Thursday, 1 May 2014

မြစ်ကြီးနားမှာ ဆွေးနွေးဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ

Photo: မြစ်ကြီးနားမှာ ဆွေးနွေးဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ
Thursday, May 1, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်ခံကြောင်းနဲ့ လတ်တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

ကေအိုင်အိုရဲ့ ကမ်းလှမ်းချက်ကို ၀န်ကြီး ဦးအောင်မင်းက လက်ခံလိုက်ပြီး ဆွေးနွေးနိုင်မယ့်ရက်ကို အကြောင်းပြန်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"မနေ့နေ့လယ်က ဝန်ကြီး ဦးအောင်မင်းရုံးကို ဆွေးနွေးပွဲခေါင်းဆောင်က လက်မှတ်ထိုးပြီးတော့ စာပို့တာရပါတယ်ခင်ဗျ၊ စာရကြောင်းလည်း ကျနော်တို့ အကြောင်းပြန်ထားပါတယ်၊ မြစ်ကြီးနားဆွေးနွေးပွဲ ဆောင်ရွက်မှာပါ၊ ဒါပေမဲ့ ဘယ်နေ့ဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ဝန်ကြီး ဦးအောင်မင်းတို့ ညှိနှိုင်းနေပါတယ်၊ ပထမဆုံး ကျနော်တို့ဘက်ကတော့ NCCT နဲ့ ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေပါတယ်၊ NCCT နဲ့ ဆွေးနွေးမည့်ရက်ကတော့ အခု ၁၉၊ ၂ဝ ဆိုတာရပါပြီ၊ ဒါကြောင့် NCCT နဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာတော့ KIO နဲ့ ဆွေးနွေးပွဲကဖြစ်မှာပါ"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCTT နဲ့ အစိုးရတို့ မကြာခင်ကျင်းပမယ့် အစည်းအဝေးမတိုင်ခင်တွေ့ဆုံဖို့ ကေအိုင်အိုက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီသီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ၀မ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ကေအိုင်အိုက ဖိတ်ကြားသွားမယ့်အကြောင်း ၀န်ကြီး ဦးအောင်မင်းဆီ ပေးပို့တဲ့စာမှာ ပါရှိတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ကေအိုင်အိုနဲ့ တပ်မတော်အဖွဲ့တွေ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် သောင်းဂဏန်း လောက်အထိရှိတယ်လို့ သိရပါတယ်။

RFA
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေး လိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်ခံကြောင်းနဲ့ လတ်တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

ကေအိုင်အိုရဲ့ ကမ်းလှမ်းချက်ကို ၀န်ကြီး ဦးအောင်မင်းက လက်ခံလိုက်ပြီး ဆွေးနွေးနိုင်မယ့်ရက်ကို အကြောင်းပြန်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

အလုပ်သမားနေ့ အခမ်းအနားများ ရန်ကုန်မြို့တော်တွင် ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ မြို့နယ်၊ ကျောက်တံတား မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် အလုပ်သမားနေ့ အခမ်းအနားများကို ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။
လှိုင်သာယာမြို့နယ်တွင် အလုပ်သမားနေ့ အခမ်းအနားကို အမှတ် (၆) ရပ်ကွက်ရှိ အောင်မြေ သာယာ ဘောလုံး ကွင်းတွင် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီခန့်အထိ ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်တို့ တက်ရောက်မည် ဖြစ်ကာ
အဆိုတော်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FTUN) မှ လှိုင်သာယာမြို့နယ် တာဝန်ခံ

ရခိုင်ပြည်နယ်မှာ မခွဲခြားဘဲ ကူညီဖို့ ယူနီဆက် ကတိပြု

Photo: ရခိုင်ပြည်နယ်မှာ မခွဲခြားဘဲ ကူညီဖို့ ယူနီဆက် ကတိပြု
Thursday, May 1, 2014

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှ ဖြစ်တယ်လို့ UNICEF အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ရခိုင်ပြည်နယ်အတွင်းလုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ UNICEF ဋ္ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel ပြောခဲ့တာပါ။

“ယူနီဆက်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လက်အောက်ခံအဖွဲ့အစည်း ဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ရဲ့ ဘက်မလိုက်ခြင်း၊ မျှတခြင်းစတဲ့ မူဝါဒတွေအပေါ်မှာပဲ အခြေခံပြီး အလုပ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လူမျိုးရေး ဘာသာရေးအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှာ ဖြစ်ပါတယ်၊ လိုအပ်ချက်ဟာ ကွဲပြားချက်တွေရှိနေပါတယ်၊ အထူးသဖြင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ကလေးတွေဟာ ခက်ခက်ခဲခဲနဲ့ ရှင်သန်နေရတာပါ။ သူတို့အတွက်တော့ အကူအညီတွေ ပိုလိုအပ်နေပါတယ်။” လို့ မြန်မာနိုင်ငံဆိုင်ရာ UNICEF ဋ္ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောပါတယ်။

