Thursday 1 May 2014

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား

Photo: ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား 
Thursday, May 1, 2014

ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ဝင်စားမှု များပြားခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl's Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင်များဖြစ်သည့် ဟဲလေးနှင့် bobby soxer တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ အစပိုင်းတွင် တိုက်ကွမ်ဒိုအဖွဲ့များ၏ သရုပ်ပြ ဖျော်ဖြေမှုများဖြင့် စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ X Girls အဖွဲ့၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။ ထို့နောက် ကိုရီးယားသင်္ဘော နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့ရသော ကိုရီးယားကျောင်းသား ကျောင်းသူများနှင့် ကိုရီးယားပြည်သူများအတွက် စက္ကန့်နှစ်ဆယ်ကြာမျှ ငြိမ်သက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

K Pop ဖျော်ဖြေမှုအဖြစ် TINT အဖွဲ့၏ တေးသီချင်းများ၊ Performance အကများဖြင့် စတင်ဖျော်ဖြေခဲ့ပြီး Dal Shabet အဖွဲ့၏ K Pop တေးသီချင်း ဖျော်ဖြေမှုများကို ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ကြသည်။ ယင်းနောက် မြန်မာဟစ်ဟော့ အဆိုရှင် Bobby Soxer နှင့် တေးသံရှင်ဟဲလေး၊ ဝေယံတို့က ၎င်းတို့၏ တေးသီချင်းများဖြင့် တင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

K Pop ဖျော်ဖြေမှု ဒုတိယပိုင်းအဖြစ် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားဇာတ်လမ်းတွဲ၏ နောက်ခံတေးသီချင်းအဆိုရှင် Jaung II Young ၎င်း၏ ကျော်ကြားသော K Pop တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB ၏ မြူကြွသော တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ K Pop ပရိတ်သတ်များ ကြိုက်နှစ်သက်ခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ နောက်ဆုံးသီဆို ဖျော်ဖြေမှုများအဖြစ် နာမည်ကျော် Girl's Day အဖွဲ့က တေးသီချင်းများကို Performance အကများဖြင့် တင်ဆက်ခဲ့သည်။ K Pop တေးဂီတအဖွဲ့များ အနေဖြင့် မြန်မာပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ကြပြီး မြန်မာနိုင်ငံသို့ လာရောက်၍ ဖျော်ဖြေမှုများ ထပ်မံပြုလုပ်သွားရန် အစီအစဉ်ရှိသည်။

Eleven Media Group
ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ဝင်စားမှု များပြားခဲ့သည်

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl's Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင် များဖြစ်သည့် ဟဲလေးနှင့် bobby soxer တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ အစပိုင်းတွင် တိုက်ကွမ်ဒိုအဖွဲ့များ၏ သရုပ်ပြ ဖျော်ဖြေမှုများဖြင့် စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ X Girls အဖွဲ့၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။ ထို့နောက် ကိုရီးယားသင်္ဘော နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့ရသော ကိုရီးယားကျောင်းသား ကျောင်းသူများနှင့် ကိုရီးယားပြည်သူများအတွက် စက္ကန့်နှစ်ဆယ်ကြာမျှ ငြိမ်သက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

K Pop ဖျော်ဖြေမှုအဖြစ် TINT အဖွဲ့၏ တေးသီချင်းများ၊ Performance အကများဖြင့် စတင်ဖျော်ဖြေခဲ့ပြီး Dal Shabet အဖွဲ့၏ K Pop တေးသီချင်း ဖျော်ဖြေမှုများကို ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ကြသည်။ ယင်းနောက် မြန်မာဟစ်ဟော့ အဆိုရှင် Bobby Soxer နှင့် တေးသံရှင်ဟဲလေး၊ ဝေယံတို့က ၎င်းတို့၏ တေးသီချင်းများဖြင့် တင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

K Pop ဖျော်ဖြေမှု ဒုတိယပိုင်းအဖြစ် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားဇာတ်လမ်းတွဲ၏ နောက်ခံတေးသီချင်းအဆိုရှင် Jaung II Young ၎င်း၏ ကျော်ကြားသော K Pop တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB ၏ မြူကြွသော တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ K Pop ပရိတ်သတ်များ ကြိုက်နှစ်သက်ခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ နောက်ဆုံးသီဆို ဖျော်ဖြေမှုများအဖြစ် နာမည်ကျော် Girl's Day အဖွဲ့က တေးသီချင်းများကို Performance အကများဖြင့် တင်ဆက်ခဲ့သည်။ K Pop တေးဂီတအဖွဲ့များ အနေဖြင့် မြန်မာပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ကြပြီး မြန်မာနိုင်ငံသို့ လာရောက်၍ ဖျော်ဖြေမှုများ ထပ်မံပြုလုပ်သွားရန် အစီအစဉ်ရှိသည်။

Eleven Media Group

No comments:

Post a Comment