Thursday, 18 September 2014

တွတ်ရသည်ဟုဆိုပြီး ငွေနှစ်သိန်းပေးသွားသည့် ထီလက်မှတ် ဆယ်သိန်းပေါက်သည့် ထီလက်မှတ်ဖြစ်နေ

ထီသုံးစောင်ထိုးရာ တစ်စောင်ကတွတ်နှစ်သိန်းဝင်ကြောင်း ထီ ရောင်းသမားကိုယ်တိုင်ရွာသို့လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ နှစ်သိန်းတွင် ၅ဝဝဝဝ ခန့်လျော့ နေသဖြင့် ထီဆိုင်သွား စုံစမ်းရာမှ တွတ် ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ ပြေလည်အောင် ဖြေရှင်းပေး လိုက်ရသည့် ဖြစ်ရပ်တစ်ခု မကွေးမြို့ နတ်ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဆက်ကြေးမပေးနိုင်သော ဒေသခံ ၁၀ ဦးအား မိုင်းရှင်းလင်းစေခိုင်းမှု KIA ခေါင်းဆောင်ပိုင်းထံ ကန့်ကွက်စာပို့

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်နေ တစ်ပိုင်တစ်နိုင်သစ်ခုတ်လုပ်ငန်း လုပ်ကိုင် သူဒေသခံ (၁၀) ဦး အားစက်တင်ဘာ ၁၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးပြီး မိုင်းရှင်းလင်း ခိုင်းစေမှုကို မကျေနပ်သဖြင့် ကန့်ကွက်စာပို့ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အိုင်စီတီမြို့တော်တည်ဆောက်ရေး စီမံကိန်းမြေအတည်ပြုရန် လာမည့်တစ်ပတ်အတွင်း တိုင်းအစိုးရအဖွဲ့နှင့် ဆွေးနွေးမည်

Photo: အိုင်စီတီမြို့တော်တည်ဆောက်ရေး စီမံကိန်းမြေအတည်ပြုရန် လာမည့်တစ်ပတ်အတွင်း တိုင်းအစိုးရအဖွဲ့နှင့် ဆွေးနွေးမည်
Thursday, September 18, 2014 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိုင်စီတီမြို့တော် (ICT City) တည်ဆောက်ရေး မြေနေ ရာ သတ်မှတ်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လာမည့်တစ်ပတ်အတွင်း ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

ICT City တည်ဆောက်ရန်အတွက် မြေနေရာများကို သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး သင့်တော်သည့် မနေရာကို ရရှိနိုင်ရန် ဆွေးနွေးမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဦးခွန်ဦးက “မြေနေရာ သုံး၊ လေးခု လောက်ကိုတော့ သွားကြည့်ထားပါတယ်။ အဲဒီနေရာတွေထဲ သင့်တော်တဲ့ မြေနေရာ ရရှိဖို့အတွက် တိုင်းဒေသအစိုးရအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ အတည်ပြုသွားမှာပါ” ဟု ပြောသည်။

ရန်ကုန်တွင် အိုင်စီတီစီးတီး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ ဇူလိုင်လအတွင်းက တွေ့ဆုံစဉ် သမ္မတက ညွှန်ကြားခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ညွှန်ကြားရာတွင် ရန်ကုန်တွင် အိုင်စီတီလုပ်ငန်းများ၊ ကုမ္ပဏီများ ပေါင်းစည်းလုပ်ကိုင်နိုင်0သည့် ပြင်ဦးလွင်ရှိ ဆိုက်ဘာစီးတီးကဲ့သို့ မြေဧက ငါးရာခန့် ကျယ်ဝန်းသော အိုင်စီတီမြို့တော်တစ်ခုကို ရန်ကုန်တွင် တည်ဆောက်ရန် ဖြစ်သည်။

ဦးခွန်ဦးက “မြေနေရာသတ်မှတ်ပြီးရင်တော့ နည်းပညာလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ စုပေါင်းပြီး ပရောဂျက်အတွက် အစီအစဉ်ဆွဲမယ်။ ပြီးရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ်ရှာပြီး အခြေခံ အဆောက် အအုံတည်ဆောက်ဖို့ တင်ဒါ ခေါ်တာမျိုး လုပ်သွားမယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိုင်တီလုပ်ငန်းများ ဖြစ်သော Hardware၊ Software ထုတ်လုပ်သည့်လုပ်ငန်းများ ပိုမိုတိုး တက်လာစေရန်အတွက် အခြေခံအဆောက်အအုံများ မရှိမဖြစ် တည်ဆောက်ရန် လိုအပ်သည်ဟု အိုင်တီ ပညာရှင်များက ပြောကြားသည်။

Myanmar Technology Gateway (MTG) ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်မင်းဦးက “ဒီအိုင်စီတီစီးတီးမှာ အခန်းငှားစားတာမျိုးလောက် မဟုတ်ဘဲ တကယ့်ကို အိုင်တီလုပ်ငန်းကြီးတွေ စုပြီးလုပ်ကိုင်တဲ့ နေရာတစ်ခုဖြစ်လာဖို့ လိုအပ်တယ်။ ဒါ့အပြင် တက်သစ်စ လူငယ်နည်းပညာရှင်တွေအတွက် နည်းပညာ လေ့ လာနိုင်တဲ့ Lab တွေကိုလည်း ထည့်သွင်း တည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီနေရာမှာပဲ နည်းပညာသစ်တွေကို ကျောင်းသားလေးတွေ လေ့လာတီထွင်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အိုင်စီတီမြို့တော် တည်ဆောက်ရန်အတွက် မြေနေရာသုံးနေရာကို သွားရောက် လေ့လာကြည့်ရှုထားပြီး ရန်ကုန်မြို့ Downtown ဧရိယာရှိမြို့များ မပါဝင်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ဖြစ်သည်ဟု ဦးခွန်ဦး ဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် နည်းပညာလုပ်ငန်းအများစု လုပ်ကိုင်နေသည့် MICT Park ကို တည်ဆောက်ထားသည်။