UNICEF အဖွဲ့အနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ရှင်သန်ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း သုံးစွဲသွားမှာဖြစ်တယ်လို့လည်း UNICEF အဖွဲ့က ဒီကနေ့ ပြောပါတယ်။ UNICEF အဖွဲ့ဟာ ရခိုင်ပြည်နယ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့လည်း ညို့နှိုင်းလုပ်ဆောင်တာတွေရှိနေသလို ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားပြီးနောက်ပိုင်း အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ရတာ ပိုပြီးခက်ခဲလာတယ်လို့လည်း ပြောပါတယ်။ ယူနီဆက်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ကလေးငယ်တွေရဲ့ကျန်းမာရေးနဲ့ အာဟာရရှိဖို့၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းဖို့၊ HIV ပိုးကူးစက်ခံထားရတဲ့ ကလေးငယ်တွေဆေးဝါးရရှိဖို့နဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနဲ့ INGO နိုင်ငံတကာကူညီပေးရေးအဖွဲ့တွေ ပုံမှန်အတိုင်း လုပ်ငန်းပြန်လည်လုပ်ဆောင်နိုင်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းတို့ စစ်တွေမြို့မှာ INGO အဖွဲ့တွေ၊ ဒေသခံတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေး လုပ်ငန်းတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်း လိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှ ဖြစ်တယ်လို့ UNICEF အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

"အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ"

Photo: "အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ"
Thursday, May 1, 2014

အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း
တို့နှစ်ဦးအား ယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ် တွင် အနောက်ပိုင်း ခရိုင် ဒုခရိုင်စစ် တရားရုံးမှ
တရားဝင် ကွာရှင်း ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မီးမီးခဲထံမှ သိရသည်။
တရားဝင်လင်မယားအဖြစ်မှကွာရှင်းပြတ်စဲရေးနှင့် လင်မယားနှစ်ဦးပိုင်ပစ္စည်းများအား ခွဲဝေပေးစေလိုမှု အတွက် မီးမီးခဲဘက် မှ တောင်းဆိုခဲ့ပြီး ယင်း အချက်များကိုလည်း တရားရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည် ဟု သိရသည်။
အဆိုတော်မီးမီးခဲကမူ " အစ်မခုချိန်ကစပြီး သမီးကလေး နဲ့အတူတူ ဘ၀ကို ရှင်သန်နိုင်ခွင့် ရရှိသွားပါပြီ။ " ဟုပေါ်ပြူလာနယူးစ်ကို ပြောကြားခဲ့သည်။
ယင်းသို့ တရားဝင် ကွာရှင်းခွင့် ရရန်အတွက် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့် အချိန်မှ စ၍ မီးမီးခဲဘက်မှ တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံးမှ ကွာရှင်းခွင့် ပြုလုပ်ခြင်းဖြစ်သည်။
သုတလင်း

Popular Myanmar News Journal
အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း တို့နှစ်ဦးအား ယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ် တွင် အနောက်ပိုင်း ခရိုင် ဒုခရိုင်စစ် တရားရုံးမှ တရားဝင် ကွာရှင်း ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မီးမီးခဲထံမှ သိရသည်။
တရားဝင်လင်မယားအဖြစ်မှကွာရှင်းပြတ်စဲရေးနှင့် လင်မယားနှစ်ဦးပိုင်ပစ္စည်းများအား ခွဲဝေပေးစေလိုမှု အတွက် မီးမီးခဲဘက် မှ တောင်းဆိုခဲ့ပြီး ယင်း အချက်များကိုလည်း တရားရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည် ဟု

ဟိုင်းလတ်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော်က မြို့အတွင်း ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေး မြို့တော်ခန်းမအနီး တတိယအကြိမ် ဆန္ဒပြ

Photo: ဟိုင်းလတ်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော်က မြို့အတွင်း ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေး မြို့တော်ခန်းမအနီး တတိယအကြိမ် ဆန္ဒပြ 
Thursday, May 1, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်လိုင်း အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော် စည်ပင်နယ်နိမိတ်အတွင်း ယခင်လမ်းကြောင်းများအတိုင်း အချိန် ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေးအတွက် ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီတွင် မဟာဗန္ဓုလ လမ်းပန်းခြံဘေးတွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက “မထသ (ဗဟို)မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား ၁၈ လ တိုးမြှင့်ပေး”၊ “ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်ပြုရေး”၊ “ခရီးသည်တင် ဟိုင်းလတ်ယာဉ်များအား နယ်နိမိတ် ကန့်သတ်ခြင်းကို ပယ်ဖျက်ပေးရေး” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြခြင်း၏ အကြောင်းရင်းမှာ ဟိုင်းလတ်ယာဉ် အစားထိုးဖြစ်သော မီနီဘတ်စ်ယာဉ်များ ၀ယ်ယူရသည့် ငွေကြေးလုံလောက်မှု ရှိစေရန်အတွက် ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

