနွယ်စု နှစ်သစ်ကူးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်၊ နာဂဒေသသို့ နိုင်ငံခြားသားများ လွတ်လပ်စွာ သွားလာခွင့်ပြုရန်တို့ အပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ စုစုပေါင်း သဘောထား ၂၇ ချက်ကို ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly
နာဂတိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် များကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်အဖြစ် သီးခြားလွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် တောင်းဆိုကြောင်း နာဂ အမျိုးသား ညီလာခံ ကျင်းပရေး ဦးဆောင် ကော်မတီဝင်များက ပြောဆိုသည်။

မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ

Photo: မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ
Wednesday, December 10, 2014 

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦးရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာက ဖော်ပြပါတယ်။

မူလသတ်မှတ်ထားတဲ့ ရုံးချိန်းက ၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမရုံးချိန်းမှာ မြန်မာလူငယ်နှစ်ဦးအပေါ် စွဲဆိုထားတဲ့ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် စွဲချက် ၆ ခုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ လူငယ် နှစ်ဦးက ပြစ်မှုအားလုံးမကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။အဲ့ဒီလို ထွက်ဆိုအပြီး၊ နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို တရားရုံးက သတ်မှတ်လိုက်တာဖြစ်ကြောင်း နေးရှင်းသတင်းစာက ဖော်ပြပါတယ်။

လူငယ်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့များအဖွဲ့ ခေါင်းဆောင်က နဂိုကမှ သူတို့အတွက် သက်သေလိုက်ထွက်ဆိုပေးဖို့ စိုးရိမ်ကြောက်လန့်သူတွေ များပြားနေရတဲ့အထဲ၊ နောက်တစ်ကြိမ် သတ်မှတ်လိုက်တဲ့ ရုံးချိန်းက သိပ်ပြီးနီးကပ်လွန်းနေတဲ့အတွက် လိုအပ်တဲ့ သက်သေတွေ ခေါ်ယူစုဆောင်းဖို့ အချိန်နည်းသွားကြောင်း၊ ဒါပေမဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အကြီးတန်းအရာရှိတစ်ဦးကတော့ လူငယ်နှစ်သီး အာမခံရဖို့ လိုအပ်တာတွေ ဆောင်ရွက်နေကြောင်း၊ သူတို့နှစ်ဦးဟာ ထိုင်းကနေ ထွက်ပြေးကြမှာ မဟုတ်ဘူးဆိုတာ အာမခံပါကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

RFA Burmese
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦး ရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းစာက ဖော်ပြပါတယ်။