Mizzima - News in Burmese  

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် နည်းပညာလုပ်ငန်းအများစု လုပ်ကိုင်နေသည့် MICT Park ဝန်း တစ်နေရာ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈျိမ)
ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် နည်းပညာလုပ်ငန်းအများစု လုပ်ကိုင်နေသည့် MICT Park ဝန်း တစ်နေရာ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈျိမ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိုင်စီတီမြို့တော် (ICT City) တည်ဆောက်ရေး မြေနေ ရာ သတ်မှတ်နိုင် ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လာမည့်တစ်ပတ်အတွင်း ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ခန္တီးရှိ စက်လှေများကို ဆက်ကြေးကောက်နေ

Photo: နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက ခန္တီးရှိ စက်လှေများကို ဆက်ကြေးကောက်နေ
Thursday, September 18, 2014 

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ခန္တီနှင့် တိုက်တီးပြေးဆွဲလျက်ရှိသော စက်လှေများကို နာဂ အမျိုးသား ဆိုရှယ်ကောင်စီ အဖွဲ့ (NSCK) က ဆက်ကြေးများ ကောက်ခံနေသည်ဟု ဒေသခံ စက်လှေပိုင်ရှင် များက စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါစက်လှေများကို စက်တင်ဘာ ၁၄ ရက်မှစတင်၍ ဆက်ကြေးများ ကောက် ခံနေပြီး မပေးနိုင်သော ရေယာဉ်ပိုင်ရှင်များကို ဖမ်းဆီးနေဟုလည်း ဒေသခံများက ဆိုသည်။

“စက်လှေတစ်စင်းကို သုံးသိန်းနှုန်းတောင်းတယ်။ အကုန်ပေးရတယ်။ မပေးလို့လည်းမရဘူး။ မပေးတဲ့သူ ကို ဖမ်းတယ်။ ဒီလိုတွေလုပ်နေတာ သိသိကြီးနဲ့သက်ဆိုင်ရာက ဘာမှဆောင်ရွက်မပေးဘူး” ဟု စက်လှေ ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆက်ကြေးငွေ မပေးသွင်းနိုင်သော စက်လှေပိုင်ရှင်များကို အဆိုပါ ၁၄ ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး လုပ်ငန်းတူ စက်လှေပိုင်ရှင်များက အာမခံဖြင့် ပြန်လည်ခေါ်ယူခဲ့ရသည်ဟုလည်း ဒေသခံများက ဆိုသည်။

“မပေးနိုင်သေးတဲ့ အောင်ပြည့်ကျော် စက်လှေပိုင်ရှင်ကို ဖမ်းဆီးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့ အားလုံးစုပြီး အာမခံနဲ့ ပြနခေါ်ခဲ့တယ်။ ဆက်ကြေးတောင်းရုံတင် မဟုတ်ဘူး။ လူဖမ်းတဲ့အဆင့်ထိ ရောက်နေပြီ။ နောက်ဆိုကျွန်တော်တို့ အသက်အန္တရာယ်လည်း စိုးရိမ်နေရပြီ။ လောလောဆယ် ကာကွယ်ပေးမယ့် သူမ ရှိဘူး” ဟု စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ခန္တီးမြို့နယ်တွင် ခန္တီနှင့် တိုက်တီးပြေးဆွဲနေသော ရေယာဉ် အသင်းပေါင်း ၁၄ သင်းရှိပြီး စက်လှေ ပေါင်း ၅၀ ကျော်ရှိသည်။ ထိုအသင်းအားလုံးမှ စက်လှေများကို တစ်စင်းသုံးသိန်း ဆက်ကြေးကောက်ခံ ခြင်းဖြစ်သည်။

ဆက်ကြေးကောက်ခံမှုကို အချို့စက် လှေပိုင်ရှင်များက ပေးဆောင်နိုင်သော် လည်း အချို့မှာ ပေးဆောင်ရန် ခက်ခဲနေ၍ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်ဟု စက်လှေပိုင်ရှင်များက ဆိုသည်။

အဆိုပါ ဆက်ကြေးကောက်ခံနေသော အဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

၎င်းအဖွဲ့သည် ရွှေလုပ်ကွက်များထံမှ လည်းကျပ် ၁၀ သိန်းမှ ကျပ် ၁၅ သိန်းအထိ ဆက်ကြေးကောက်ခံမှု များ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ဘက်မှာက လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ ဒီစက်လှေတွေကိုပဲ အားကိုးပြီး သွားလာလုပ်ကိုင်စားသောက်နေရတယ်။ စက်လှေတွေ နားမယ်ဆို ကျွန်တော်တို့ဒေသခံတွေ စားဝတ်နေရေး ခက်ခဲမယ်။ ပြီးတော့ အစီးရေနည်းသွားတော့ စက်လှေခတွေလည်း တက်သွားနိုင်တယ်။ ဒါတွေကို တိုင်း အစိုးရအဖွဲ့က လျစ်လျူရှုထားတာကတော့ မကောင်းဘူး” ဟု ဒေသခံ ကိုအောင်ဆန်းမြင့်က ပြောကြားခဲ့ သည်။

ရေယာဉ်အသင်း ၁၄ သင်းမှ စက်လှေ ပိုင်ရှင်များသည် ဆက်လက်ပြေးဆွဲရန် စိုးရိမ်နေပြီး လုပ်ငန်းရပ် ဆိုင်းရန်အချို့က ပြင်ဆင်နေကြသည်ဟု စက်လှေပိုင်ရှင်များက ဆိုသည်။

အဆိုပါ ဆက်ကြေးတောင်းနေမှုနှင့် ပတ်သက်၍ နာဂ အမျိုးသားဆိုရှယ်ကောင် စီအဖွဲ့ (NSCK) ဆက်ဆံရေးရုံးတာဝန်ခံ ဦးကျော်ဝင်းဆွေကို မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ပြီး ပြန်လည်ဖြေ ကြားခြင်းမပြုခဲ့ပေ။