“မီနီဘတ်စ်ယာဉ် ၀ယ်ဖို့အတွက် ကုမ္ပဏီကို တစ်လရှစ်သိန်း၊ ကိုးသိန်းလောက် အရစ်ကျ သွင်းရတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒီပိုက်ဆံကိုသွင်းရဖို့ ငွေကြေးအခက်အခဲတွေ ဖြစ်နေတယ်။ အခု ကျွန်တော်တို့ တောင်းဆိုတဲ့အချိန် ၁၈ လပေးရင် နောက်ထပ်တောင်းဆိုမှုတွေ မလုပ်တော့ပါဘူး” ဟု ဟိုင်းလတ်ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသန်းဇော်မင်းက ပြောကြားသည်။ ဆန္ဒပြမှုနှင့်ပတ်သက်၍ မိမိအနေဖြင့် မပြောလိုကြောင်း ၎င်းတို့တောင်းဆိုသည့် အချိန်တိုးမြှင့်ပေးမှုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုပေါ်တွင်သာ မူတည်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ပြောကြားသည်။

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်လိုင်း အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော် စည်ပင်နယ်နိမိတ်အတွင်း ယခင်လမ်းကြောင်းများအတိုင်း အချိန် ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေးအတွက် ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီတွင် မဟာဗန္ဓုလ လမ်းပန်းခြံဘေးတွင် ဆန္ဒပြခဲ့ကြသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် သတင်းသူရဲကောင်း ၁၀၀ စာရင်းတွင် ထောင်ဒဏ် ကျခံနေရသော DVB သတင်းထောက် ကိုဇော်ဖေ ပါဝင်

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့သည့် သတင်းသူရဲကောင်း ၁၀၀ စာရင်း၌ သရက်ထောင်တွင် ထောင်ဒဏ်ကျခံနေရသော DVB သတင်းထောက် ကိုဇော်ဖေ ပါဝင်ခဲ့ကြောင်း သိရသည်။
အဖွဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (RSF) က ထုတ်ပြန်ခဲ့သော သတင်းသူရဲကောင်း ၁၀၀ စာရင်းသည် မေ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား

Photo: ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား 
Thursday, May 1, 2014

ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ဝင်စားမှု များပြားခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl's Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင်များဖြစ်သည့် ဟဲလေးနှင့် bobby soxer တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ အစပိုင်းတွင် တိုက်ကွမ်ဒိုအဖွဲ့များ၏ သရုပ်ပြ ဖျော်ဖြေမှုများဖြင့် စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ X Girls အဖွဲ့၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။ ထို့နောက် ကိုရီးယားသင်္ဘော နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့ရသော ကိုရီးယားကျောင်းသား ကျောင်းသူများနှင့် ကိုရီးယားပြည်သူများအတွက် စက္ကန့်နှစ်ဆယ်ကြာမျှ ငြိမ်သက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

K Pop ဖျော်ဖြေမှုအဖြစ် TINT အဖွဲ့၏ တေးသီချင်းများ၊ Performance အကများဖြင့် စတင်ဖျော်ဖြေခဲ့ပြီး Dal Shabet အဖွဲ့၏ K Pop တေးသီချင်း ဖျော်ဖြေမှုများကို ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ကြသည်။ ယင်းနောက် မြန်မာဟစ်ဟော့ အဆိုရှင် Bobby Soxer နှင့် တေးသံရှင်ဟဲလေး၊ ဝေယံတို့က ၎င်းတို့၏ တေးသီချင်းများဖြင့် တင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

K Pop ဖျော်ဖြေမှု ဒုတိယပိုင်းအဖြစ် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားဇာတ်လမ်းတွဲ၏ နောက်ခံတေးသီချင်းအဆိုရှင် Jaung II Young ၎င်း၏ ကျော်ကြားသော K Pop တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB ၏ မြူကြွသော တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ K Pop ပရိတ်သတ်များ ကြိုက်နှစ်သက်ခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ နောက်ဆုံးသီဆို ဖျော်ဖြေမှုများအဖြစ် နာမည်ကျော် Girl's Day အဖွဲ့က တေးသီချင်းများကို Performance အကများဖြင့် တင်ဆက်ခဲ့သည်။ K Pop တေးဂီတအဖွဲ့များ အနေဖြင့် မြန်မာပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ကြပြီး မြန်မာနိုင်ငံသို့ လာရောက်၍ ဖျော်ဖြေမှုများ ထပ်မံပြုလုပ်သွားရန် အစီအစဉ်ရှိသည်။

Eleven Media Group
ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ဝင်စားမှု များပြားခဲ့သည်

