မှတ်ပုံတင်သက်တမ်းကြာမြင့်မှုထိန်းသိမ်းရေးနှင့် အစားထိုး ယာဉ်တင် သွင်းရေး စီမံချက်ရ ဆောင်ရွက် လျက် ရှိသောရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် ကညန(မြင်သာ) အနေဖြင့် ၁က အက္ခရာ ယာဉ်အို ယာဉ်ဟောင်း အပ်နှံခြင်းကိုဧပြီ ၄ ရက် နံနက် ၇ နာရီမှ စတင်၍ အဆိုပါ ဝင်းအတွင်း၌ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
Wednesday, 9 April 2014
အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့် ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။
SSPP/SSA အဖွဲ့မှ အစ္စလာမ်ဘာသာဝင်တစ်ဦး မန္တလေး-မိုင်းရှူးလမ်းပေါ် တွင် ဆက်ကြေးကောက်ခံ

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းသို့ ကုန်တင်ယာဉ်ကြီး/ ယာဉ်ငယ်၊ ခရီးသည်တင်ယာဉ်များအား မန္တလေး-လားရှိုး-မိုင်းရှူး လမ်းကြောင်းအတိုင်း ၀မ်ဟိုင်းကျေးရွာသို့ ဖြတ်သန်းရာတွင် ရှမ်းပြည် တိုး တက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ စေခိုင်းချက် အရ တာဝန်ခံအဖြစ် အစ္စလာမ်ဘာသာဝင် ကျော်ဝင်းဆိုသူမှ ပုံမှန်ဖြတ်သန်းကြေး၊ တစ်နှစ်စာ နှစ်စဉ်ကြေးများအား ၂၀၁၄ မတ် ပထမပတ်မှစ၍ အတင်းအဓမ္မကောက်ခံလျက်ရှိကြော်ငး ကားသမားထံမှ သိရသည်။
ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ
ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ် လူပေါင်း ၄၀၀ ကျော် ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန် တန်းစီသူ တစ်ဦးထံမှ သိရ သည်။
ရွှေဘိုမြို့မှ ပူတာအိုအထိ အိန္ဒိယအကူဖြင့် လမ်းဖောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ကနေ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုအထိ အိန္ဒိယ အစိုးရရဲ့ချေးငွေနဲ့ ကားလမ်းဖေါက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ကချင်ပြည် နယ် ၀န်ကြီးချုပ်တို့ မနေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကေအိုင်အေက စစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့ ဆွေးနွေး

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အဓမ္မစစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရေး ရှမ်းမျိုးနွယ်စုရေး ရာ အဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်များ ဧပြီ ၆ ရက်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့အတွင်း ခြောက်မြို့နယ် ယာဉ်ရပ်နားခပြန်လည်ကောက်ခံ

ဧပြီလ ၆ ရက်မှစ၍ ရန်ကုန်မြို့လယ်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခတစ်နာရီလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ရာ ယခင်ကကဲ့သို့ လမ်းဘေး၊ ယာဉ်ရပ်နားရန် နေရာအချို့တွင် နာရီရှည်ရပ်တန့်မှုနည်းသွားကြောင်း၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းမကြီးပေါ်ရှိ အရောင်းစင်တာကြီးတစ်ခု ရှေ့တွင်ဧပြီ ၆ ရက် ညနေက ယာဉ်ရပ်နား ရန် နေရာလွတ်များ ရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
မလေးလေယာဉ် အချက်ပေးသံ မကြားရရင် ရှာဖွေရေးခက်ခဲနိုင်

ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကနေ ထုတ်လွှတ်တဲ့ နောက်ထပ် ping အချက်ပေးသံတွေကိုသာ မရဘူးဆိုရင် သမုဒ္ဒရာကြမ်းပြင်မှာ အပျက်အစီးကို ရှာဖွေဖို့ စက်ရုပ်ကို လွှတ်နိုင်မှာ မဟုတ်ဘူးလို့ သြစတြေးလျ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Angus Houston က ပြော လိုက်ပါ တယ်။
မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲဆင်နွှဲ

မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည် ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင် ယာမြေများ ပြန်လည် ရရှိရန် ဒေသ ခံတောင်သူများမှ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။
အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်ကို ခေါ်ယူ သတိပေးထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ကို အခွန်ဥပဒေဖြင့် အရေးယူမည်ဟုဆို
မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူ သတိပေး မှု ပြုလုပ်ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဧပြီ ၇ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။
ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရသည့် နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် A1 Mining ကုမ္ပဏီ အပါအ၀င် ပြည်တွင်းကုမ္ပဏီရှစ်ခု ရွေးချယ်ခံရ
မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရသည့် နိုင်ငံခြား ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် A1 Mining ကုမ္ပဏီအပါအ၀င် ပြည်တွင်း ကုမ္ပဏီရှစ်ခု ရွေးချယ် ခံရကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Tuesday, 8 April 2014
ဧပြီ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်
ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန်
ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။
လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို

အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင် ကူးပြောင်းပြီ ဖြစ်ပါတယ်။
ခါးပိုက်နှိုက်များအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင် များ သည် ခါး ပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ၇.၄.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ တံတားလေး လမ်းဝ မှတ်တိုင်၌ သတင်းစုံစမ်းဆောင်ရွက်နေစဉ် ယာဉ်လိုင်းအမှတ်(၄၃) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ပေါက်စီ(ခ) သန့်ဇင်ဦး၊ (၃၅)နှစ်၊ (ဘ)ဦးလှဦး၊ ရှမ်းမ(ခ)သိန်းထွန်းနိုင်၊ (၃၂)နှစ်၊ (ဘ)ဦးကျင်သန်းနှင့် ကြည့်မြင်တိုင်မြို့နယ်နေ မောင်ဇော်၊ (၄၄)နှစ်၊ (ဘ)ဦးကျော်ဝင်းတို့(၃)ဦးကိုတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ပေါက်စီ (ခ)သန့်ဇင်ဦး၏ ကျောပိုး အိတ် အတွင်းမှငွေကျပ်(၁၇၆၀၀) ကိုတွေ့ရှိခဲ့ပါသည်။
နိုင်ငံတော် စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရေး ဝိုင်းဝန်း ကြိုးပမ်း
အာရှဖွံ့ဖြိုးရေး ဘဏ်မှ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ငွေထုတ်ချေးသူများ၏ လွတ်လပ်သော အကဲဖြတ်ဌာနက ဧပြီ ၄ ရက်တွင် လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ ၎င်းအစီရင်ခံစာအရ အာရှ တိုက်တွင် နေထိုင်သော လူတစ်ဦး တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ်လာအောက် လျော့ နည်း နေသေးခြင်းကြောင့် ဝင်ငွေ မညီမျှမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကထက် ၂ဝ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရမည့် အစား တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီး ပွားရေး ကွာဟမှု ပိုမိုကျယ်ဝန်း၍ ပြည်သူများ၏ ဆင်းရဲမှုမှာလည်း တိုးတက်မှု မရှိသေးကြောင်း သိရသည်။
X-Factor သီချင်းဆို ပြိုင်ပွဲတွင် ချယ်ရီကိုးလ် ဒိုင်အဖြစ် ပြန်လည်ပါဝင်မည်
ကမ္ဘာကျော်အဆိုတော် ချယ်ရီကိုးလ်သညဗြိတိန်နိုင်ငံ၌ အထင်ကရရှိုးပွဲ တစ်ခုဖြစ်သည့် X-Factor သီချင်း ဆို ပြိုင်ပွဲမှ ထွက်ခွာပြီး သုံးနှစ်ကြာ ယင်းပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ပြန်လည် ပါဝင်ရန် စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် သဘောတူ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရ သည်။
နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ

စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။
ဇနီးဖြစ်သူမှအတွေ့မခံသဖြင့် အရက်မူးယစ်ပြီး အဆောင်အားမီးရှို့သူကို အရေးယူ
၇.၄.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်ရှိ “ချမ်းမြေ့”အဆောင်ပိုင်ရှင် ဦးသန်းဌေးအောင် မှ ၎င်းသည် မြို့တွင်းသို့ သွားနေစဉ် အဆောင်၌မီးရှို့မှုဖြစ်ပွားကြောင်းကြားသိရ
ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်

ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက် ထဲ အပ်ခဲ့ပါတယ်။
Subscribe to:
Posts (Atom)