Mizzima - News in Burmese  

ခန္တီးမြစ်ဆိပ်အတွင်း ရပ်နားထားသည့် ခရီးသည်တင်သင်္ဘောများကို တွေ့ရစဉ်
ခန္တီးမြစ်ဆိပ်အတွင်း ရပ်နားထားသည့် ခရီးသည်တင်သင်္ဘောများကို တွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ခန္တီနှင့် တိုက်တီးပြေးဆွဲလျက်ရှိသော စက်လှေ များကို နာဂအမျိုးသားဆိုရှယ်ကောင်စီအဖွဲ့ (NSCK)က ဆက်ကြေးများ ကောက်ခံနေသည် ဟု ဒေသ ခံ စက်လှေပိုင်ရှင် များက စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်၏ ထက်ဝက်ခန့်ဖြစ်သော ကန်ဒေါ်လာ သန်း ၂,၄၀ဝ ကျော် ဩဂုတ်လအတွင်း ဝင်ရောက်

 Photo: နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်၏ ထက်ဝက်ခန့်ဖြစ်သော ကန်ဒေါ်လာ သန်း ၂,၄၀ဝ ကျော် ဩဂုတ်လအတွင်း ဝင်ရောက်
Thursday, September 18, 2014 

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကို ဩဂုတ်တစ်လတည်းတွင် ဝင်ရောက်ခဲ့ရာ ပို့ကုန်ကဏ္ဍနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့် လုပ်ငန်းများစွာ ပါဝင်လာလျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA စာရင်းများတွင် ဖော်ပြထားသည်။

လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၅,ဝ၀ဝ ရရှိရန် ရည်မှန်းထားရာ သြဂုတ်လ
အတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများက ခန့်မှန်းပမာဏအားလုံး၏ ထက်ဝက်ခန့်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဘဏ္ဍာနှစ်အစ လေးလတာဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ သုံးဆကျော်ပမာဏ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက "ဘဏ္ဍာနှစ်အစကနေ အခုအချိန်ထိဆိုရင် ဒေါ်လာ သုံးဘီလီယံကျော် ဝင်ရောက်ထားပြီးဖြစ်တော့ မှန်းထားတဲ့ပမာဏရဲ့ သုံးချိုး နှစ်ချိုးကို ရထားပြီးဖြစ်ပါတယ်။ လုပ်ငန်းတွေက အများကြီးပါပဲ။ အများစုကတော့ ကုန်ထုတ်လုပ်ငန်းမှာ ဝင်တာဖြစ်ပါတယ်" ဟု ဩဂုတ် ၁၄ ရက်က အင်းယားလိတ်ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

ဘဏ္ဍာနှစ်အစ လေးလတာကာလတွင် ကုမ္ပဏီပေါင်း ၄၈ ခုမှ ကန်ဒေါ်လာ သန်း ၇၄၀ ကျော်သာရှိကာ ဩဂုတ်လတစ်လ
တည်းတွင် ကုမ္ပဏီ ၄၀ မှ ကန်ဒေါ်လာ ၂,၄၄၃ သန်းကျော် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်းပမာဏအားဖြင့်ဆိုပါက ဩဂုတ်လကုန်အထိ ကန်ဒေါ်လာ ၃,၁၈၃ သန်းကျော် ဝင်ရောက်ထားခြင်း ဖြစ်သည်။

ဩဂုတ်လအတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်ငန်း ၁၅ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း သုံးခု၊ စွမ်းအင်ကဏ္ဍလုပ်ငန်း တစ်ခု၊ ဟိုတယ်လုပ်ငန်း နှစ်ခု၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၁၃ ခုနှင့် အခြားလုပ်ငန်း သုံးခုတို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍအားနည်းနေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ကုန်ထုတ်လုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းများ ဝင်ရောက်လာခြင်းက ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အကောင်းဆုံး ကဏ္ဍများဖြစ်သည်ဟု ပုဂ္ဂလိကကုမ္ပဏီ တစ်ခု၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးလှမောင်က မဇ္ဈိမကို ပြောထားသည်။

ဦးလှမောင်က "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုတဲ့နေရာမှာ ဘယ်လုပ်ငန်းတွေကို အဓိက ဝင်တာလဲဆိုတာကလည်း အရေးကြီးတယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေဆိုတာက အောက်ခြေလူတန်းစားတွေအတွက် တိုက်ရိုက်အကျိုးရှိတဲ့လုပ်ငန်းတွေ ဖြစ်တယ်" ဟု ဩဂုတ်လအတွင်းက မဇ္ဈိမကို ပြောထားသည်။

ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ဝင်ရောက်မှုနည်း
နေရာ အဆိုပါကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် ကြီးမားသည့်လိုအပ်ချက်ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများက မဇ္ဈိမကို ပြောထားသည်။

Mizzima - News in Burmese 

တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုဖြင့် လာရောက်ဖွင့်လှစ်သည့် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တစ်နေရာ ကို တွေ့ရစဉ်။ (ဓာတ်ပုံဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ဧပြီ ၁ ရက်မှ သြဂုတ်လကုန်အထိ ကန်ဒေါ်လာ ၃,၁၈၃ သန်းကျော် ဝင်ရောက်ထားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုဖြင့် လာရောက်ဖွင့်လှစ်သည့် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တစ်နေရာ ကို တွေ့ရစဉ်။ (ဓာတ်ပုံဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ဧပြီ ၁ ရက်မှ သြဂုတ်လကုန်အထိ ကန်ဒေါ်လာ ၃,၁၈၃ သန်းကျော် ဝင်ရောက်ထားခြင်း ဖြစ်သည်။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကို ဩဂုတ်တစ်လတည်းတွင် ဝင်ရောက်ခဲ့ရာ ပို့ကုန်ကဏ္ဍနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့် လုပ်ငန်းများစွာ ပါဝင်လာလျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA စာရင်းများတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရဆောင်ရွက်နေ