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl's Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင် များဖြစ်သည့် ဟဲလေးနှင့် bobby soxer တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ အစပိုင်းတွင် တိုက်ကွမ်ဒိုအဖွဲ့များ၏ သရုပ်ပြ ဖျော်ဖြေမှုများဖြင့် စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ X Girls အဖွဲ့၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။ ထို့နောက် ကိုရီးယားသင်္ဘော နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့ရသော ကိုရီးယားကျောင်းသား ကျောင်းသူများနှင့် ကိုရီးယားပြည်သူများအတွက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည် 
Thursday, May 1, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန်လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့်ယာဉ်များ မတော်တဆ အများဆုံးဖြစ်ပွားသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး စောင့်ကြည့် ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လမ်းရဲ့ချို့ယွင်းမှုကြောင့် ယာဉ်တိမ်းမှောက်မှုတွေ၊ လူသေဆုံးမှုတွေ ဖြစ်ပေါ်နေတာတွေ ရှိတယ်။ အချို့နေရာတွေမှာဆိုရင် လမ်းတွေလိမ်နေတာ၊ လမ်းတွေကောက်နေတာ၊ လမ်းတွေမဖြောင့်ဖြူးတာတွေ ရှိနေတယ်။ လမ်းရဲ့ချို့ယွင်းမှုကြောင့် ဘီးကွဲပြီး ယာဉ်မှောက်တာတွေ၊ လမ်းလယ်မှာရှိတဲ့ ဘလောက်တုံးတွေကို ကျော်တက်ပြီးတော့ လမ်းလယ်ကိုရောက်သွားတဲ့ ဖြစ်စဉ်တွေ၊ ယာဉ်က ခုန်ပေါက်ပြီးတော့ လေပေါ်မှာလည်ပြီး လွင့်သွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်။ ပုံမှန်မဟုတ်တဲ့ လမ်းအကွေ့အကောက်တွေကြောင့် ယာဉ်မတော်မဆ တိမ်းမှောက်မှုတွေ ဖြစ်နေတာတွေလည်း တွေ့ရတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့် အကြိမ်အရေအတွက်နှင့် လူသေဆုံးမှုအပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အ၀ါရောင် နယ်မြေနှင့် အဖြူရောင်နယ်မြေဟု ခွဲခြားကာ အသိပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်တွေကလည်း စည်းစနစ်တကျ မောင်းနှင်ဖို့နဲ့ ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးဖို့အတွက် အမြန်လမ်းမကြီးတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် ငါးခုဖွင့်လှစ်ပြီးတော့ စောင့်ကြည့်သွားမှာပါ။ အကြမ်းဖျင်းလတ်တလော ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်စေဖို့ ယာဉ်ရဲ့ ဘရိတ်၊ တာယာနဲ့ အောက်ပိုင်းနေရာအချို့တွေကို စစ်ဆေးပြီးတော့မှ မောင်းနှင်ခွင့် ပေးသွားပါမယ်။ မော်ဒယ်အရမ်းနိမ့်တဲ့ ယာဉ်တွေကိုလည်း မောင်းနှင်ခွင့် မပြုတော့ဘူး။ အချို့ယာဉ်တွေဆိုရင် ခရီးသည်ထွက်ပေါက် တံခါးတွေနားမှာ ထိုင်ခုံတွေ ရှိနေတာတွေကြောင့် အရေးပေါ်ဖြစ်တဲ့အခါမှာ အလွယ်တကူ ဆင်းလို့မရတာတွေလည်း ရှိတယ်။ ဒါတွေကို အားလုံးစစ်ဆေးပြီးတော့မှ မောင်းနှင်ဖြတ်သန်းခွင့် ပြုသွားတော့မှာပါ”ဟု ရုံးအဖွဲ့မှူး က ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် အဝေးပြေးခရီးသည် ယာဉ်မောင်းများ အားလုံး၏ ယာဉ်မောင်းကျွမ်းကျင်မှုအပိုင်းကို ပြန်လည်စစ်ဆေးပြီး အောင်မြင်သည့် ယာဉ်မောင်းများကိုသာ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေး၍ မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယာဉ်မောင်း၏ ပေါ့လျော့မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါက အဆိုပါယာဉ်မောင်းအား မည်သည့်ယာဉ်လိုင်းတွင်မှ မောင်းနှင်ခွင့် ပိတ်ပင်သွားရန်အတွက် ယာဉ်လိုင်းအသင်းကြီးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဝေးပြေးခရီးသည်ယာဉ်တွေမှာ ယာဉ်မောင်းနှစ်ဦးစီ ထားရှိမယ်။ ပထမယာဉ်မောင်းက သူ့အနေနဲ့ လူမှုရေးအခက်အခဲတွေ အခြားစိတ်ကို တည်ငြိမ်မှု မရှိနိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ဒုတိယယာဉ်မောင်းကို မောင်းနှင်ခွင့်ပြုသွားမယ်။ အဝေးပြေးယာဉ်လိုင်းမှာ ယာဉ်မောင်းတွေကို စောင့်ကြည့် သတင်းပေးမယ့်စနစ်ကိုလည်း ဆောင်ရွက်သွားမယ်။ ဒါ့အပြင် ယာဉ်မောင်းတွေ ကျန်းမာရေး၊ အသက်အရွယ်အပိုင်းနဲ့ အရက်သေစာ သောက်စားမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသွားမယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ပြုပြင်ရန် လိုအပ်နေသည့် နေရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်နှင့်ယာဉ်မောင်းကို စစ်ဆေးကြပ်မတ်မှုအား ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၂၅၉ မှုဖြစ်ပွားခဲ့ပြီး၊ ၁၁၃ ဦးသေဆုံးခဲ့ကာ ၆၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ရက် မှ ဧပြီ ၂၂ ရက်အထိ ယာဉ်တိုက်မှု ၁၁၅မှု ဖြစ်ပွားခဲ့ပြီး ၆၂ ဦးသေဆုံးခဲ့ကာ ၂၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

Eleven Media Group
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန် လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များ ကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့် အမှု

Myanmar Online News's photo. မန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယို လောကမှာ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ လင်းဇာနည်ဇော်က ခင်ပွန်းသည် ရဲကိုကို နဲ့ အိမ်ထောင်ရေး ကွာရှင်းခွင့် တရားရုံးမှာ တရားမမှုနဲ့ စွဲဆိုထားတဲ့ အမှုငြင်းချက်ထုတ် သမ္မန်စာ ကို သတင်းစာမှာ ကြေညာထားပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ ၂၀၁၃ ခုနှစ် တရားမကြီးမှုအမှတ် ၇၈ အရ ကွာရှင်းခွင့်
တောင်းဆိုခဲ့တာကို အစိုးရ သတင်းစာတစောင်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ တရားလို လင်းဇာနည်ဇော်က တရားပြိုင် ရဲကိုကိုအား ရှေ့နေကတဆင့် ငြင်းချက်ထုတ် သမ္မာန်စာ

မန်မာ-တရုတ်ပိုက်လိုင်း ဖြတ်သန်းရာ ငဖဲမြို့နယ်၌ သိမ်းဆည်းခဲ့သည့် မြေယာများအတွက် လျော်ကြေးမကြာမီပေးအပ်နိုင်ရန် စီစဉ်နေ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း သိမ်းဆည်းခဲ့သည့် မြေယာများအတွက် ပေးလျော်ရမည့် လျော်ကြေးငွေပမာဏ အလွန်များပြား သဖြင့် ငွေသားများ လုံခြုံရေးအတွက် အစိုးရနှင့် ကုမ္ပဏီဘက်မှ စနစ်တကျပေးချေသည့် နည်းလမ်းများသတ်မှတ်ပြီး တောင်သူများလက်သို့ မကြာမီကာလအတွင်း ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း ဧပြီ ၃၀ ရက် ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည့် SEAGP ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Wednesday, 30 April 2014

ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း

Photo: ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း
Wednesday, April 30, 2014

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
 
မြန်မာ၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်၊ အစ္စရေးလ်၊ အီဂျစ်နဲ့ အင်ဂိုလာ ၆ နိုင်ငံသာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့အကြောင်း ၁၉၉၇ ခုနှစ် နိုင်ငံတကာ သဘောတူညီချက် စတင်ကျင့်သုံးခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမှာစကားပါးရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်း ပြောဆိုခဲ့တာပါ။
 
ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက် ရေးဆွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ၁၉၉၃ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပေမဲ့ လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အဖွဲ့ဝင်တိုင်းပြည် တခုတော့ ဖြစ်မလာခဲ့ပါဘူး။
 
ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး နောက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ လိုက်နာကျင့်သုံးဖို့ ရည်ရွယ်ထားတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။
 
သဘောတူညီချက်ကို လိုက်နာတဲ့ တိုင်းပြည်တခု ဖြစ်လာစေဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂရဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ (OPCW) က ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာလည်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ကျွမ်းကျင်မှု အကူအညီတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အင်္ဂါနေ့က ကြေညာချက်မှာတော့ ဆီးရီးယားနိုင်ငံက ဓာတုလက်နက် အသုံးပြုမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို သင်ခန်းစာယူပြီး လူသားထုကို ခြိမ်းခြောက်နေတဲ့ လက်နက်တွေကို မသုံးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတု လက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်

Photo: မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်
Wednesday, April 30, 2014

တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင်ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြားလာကြောင်း သိရသည်။