Photo: စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရဆောင်ရွက်နေ
Thursday, September 18, 2014 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ၊ စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်လို၍၊ ပြည်နယ်အစိုးရ အဖွဲ့မှ မူလကျေးရွာသို့ပြန်နိုင်ရန် အတွက် ဆောင်ရွက်ပေးလျှက်ရှိနေသည်ဟု ဗန်းမော်ခရိုင်ရှိ (IDP)စခန်းများကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံများ၊ အကြံပေးညှိနှိုင်းရေးမှူးများထံမှ သိရှိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင်လက ဗန်းမော်မြို့သို့ လာရောက်စဉ် လွယ်ဂျယ် ခရီး စဉ်၌ (IDP) စခန်းများသို့ သွားရောက်တွေ့ ဆုံစဉ် နေရပ်ပြန်လိုပါက ကူညီမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စကို အခုကျွန်တော်တို့ ဆောင်ရွက်နေပါပြီ။ ပထမဆုံး မိုင်းအန္တရာယ်ကင်း ရှင်းရေးကို စတင်လုပ်ဆောင် နေပြီဖြစ်တဲ့အပြင် ဆောက်လုပ်ရေးတွက် ပစ္စည်းများကိုလည်း ဒီလ(၁၆)ရက်ကနေ ပို့ဆောင်နေပါတယ်။”ဟု ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောသည်။

စစ်ဘေးရှောင်စခန်းများမှ နေရပ်ပြန်လိုသည့်သူများကို စာရင်းပြုစုရာမှာ စိန်လုံကျေးရွာ၊ စိန်လုံကမ္ဘာကျေးရွာနှင့် ပန်မူကျေးရွာတို့မှ အိမ်ထောင်စု(၃၃)စု ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စုများမှ ကာယကံရှင်များကိုခေါ်ယူကာ ၎င်းတို့နေအိမ်များကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ကျပ် (၆)သိန်းစီ နေအိမ်ပြုပြင်ခအဖြစ် ထောက် ပံ့ ပေးခဲ့သည်။

ထို့ပြင် ပြည်နယ်အစိုးရက ရွာအရောက်သွားပြီး ပြုပြင်ပေးရာတွင် ပြုပြင်ခ(၁)သိန်း ကျလျှင် ကျန်(၅)သိန်းကို အိမ်ရှင်ထံပြန်လည်အပ်နှံမည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းအတွက် ပညာရေးဝန်ကြီးဋ္ဌာနမှ ကူညီမှုများ ပြု လုပ်ပေးသွား မည်ဖြစ်ကာ ကျန်းမာရေးပြဿာနာများအတွက် ဆေးခန်းများ လည်း ဆောက် လုပ်ပေးပြီး ဖြစ်သည်ဟု ဦးစိန်မြင့်က ပြောသည်။

လွယ်ဂျယ်၌ ဒုက္ခသည်စခန်း(၄)ခုရှိရာမှာ လီဆူးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု (၁၇၃)စု၊ ညောင်နှစ်ပင်တွင် (၄၈)စု၊ KBC စခန်းတွင် (၂၇)စုနှင့်၊ ဆိုင်းဂျာတွင် (၃၉)စု စုစုပေါင်း အိမ်ထောင်စုဦးရေ (၂၈၇)စုရှိသည်ဟု လွယ်ဂျယ်ဒုက္ခသည်စခန်း တာဝန်ခံထံမှ သိရှိရသည်။

“မြစ်ကြီးနား၊ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ UPWC နဲ့ KIO တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေးအတွက် အဓိကလုပ်ငန်း(၃)ရပ်ကို ချမှတ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ချမှတ်ခဲ့တဲ့(၃) ရပ်ပြီးစီးမှသာ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးဟာ စိတ်ချလက်ချဖြစ်ပါမယ်။” ဟု မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွန်ဂျာမှ ပြောသည်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမတွင် လွန်ခဲ့ သည့် မေလက အပစ်အခတ်ရပ်ဆဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်စစ်ပြေး ဒုက္ခသည်များ ကိုယ့်ရပ်ကိုယ့်ရွာပြန်နိုင်ရေး ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး ကျေးရွာများတွင် မြေမြုပ်မိုင်း အန္တရယ်ရှင်းလင်းရေး၊ နေအိမ် များ ပြုပြင်တည်ဆောက်ရေးနှင့် လယ်ယာလုပ်ငန်းခွင် ပြန်လည်ဖော် ထုတ်ပေးရေးတို့ ပါဝင်ခဲ့သည်ဟုဆိုသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ့ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေး ကို ဒေသခံ စခန်းတာဝန်ခံများ ဒုက္ခသည် စခန်းများ ကူညီထောက် ပံ့ရေးလူမှု အသင်းအဖွဲ့များနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ရန် အလိုရှိနေကြောင်း အစိုးရနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းများက ဆိုသည်။

Myitmakha
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ၊ စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန် လို၍၊ ပြည်နယ်အစိုးရ အဖွဲ့မှ မူလကျေးရွာသို့ပြန်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိနေသည်ဟု ဗန်းမော်ခရိုင်ရှိ (IDP)စခန်းများကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံများ၊ အကြံပေးညှိနှိုင်းရေးမှူး များထံမှ သိရှိရသည်။

UNFC မှ ကေအင်န်ယူ ခွဲထွက်မည့်ကိစ္စ မဆုံးဖြတ်သေး

ပြီးခဲ့သည့် ရက်ပိုင်းအ တွင်း ကရင်အမျိုးသားအစည်းအ ရုံး ဌာနချုပ်တည်ရှိရာ လော်ခီးလာ၌   ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) မှ ခွဲထွက် မည့်ကိစ္စကို မဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