''ယခု လက်ရှိမှာတော့ သမုတ်မြစ်ကူး ကူးတို့ကို အမြန်လို အရေးကြီးတဲ့ ခရီးသည်တွေနဲ့ အနီးနားက ဒေသခံ အနည်းအကျဉ်းလောက်ပဲ အသုံးပြု သွားနေကြပါတယ်။ သာမန်အားဖြင့်တော့ ခရီးဝေးပေမယ့် ရှောင်ကွင်း လမ်းကိုပဲ အသုံးပြုကြတယ်။ ခရီးသည်တင် မှန်လုံကားကြီးတွေနဲ့ အခြား ကုန်တင်ကားကြီး၊ ကားလေး တွေလည်း လက်ရှိမှာ ရှောင်ကွင်းလမ်းကိုပဲ အဓိကထား သွားလာ နေကြပါတယ်။ သမုတ်မှ လော့လော့ကို သမုတ်မြစ်ကူးဖို့ ဇက်နှင့်ကူးရင်တော့ ဇက်ကူးခ သောင်းချီပြီး ကုန်ကျပါတယ်။ တံတား ထိုးလိုက်ရင်တော့ ခရီး အနေအထားရော၊ အချိန်ရော အများကြီး သက်သာသွားမှာ ဖြစ်ပေမယ့် ရှောင်ကွင်းလမ်းတွင် ကျေးရွာ တော်တော်များများ ရှိနေပါတယ်။ ရှောင်ကွင်းလမ်းတွင် ဘုတ်-ပပြင်း-ဒေါ အပိုင်း ၁၃ မိုင် ၄ ဖာလုံနှင့် ဒေါ-ပင်းအို-ကဘင်းအပိုင်း ၁၁ မိုင် ၄ ဖာလုံကို ကွေ့ဝိုက်၍ သွားရပြီး လမ်းကောင်းသော်လည်း ကျဉ်းမြောင်းသည့် အတွက် ကားနှစ်စီးဆုံရာ နေရာများတွင် သွားလာရန် အခက်တွေ့ နေပါတယ်'' ဟု ခရီးသွား ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ရှောင်ကွင်းလမ်းမကြီးကို တိုးချဲ့ဖောက်လုပ် ပေး ပါက ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာ မည် ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

မြ၀တီ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင် ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြား လာကြောင်း သိရသည်။

မိခင်ဖြစ်သူမှရေဆွဲချခဲ့တဲ့ မွေးကင်းစကလေးအား အိမ်သာထဲမှ ပြန်လည်ကယ်တင်ခဲ့ရ

Photo: မိခင်ဖြစ်သူမှရေဆွဲချခဲ့တဲ့ မွေးကင်းစကလေးအား အိမ်သာထဲမှ ပြန်လည်ကယ်တင်ခဲ့ရ
Wednesday, April 30, 2014

ရေဆွဲအိမ်သာကနေ မိခင်ဖြစ်သူက ရေဆွဲချဖို့ ကြိုးစားခဲ့တဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တရုတ်ဆေးရုံတစ်ခုမှာ ကယ်တင်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ DailyMail က ဖော်ပြခဲ့ပါတယ်။

ကိုယ်ဝန်ရှိနေကြောင်း ကိုယ့်ကိုကိုယ် မသိဘူးလို့ဆိုတဲ့ ထိုအမျိုးသမီးဟာ ဗိုက်နာတာကြောင့် ဆေးရုံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
သူမအိမ်သာကို သွားတဲ့အချိန်မှာ ကလေးထွက်လာခဲ့တာ လို့ဆိုပါတယ်။

တာဝန်ကျ ဆရာဝန် Gao Yuwen ရဲ့အဆိုအရ မနက် ၁ နာရီလောက်မှာ ဝရံတာက တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားရတယ်လို့ဆိုပါတယ်။

“ကျွန်တော်လည်း ပြေးသွားတော့ အိမ်သာအပြင်ဘက်မှာ လူတွေစုနေတာ တွေ့ရတယ်။ မိန်းမတစ်ယောက်က တံခါးကို အတင်းထုပြီး အထဲကနေ တံခါးဖွင့်ဖို့ နောက်မိန်းမတစ်ယောက်ကို ပြောနေတယ်”
“သူက အိမ်သာထဲဝင်ပြီး သူ့ကိုသူ အထဲက လော့ခ်ချထားတာ။ နည်းနည်းလောက်ကြာတော့ အထဲက ကလေးငိုသံကြားရတယ်။ ကျွန်တော်လည်း တံခါးခေါက်ရင်း အထဲမှာ အဆင်ပြေရဲ့လားလို့ မေးတယ်“ လို့ Gao Yuwen က ပြောကြားခဲ့ပါတယ်။

တံခါးဖွင့်ခိုင်းလို့မရတာကြောင့် လုံခြုံရေးတစ်ယောက်က ရိုက်ချိုးဖွင့်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒေါက်တာ Gao က “ကလေးက တအားကိုငိုရင်း အိမ်သာအိုးထဲမှာ နစ်နေတာကို ကျွန်တော်တွေ့တယ်။ အချင်းကလည်း သူ့အမေနဲ့ဆက်လျက်ကြီး” လို့ဆိုပါတယ်။