လမ်းခွဲလိုက်ကြတဲ့ ကိုရီးယားသရုပ်ဆောင် လီဂျင်ဝတ်နဲ့ ကောင်ဟိုဂျင်း

ကိုရီးယားသရုပ်ဆောင် မင်းသားနှင့် မင်းသမီးများဖြစ်ကြ သော လီဂျင်ဝတ်နှင့် ကောင်ဟိုဂျင်းတို့ လမ်းခွဲ လိုက်ပြီဟု တရား ၀င် အတည်ပြုသတင်းထုတ်ပြန် လိုက်သည်။

ငလျင်ဧရိယာအတွင်းပါဝင်နေသော်လည်း Capital City စီမံကိန်း စိတ်ဝင်စားသူများဟုကုမ္ပဏီပြော

ဆောက်လုပ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Capital Development မှ တည် ဆောက်သည့် Capital City သည် ငလျင်ဧရိယာအတွင်း ပါဝင်နေသော်လည်း စိတ်ဝင်စားသူများပြားကြောင်း သတင်း ရရှိသည်။

ကိုယ်ဝန်ဆောင်လက္ခဏာမတွေ့ရတဲ့ ဘီယွန်းစေး

Photo: ကိုယ်ဝန်ဆောင်လက္ခဏာမတွေ့ရတဲ့ ဘီယွန်းစေး
Thursday, September 18, 2014

ပြင်သစ်နိုင်ငံ ပါရီ မြို့တွင် အဆုံးသတ်သည့် on the run ခရီးစဉ်အတွင်း ဇနီးဖြစ်သူ ဘီယွန်းစေး ကိုယ်ဝန်ဆောင်ထား ပြီဆိုသည့် သတင်းကို ဂျေးဇီ က ပြောကြားလိုက်သည်ဆိုသော အ တည်မပြုရသေးသည့် အွန်လိုင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ဘီယွန်းစေးမှာ နောက်ထပ် ကိုယ်ဝန်ဆောင်ထားရပြီဟူသော ကောလာဟလသတင်းများ  ထွက်ပေါ် လာသည်။

ရက်ပ်အဆိုတော် ဂျေးဇီက ဘီယွန်းစေးသည် နောက်ထပ် တစ်ကြိမ် ကိုယ် ၀န်ဆောင်ထားပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့သည် ဆို၏။ ယင်းသတင်းများနှင့် ပတ်သက်၍ ၎င်းတို့ ဇနီးမောင်နှံက ဖွင့်ဟပြောဆိုခြင်း မရှိသေးပေ။

သို့သော် ယင်း ကောလာဟ လသတင်းများ မဟုတ်ကြောင်း ပြသလို ပုံပေါ်သည့် ဘီယွန်းစေး သည် ရေကူးဝတ်စုံဝတ် ဖက် ရှင်ပွဲတွင် ပါဝင်ခဲ့ရာ ကိုယ်ဝန် ဆောင်ထားပုံပေါ်သော အနေအ ထားမျိုး မတွေ့ရပေ။

တေးရေး၊ တေးဆို မင်းသမီး ဘီယွန်းစေးနှင့် ဂျေးဇီတို့တွင် အသက် ၂ နှစ်အရွယ် သမီးလေး ဘလူးအိုင်ဗီရှိပြီးဖြစ်ကာ ဘီယွန်း စေး နောက်ဆုံးဝင်နွှဲခဲ့သည့် ဖက်ရှင်ပွဲမှ ရေကူးဝတ်စုံ ၀တ်ဓာတ်ပုံ များကို ဖော်ပြခဲ့ရာ ၎င်းကိုယ်ဝန် ဆောင်ထားရပြီဆိုသော    ပုံစံမျိုး မတွေ့ရပေ။

Ref: AFP
7Day DAILY
ပြင်သစ်နိုင်ငံ ပါရီ မြို့တွင် အဆုံးသတ်သည့် on the run ခရီးစဉ်အတွင်း ဇနီးဖြစ်သူ ဘီယွန်းစေး ကိုယ် ၀န်ဆောင်ထား ပြီဆိုသည့် သတင်းကို ဂျေးဇီ က ပြောကြားလိုက်သည်ဆိုသော အ တည်မပြုရသေးသည့် အွန်လိုင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ဘီယွန်းစေးမှာ နောက်ထပ် ကိုယ်ဝန်ဆောင်ထားရပြီ ဟူသော ကောလာဟလသတင်းများ  ထွက်ပေါ် လာသည်။

ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား

Photo: ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား
Thursday, September 18, 2014

စီးနင်းရှာဖွေထားသည့် အိမ်တစ်လုံးကို စစ်ဆေးနေသည့် ထောက်လှမ်းရေး အရာရှိများ ဩစတြေးလျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အကြီးကျယ်ဆုံး စစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာ (၁၈)ရက် နံနက်ပိုင်းက ဆင်နွှဲခဲ့ပြီး လူ(၁၅)ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် ISတို့သည် ၎င်းတို့၏ လက်တံရှည်မှုကို ပြသရန်အတွက် ဩစတြေးလျ မြေပေါ်တွင် အကြမ်းဖက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု ယူဆရကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်များကို ကိုးကားပြီး အက်ဘော့က ပြောကြားခဲ့သည်။ ISအဖွဲ့သည် ၎င်းတို့အပေါ် အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုအား ဩစတြေးလျက ပံ့ပိုးနေခြင်းအပေါ် အငြှိုးထားလျက် ရှိသည်။

အက်ဘော့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး မတိုင်မီတွင် အဆိုပါ ကိစ္စကို အလေးအနက် တိုင်ပင် ဆွေးနွေးခဲ့ကြောင်း ဆိုသည်။ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များက ISခေါင်းဆောင်များသည် ဩစတြေးလျရှိ အစွန်းရောက် ထောက်ခံသူများကို အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်ရန် တိုက်တွန်း နှိုးဆော်ထားကြောင်း ညွှန်ပြလျက် ရှိသည်။