ကလေးရော၊အမေရော အခြေအနေကောင်းပါတယ်တဲ့။

Credit: ဖိုးသူတော် (www.phothutaw.com)
ရေဆွဲအိမ်သာကနေ မိခင်ဖြစ်သူက ရေဆွဲချဖို့ ကြိုးစားခဲ့တဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တရုတ်ဆေးရုံတစ်ခုမှာ ကယ်တင်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ DailyMail က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "

Photo: ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "
Wednesday, April 30, 2014

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာမှ ပြန်လည်သက်သာလာတာကြောင့်
လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ဝေးလ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစားခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုတစ်ပတ်က အိုဆာဆူနာအသင်းကို (၄)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ " ဘေးလ် " ဟာ အဖျားဝေဒနာမှ ပြန်လည်သက်သာ လာတာကြောင့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပိယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ " ဘေးလ် " ဟာ ယခုနှစ် ရာသီရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀) ပါဝင်ကစားထားပြီး ဂိုး(၂၀)ထိ သွင်းယူထားတာဖြစ်သလို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း (၅)ဂိုးထိ သွင်းယူထားတာဖြစ်ကြောင်း သိရပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် အပါအ၀င် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး(၄)နှစ်မှာ (၄) ကြိမ်စလုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ကြိမ်ထိ စံချိန်တင်ဗိုလ်စွဲကာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမအကျော့မှာလည်း(၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံဆုကို ရရှိဖို့ မျှော်လင့်နေတာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာ မှ ပြန်လည်သက်သာလာတာကြောင့် လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ် အရွယ် ဝေးလ် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစား ခဲ့ ရ တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင် မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

မိုးစက်ဝိုင်ကို သံတမန်အဖြစ် ခန့်အပ်လိုက်သည့် ဘန်ကောက်အဲဝေးစ် လေကြောင်းလိုင်း

ဘန်ကောက်လေကြောင်းလိုင်းကနေပြီးတော့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် သံတမန်အဖြစ် မိုးစက်ဝိုင် 
Miss Universe Myanmar 2013 ကို ခန့်အပ်တဲ့ပွဲကို ဧပြီလ(၂၈)ရက်နေ့က ပါ့ခ်ရွိုင်ရယ် ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဘန်ကောက် လေကြောင်းလိုင်းများထဲက လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Bangkok Airways လေကြောင်းလိုင်းဟာ ၂၀၀၄ ခုနှစ်က မြန်မာပြည် The Golden Land ကို ပျံသန်းပြေး ဆွဲမှု စတင် ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်တွင် ဘန်ကောက် Airways လေကြောင်းလိုင်းက ဘန်ကောက်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို တိုက်ရိုက်ပျံသန်းပြေးဆွဲမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့

Photo: ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့
Wednesday, April 30, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေးကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက အဲဒီလိုကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေဆဲလို့ ပြောပါတယ်။ 

သီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ ကေအိုင်အိုက ပေးပို့တဲ့စာမှာပါရှိတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေး ကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး

Photo: မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး
Wednesday, April 30, 2014

အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ှ- US-CERT (Com-puter Emergency Response Team) သည် IE browser ထုတ်လုပ်ခဲ့သည့် hf version 6 မှ version 11 အထိ လုံခြုံမှု မရှိသောကြောင့် သုံးစွဲသူများ သတိထားကြရန် နှိုးဆော်ထားသည်။

လုံခြုံရေး ဌာနကလည်း လက်ရှိ IE Browser ကို အသုံးပြုနေသူများသည် အကာအကွယ်များ ပြုလုပ်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအနေနှင့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီး လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း အာမ မခံမချင်း မသုံးစွဲသင့်သေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

IE ကို "Operation Clandes-tine Fox" အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးဖြင့် ဟက်ကာများကို တိုက်ခိုက် နေကြကြောင်း အင်တာနက် လုံခြုံရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် FireEye ကုမ္ပဏီကလည်း အတည်ပြု ပြောကြားသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အနေနှင့် ယခင်ထုတ်ခဲ့သော ကွန်ပျူတာ လည်ပတ်ရေး စနစ်ဟောင်း ဖြစ်သည့် Windows XP ကို အထောက်အပံ့ အကူအညီ မပေးတော့ကြောင်း ကြေညာပြီးသည့် နောက်တွင် ယခုပေါ်ပေါက်ခဲ့ရသည့် ပြဿနာမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲနေသူများထံမှ တစ်ဆင့် လုံခြုံရေး အားနည်းမှုအပေါ် အခွင့်ကောင်းယူကာ ဟက်ကာများ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားသည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

"စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း"

Photo: "စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း"
Wednesday, April 30, 2014

စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

၁။ စာကြည့်တိုက်သို့ ပုံမှန်သွားခြင်းဖြင့် စာပိုဖတ်ဖြစ်မည်မှာ မလွဲတမ်းရမယ့် အားသာချက်ပါ။

၂။ သားသမီးများကို စာကြည့်တိုက် ခေါ်သွားခြင်းဖြင့် သင်ဝယ်ယူနိုင်သည် ထက် ပိုများသော စာအုပ်၊ မဂ္ဂဇင်း များနှင့် သူတို့ကို ထိတွေ့ခွင့် ရစေပါ လိမ့်မယ်။

၃။ စာကြည့်တိုက်က စာကြည့်တိုက်မှူး ဟာ သင်မသိတဲ့ သင် မတွေးမိတဲ့၊ ကလေးငယ်တွေ အတွက် သင့်တော်တဲ့ စာအုပ်၊ စာဖတ် နည်းလမ်းတွေကို အကြံ ပြုပေးနိုင် ပါတယ်။ အသက်အရွယ် အလိုက်၊ စာဖတ်သက် အလိုက် စာပေ ရသစုံကို ဖတ်ရှု ခံစားစေခြင်းဖြင့် အသိ ဥာဏ်နှင့် ဝေါဟာရကို ကြွယ်ဝ လာစေပါ လိမ့်မယ်။

၎။ စာကြည့်တိုက် အချိန်ဟာ ပျင်းရိစရာ ကောင်းမနေတော့ပါဘူး။ ကလေးတွေ အတွက် စာကြည့်တိုက် ဆိုတာ စာဖတ် ရတဲ့ နေရာထက် ပိုပါတယ်။ စိတ်ဝင် စားစရာ အရုပ်တွေ၊ စာအုပ်တွေ နဲ့ ဆော့ လို့ရတဲ့ နေရာပါ။ သူတို့ ပျော်ရွှင် ရပါ လိမ့်မယ်။

၅။ စာကြည့်တိုက် အဖွဲ့ဝင် ကတ် လုပ် ပေးထား လိုက်တာဟာ သင့်ကလေး ငယ် ကို တာဝန်ယူစိတ် စမွေးမြူစေနိုင်ပါလိမ့် မယ်။ ကလေး တစ်ယောက် အတွက် စာ ကြည့်တိုက် ကတ်ဟာ ဘဝ မှတ်တိုင်တစ် ခု ဖြစ်နေပါလိမ့်မယ်။

KYL 
Ref: 5 good reason to take your kids to the Library today.
Popular Myanmar News Journal
စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

အမျိုးသားဝတ်စုံဖြင့်ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်းပညာသင် ကြားခဲ့သော မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် အခြားဒေသ များ ၌တွေ့ ရသော ဗိုလ်ချုပ်ရုပ်တု များနှင့်မတူသည့် အမျိုးသားဝတ်စုံ ဖြင့် ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို ထုလုပ် ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည့် ကော်မတီဝင်တစ်ဦးကပြောသည်။

ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်

Photo: ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်
Wednesday, April 30, 2014

ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲမှာ ခြေကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

Pro-Russian armed men take cover behind a car near the local police headquarters in Luhanskအနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ် လုပ်ခဲ့ပေမယ့် ဒါဟာ တော်လှန်ရေးအတွင်း အကြီးစား အရှိန်မြင့်မှုလည်း ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ဖျားပိုင်းက ရုရှားနဲ့ နယ်နမိတ်ချင်းထိနေတဲ့ လူဟန့်စ်ခရိုင်မှာ ခရိုင်အစိုးရ ရုံးချုပ်ကို ဆန္ဒပြသူတွေက ၀င်စီးခဲ့ပြီး အဆောက်အဦထိပ်မှာ ခွဲထွက်ရေးသမားတွေရဲ့ အလံကို လွှင့်ထူခဲ့သလို ရဲတွေကတော့ မတားဆီးခဲ့ပါဘူး။

ညဘက်မှာ သူပုန်သေနတ်သမား အယောက် ၂၀ လောက်က ဒေသတွင်း ရဲဌာနချုပ်ကို အော်တိုမက်တစ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အထဲကလူတွေ လက်နက်ချဖို့ ဖိအားးပေးခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက ရိုက်တာစ်သတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

သူပုန်တွေက တရားရုံးနဲ့ ရုပ်သံလွှင့်ဌာနကိုပါ သိမ်းပိုက်ခဲ့ပြီး ဒီခွဲထွက်ရေးသမားတွေဟာ ဒန်ညက်စ်ခရိုင်အနီးတ၀ိုက်ကို အများကြီး ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။

လွတ်လပ်သော ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ကြောင်းနဲ့ မေ ၁၁ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ လုပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီဗွီဘီ
ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲ မှာ ခြေ ကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။