“လက်ရှိ ISILရဲ့ ကွန်ရက်မှာ အရေးပါတယ်လို့ ယူဆရတဲ့ ဩစတြေးလျ နိုင်ငံသား တစ်ယောက်ဆီကနေ တိုက်ရိုက်ကျကျ နှိုးဆော် တိုက်တွန်းမှုတွေ ရှိထားတယ်လို့ ယူဆရပါတယ်။ ဩစတြေးလျ မြေပေါ်မှာ သတ်ဖြတ်မှုတွေ လုပ်ဆောင်ပြီး သူတို့အဖွဲ့အစည်းရဲ့ ဩဇာသက်ရောက်မှုကို ပြသဖို့ပါ”ဟု အက်ဘော့က ဆိုသည်။ အက်ဘော့သည် အခြားသော နိုင်ငံ ခေါင်းဆောင် အများစုနည်းတူ ISဆိုသော အသုံးအနှုန်းကို ရှောင်ကြဉ်ပြီး ISILဆိုသည့် အမည်ဟောင်းကိုသာ အသုံးပြုခဲ့သည်။ ISအဖွဲ့တွင် နိုင်ငံရပ်ခြားမှ အစွန်းရောက် လှုပ်ရှားသူ အများအပြား ပါဝင်စုဖွဲ့ထားရာ ဩစတြေးလျမှ သွားရောက် ပူးပေါင်းသူများလည်း ရှိနေသည်။

အက်ဘော့က “ကျွန်တော် ပြောနေတာက သံသယဝင်တဲ့အဆင့် သက်သက်တင် မကတော့ဘူး။ သူတို့ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီ။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး အေဂျင်စီတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့် အကုန်သုံးပြီး အရေးယူခဲ့တာပဲ”ဟုလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက ISအဖွဲ့တွင် အရေးပါနေသူဟု ရည်ညွှန်းခဲ့သည့် ဩစတြေးလျ နိုင်ငံသား၏ အမည်ကိုမူ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိချေ။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် ဆစ်ဒနီရှိ နိုက်ကလပ်တစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသူ မိုဟာမက်အလီ ဘာယာလိုင် အမည်ရှိ အသက်(၃၃)နှစ်ရှိ အမျိုးသား တစ်ဦးကို ဖမ်းဝရမ်း ထုတ်ထားသည်။ ၎င်းသည် ISအဖွဲ့သို့ အစောဆုံး ဝင်ရောက်ခဲ့သည့် ဩစတြေးလျ နိုင်ငံသားဟု ယူဆရသည်။ ရဲတပ်ဖွဲ့ဝင် (၈၀၀)ခန့်သည် ဆစ်ဒနီတဝိုက်ရှိ နေအိမ်ဆယ်ဂဏန်းခန့်ကို အလစ်အငိုက် စီးနင်းကာ မသင်္ကာသူများကို ဖမ်းဆီးခဲ့သည်။ ယင်းစစ်ဆင်ရေးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွင် ဩစတြေးလျ၏ အကြီးမားဆုံး စစ်ဆင်ရေးလည်း ဖြစ်လာသည်။

အဖမ်းခံရသူများအနက် တစ်ဦးဖြစ်သည့် အိုမာဂျန် အေဇာနီကို ဆစ်ဒနီ တရားရုံး တစ်ခုတွင် စက်တင်ဘာ (၁၈)ရက်က ကနဦး စစ်ဆေးခဲ့သည်။ ၎င်းသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ကျူးလွန်ရန် ကြံစည်မှုဖြင့် စွဲချက်တင်ခံထားရပြီး ယင်းအတွက် ပြစ်ဒဏ်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ဩစတြေးလျ မြေပေါ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ISက မည်သို့မည်ပုံ စီစဉ်ထားသည်ဆိုသည့် အသေးစိတ် ထောက်လှမ်းရေး သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာရန်မူ ရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။

Ref: USA Today 
7Day DAILY
စီးနင်းရှာဖွေထားသည့် အိမ်တစ်လုံးကို စစ်ဆေးနေသည့် ထောက်လှမ်းရေး အရာရှိများ ဩစတြေး လျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန် ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။

သစ်မှောင်ခို အပြီးသတ် ထိန်းချုပ်ရန် တပ်မတော်နှင့် ပူးပေါင်း ဆောင် ရွက်နေကြောင်း အစိုးရ ပြောကြား

တရားမဝင် သစ်ထုတ်လုပ်မှုများ အပြီးသတ် ထိန်းချုပ်ရန်အတွက် သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ထား သည့်အပြင် သစ်တောများအတွင်း သစ်ခိုးထုတ်နေသော မှောင်ခိုဂိုဏ်းများကို တပ်မတော်နှင့် သစ်တော လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးလျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်

သာသနာရေးဝန်ကြီး ဟောင်း  ဦးဆန်းဆင့်ကို နိုင်ငံ တော် အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံ အလွဲ သုံးစား မှု ပုဒ်မများဖြင့် နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက်တင်မှုကို ပြင်ဆင်ပေးရန်  မန္တလေး တိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ကြားနာစစ်ဆေးမည်ဟု သတင်း ရရှိသည်။

ပြည်တွင်းရေနံလုပ်ကွက်များမှ ရသော ဝင်ငွေနှင့် အခွန်များ ထုတ်ပြန်ပေးမည်ဟု အစိုးရဆို

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီများနှင့် အစိုးရတို့ ပူးပေါင်း လုပ်ကိုင်နေသော ကမ်းလွန်ရေနံ လုပ်ကွက် များနှင့် ကုန်တွင်းရေနံလုပ်ကွက်များမှရရှိသည့် အခွန်နှင့် ဝင်ငွေပမာဏကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

စစ်တွေတွင် စက်လှေ တစ်စီးပေါ်မှ ဗုံးနှစ်လုံးတွေ့

စစ်တွေမြို့ကသည်း ရပ်ကွက်ဆတ်ရိုးကျချောင်း ဆိပ်တံတားတွင် ရပ်ထားသော စက် လှေတစ်စီးကို ရှာဖွေရာ အမေရိကန်လက်ပစ်ဗုံးနှစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီး ပြောင်းရွှေ့ခံရမှုအပေါ် ၀န်ကြီးဌာန မှဖြေရှင်းချက်ပေးရန် အကျိုးတော်ဆောင်အဖွဲ့ တောင်းဆို

ကျောင်းဝင်ခွင့်လက်ခံမှု ပြဿနာဖြစ်ခဲ့သည့် ရန်ကင်းတီတီစီကျောင်းအုပ် ဆရာမကြီးကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ ပညာရေးကောလိပ်သို့   ပြောင်းရွှေ့ ခံရခြင်းကို ပညာရေးဝန်ကြီးဌာနမှ  ဖြေရှင်းချက်    ထုတ်ပေး ရန် ကျောင်း အကျိုးတော်ဆောင် အဖွဲ့ ကတောင်းဆိုလိုက်သည်။

အမေရိကန်အပါအ၀င် နိုင်ငံအချို့နှင့် ငွေစာရင်းလွှဲပြောင်းရာတွင် ခက်ခဲနေဆဲဟုဆို

မြန်မာနိုင်ငံတွင် ဈေးကွက်ရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန် အမေရိကန် က စီးပွားရေးပိတ်ဆို့ မှုဖြေလျှော့ ပေးသော်လည်း အချို့ငွေစာရင်းလွှဲပြောင်းမှုများတွင် ယခုအချိန်ထိ အခက်အခဲရှိနေ ဆဲ ဖြစ် ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

နှစ်သုံးဆယ်က ခံစားမှုမျိုးပေးမယ့် သူငယ်ချင်းသုံးယောက်ဖျော်ဖြေပွဲ

Photo: နှစ်သုံးဆယ်က ခံစားမှုမျိုးပေးမယ့် သူငယ်ချင်းသုံးယောက်ဖျော်ဖြေပွဲ
Thursday, September 18, 2014

 သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှု မည့်ပရိသတ်များအတွက် လွန်ခဲ့ သည့်နှစ်သုံးဆယ်က ခံစားမှုမျိုး ရရှိစေရန် ဖျော်ဖြေပေးသွားမည် ဟု ကိုင်ဇာကပြောသည်။

  ‘‘သုံးယောက်ပေါင်းတဲ့ ခေါင်းစဉ်တစ်ခုကို အရင်ဆုံးခပ် ဆန်းဆန်းလေးတွေပေးဖို့စဉ်းစား သေးတယ်။ ဒါပေမဲ့ စိတ်တိုင်း မကျတာနဲ့ ကျွန်တော့်ရဲ့စတုတ္ထ တစ်ကိုယ်တော်ခွေနောက်တစ် ခေါက်လောက်ထပ်ပြောပါဆိုတဲ့ အခွေမှာ ရေးခဲ့ဆိုခဲ့ဖူးတဲ့သူငယ် ချင်းသုံးယောက်ဆိုတဲ့သီချင်းကို ပြန်အမှတ်ရပြီး ဒီသုံးယောက်နဲ့အဲဒီ ခေါင်းစဉ်နဲ့အလိုက်ဖက်ဆုံး ဖြစ်တယ်။ အဲဒါကြောင့် အရိုးဆုံးနာ မည်လေးကိုပဲပေးဖြစ်သွားတာ’’ ဟု ကိုင်ဇာကပြောသည်။

‘‘စုံတွဲသီချင်းတွေအများကြီး ဆိုခဲ့ပေမယ့်    မဆွေနဲ့ဆိုရင် ပေါက်တယ်။ မငယ်နဲ့ဆိုရင် ပေါက်တယ်။ ကျွန်တော်ရေးတဲ့ သီချင်းတွေဆိုရင်လည်း သူတို့က သရုပ်ဖော်နိုင်တယ်။ နဂိုကတည်း ကအလုပ်တွေအများကြီးတွဲလုပ် ခဲ့ဖူးတယ်။ ခုလည်း အခက်အခဲ တော့မရှိပါဘူး။ ငယ်ငယ်တုန်းက မုဒ်လေးတွေ  အားတက်သရော ပြန်လုပ်ရင်အဆင်ပြေသွားမှာပါ’’ ဟု ကိုင်ဇာကပြောသည်။

အောင်မြင်သည့်သီချင်းများ စွာ သီဆိုဖျော်ဖြေထားနိုင်သည့် အဆိုတော်များဖြစ်သောကြောင့် သီချင်းရွေးချယ်မှု   အပိုင်းတွင် အခက်အခဲဖြစ်ရာ ပရိသတ်အား ပေးမှုအများဆုံးရရှိခဲ့သည့် ကိုယ် ပိုင်သီချင်းများသီဆိုရန် မေဆွိနှင့် မေခလာကိုအကြံပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဖျော်ဖြေပွဲတွင် စုံတွဲသီဆို မည့်သီချင်းများကိုမူ ကြိုတင်၍ ပြောမထားလိုဘဲ ပရိသတ်များ အနေဖြင့် လာရောက်ကြည့်ရှု သည့်အချိန်မှသာ နားဆင်စေလို ကြောင်း ကိုင်ဇာကပြောသည်။

အဆိုပါဖျော်ဖြေပွဲကို ရုပ်သံ များမှတိုက်ရိုက်ထုတ်လွှင့်သွား မည်မဟုတ်သော်လည်း ကင်မရာ များဖြင့် မှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခွေထုတ်ဖို့မထုတ်ဖို့က မစဉ်းစားရသေးပါဘူး။ ကင်မရာ တွေနဲ့တော့ မှတ်တမ်းတင်ထား မယ်။ အခွင့်အရေးပေးရင်တော့ ဒါက ရွှေဖြစ်လာမှာပါ’’ဟု ကိုင်ဇာကပြောသည်။

ကိုင်ဇာ၊ မေဆွိ၊ မေခလာ သုံးယောက်သီဆိုဖျော်ဖြေမည့် သူငယ်ချင်းသုံးယောက်ဟုအမည် ပေးထားသောဖျော်ဖြေပွဲကို စက် တင်ဘာ ၂၇ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့်ငါးနှစ်ခန့်ကပြု လုပ်ခဲ့သော တစ်ကိုယ်တော်ဖျော် ဖြေပွဲကိုလည်း သီချင်းရှင်ရဲ့ခရီး စဉ်-၂အမည်ဖြင့် စက်တင်ဘာ ၂၀ ရက်တွင် ဖြန့်ချိသွားရန်အစီ အစဉ်ရှိကြောင်း ကိုင်ဇာကပြော သည်။

ယင်းတစ်ကိုယ်တော်ဖျော် ဖြေပွဲတွင် မေဆွိ၊ မေခလာတို့နှင့် အတူ တစ်သက်လုံးပဲသတိရနေ မှာပါသီချင်းကို သီဆိုခဲ့ရာ ပရိ သတ်အားပေးမှုအများအပြားရရှိ ခဲ့သောကြောင့် ယခုကဲ့သို့ သုံး ယောက်ပေါင်းကာ ဖျော်ဖြေပွဲပြု လုပ်မည့်အစီအစဉ်စတင်အ ကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

7Day DAILY

ဓာတ်ပုံ−ကျော်ဇင်သန်း
ဓာတ်ပုံ−ကျော်ဇင်သန်း
 သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုမည့်ပရိသတ်များအတွက် လွန်ခဲ့ သည့်နှစ်သုံး ဆယ် က ခံစားမှုမျိုး ရရှိစေရန် ဖျော်ဖြေပေးသွားမည် ဟု ကိုင်ဇာကပြောသည်။

မိုဘိုင်းဆင်းမ်ကတ်မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ်ဆွဲမည်ဟုဆို

Photo: မိုဘိုင်းဆင်းမ်ကတ်မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ်ဆွဲမည်ဟုဆို
Thursday, September 18, 2014

မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် မှောင်ခိုဈေး ကွက်များ ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစီအစဉ်များ ပြုလုပ် ၍ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင် ထွန်းက ပြောသည်။

‘‘MPT ဆင်းမ်ကတ်တွေကို ရောင်းတဲ့အခါမှာ ၀ယ်လိုအားက များနေပြီး ရောင်းလိုအားက နည်း နေတဲ့အတွက် မှောင်ခိုဈေးကွက် က ဖြစ်နေတာပါ။ နောက်ပိုင်းမှာ ဆင်းမ်ကတ်တွေကို လိုသလောက်ရနိုင်အောင် ဆောင်ရွက်ပေးပြီး မှောင်ခိုဈေးကွက် တဖြည်းဖြည်း လျော့ကျသွားအောင် လုပ်သွား မှာဖြစ်ပါတယ်’’ ဟု ဦးခင်မောင် ထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ၎င်းတို့၏ ဆင်းမ် ကတ်များကို စက်တင်ဘာလ ၁ ရက်မှစ၍ လက်လီအရောင်းဆိုင် များတွင် စတင်ရောင်းချပေးခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် ဆင်းမ်ကတ် ပေါင်း ငါးသန်းအထိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ သို့သော် ဆိုင်အနည်းငယ်တွင်သာ ၀ယ်ယူ ၍ ရပြီး လိုအပ်သလောက် မရနိုင် သေး၍   မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေသော   အရောင်းဆိုင် အချို့တွင်  ဆင်းမ်ကတ်တစ်ခုလျှင်ကျပ် ၂၅,၀၀၀ အထိ ဈေးတင်၍ရောင်းချမှုများ    ပြုလုပ်လျက်ရှိ သည်။

‘‘ကျွန်တော်တို့ဟာ ဒီနှစ်အ တွင်းမှာ ဆင်းမ်ကတ်ပေါင်း ငါး သန်းအထိ ရောင်းပေးသွားမှာဖြစ် တဲ့အတွက် မှောင်ခိုဈေးကွက်ကို ရှောင်ရှားနိုင်ပြီး အလွယ်တကူ ၀ယ်ယူနိုင်ဖို့အတွက် ပြုလုပ်ပေး ပြီးတော့ ဈေးကွက်ကို ဟန်ချက် ညီအောင် လုပ်ပေးသွားမှာဖြစ်ပါ တယ်’’ ဟု ဦးခင်မောင်ထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ကိုးသိန်းကို နှစ်ကြိမ်ခွဲ၍    ရောင်းချပေးထား ကြောင်း သတင်းရရှိသည်။

7Day DAILY

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် တိုးဝှေ့နေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် တိုးဝှေ့နေစဉ်(ဓာတ်ပုံ −ကျော်ဇင် သန်း)
မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစီ အစဉ်များ ပြုလုပ်၍ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင် ထွန်းက ပြောသည်။

မန္တလေးမြို့ပြဧရိယာ စစ်ကိုင်းအထိပါနိုင်ဟု ပညာရှင်ခန့်မှန်း

မန္တလေးမြို့ပြဧရိယာချဲ့ထွင်မှုသည် နယ်ကျော်၍ စစ်ကိုင်းမြို့အထိပါရောက်ရှိ သွားနိုင် ကြောင်း ပြင် သစ်နိုင်ငံ မှ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများလေ့လာနေ သည့် FASEP အဖွဲ့မှ Team Leader Mr. Christian Moncet က ခန့်မှန်းလိုက်သည်။