Wednesday 9 April 2014

မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲဆင်နွှဲ

Photo: မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲဆင်နွှဲ
Wednesday, April 9, 2014

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင် ယာမြေများ ပြန်လည်ရရှိရန် ဒေသခံတောင်သူများမှ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။

၁၉၉၀-၉၁ ခုနှစ်ခန့်က ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံမှ သိမ်းယူခဲ့သော ယာမြေဧက ၈၀ ကျော်အား ပြန်လည်ရရှိရန် ဒေသခံများမှ ဧပြီ ၈ ရက် နံနက် ၉ နာရီက ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံတောင်ဘက်ရှိ ယာမြေကွက်ပေါ်တွင် ဘိုးဘွားပိုင်မြေနေရာ မည်သူမှ မကျုးကျော်ရ ဆိုင်းဘုတ်စိုက်ထူခြင်း၊ မြေနေရာသတ်မှတ်ခြင်းနှင့် ထွန်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

“၁၉၇၆-၇၇ ခုနှစ်က ဗာဂျီနီးယား ဆေးစက်ရုံကနေပြီး ယာမြေဧက ၆၀၀ လောက် သိမ်းယူသွားတဲ့ထဲမှာ ဒေသခံ ဘိုးဘွားပိုင်ယာမြေ ဧက ၈၀ ကျော်လောက် ပါသွားတယ်။ အဲဒီလို သိမ်းယူသွားပြီး နစ်နာကြေးလည်း မပေးဘူး။ မြေအစားပြန်ပေးတာလည်း မရှိတဲ့အပြင် ဖယ်ရှားမပေးတဲ့ တောင်သူတွေ တရားစွဲဆိုခံရတယ်။ ၂၀၁၂ ခုနှစ်က သက်ဆိုင်ရာဝန်ကြီးဌာနကို စာတွေတင်ပြီး တောင်းခံခဲ့ပေမယ့်လည်း ဘာမှမထူးဘူး။ ဒီယာမြေတွေကို မသိမ်းခင်အထိ မြေခွန်ဆောင်ပြီး လုပ်ကိုင်ခဲ့ပါတယ်” ဟု ရေနံ့သာကျေးရွာရှိ ယာမြေဧက ခုနစ်ဧက သိမ်းဆည်းခံရသည့် တောင်သူဦးစံတူက ပြောပါသည်။

“ဒေသခံတွေ အခုထွန်နေတဲ့ ယာမြေတွေကို ၁၉၉၁ မှာ ဗာဂျီးနီးယား ဆေးစက်ရုံကနေ ဆေးရုံက လက်လွှဲယူလိုက်တယ်။ ၁၉၉၂ မှာ ယာမြေတွေကို စိစစ်ကြည့်တော့ ဒေသခံက ၀င်လုပ်နေပြီ။ ဒါနဲ့ ဆေးရုံအုပ်ကြီးက တရားစွဲတဲ့အခါ နိုင်သွားတော့ ဆေးရုံက သိမ်းယူသွားတယ်လို့ ဒေသခံတွေက ထင်နေကြတာ။ မြေစာရင်းမှာ သွားကြည့်တော့လည်း အခုဝင်ထွန်တဲ့ အကွက်က ဆေးရုံပိုင်မြေအကွက် အမှတ် ၁၃၅ (ဂ) ဖြစ်နေတယ်။ ဒေသခံတွေက သူတို့ပိုင်မြေအကွက် အမှတ် (၁၅၄) လို့ပဲ ထင်နေကြတယ်။ အမှန်တကယ် သူတို့ပိုင်မြေဖြစ်တယ်။ အထောက်အထားလည်း ပြနိုင်ပြီး ဆေးရုံအတွက် အပိုမြေဖြစ်နေရင် ပြန်လည်စိစစ်ပြန်ပေးဖို့ အစီစဉ်ရှိပါတယ်” ဟု ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာက ပြောကြားသည်။

အဆိုပါ သိမ်းဆည်းခံ ယာမြေဧက ၈၀ ကျော်ကို ဒေသခံတောင်သူ ၁၃ ဦးပိုင်ဆိုင်ပြီး ထွန်ရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မိုးကျလာပါက သီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် ယာမြေများပေါ်တွင် ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံဝန်ထမ်းများမှ စိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဆေးရုံပိုင်မြေ စုစုပေါင်း ၁၉၄၆ ဧက ရှိသည့်အနက် ၁၈၄ ဧကကို ဆေးရုံဝန်ထမ်းများအား အချိုးကျခွဲကာ ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။  

Eleven Media Group 

မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည် ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်
မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင်ယာမြေများ ပြန်လည် ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ သိမ်းဆည်းခံ ဘိုးဘွားပိုင် ယာမြေများ ပြန်လည် ရရှိရန် ဒေသ ခံတောင်သူများမှ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။
၁၉၉၀-၉၁ ခုနှစ်ခန့်က ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံမှ သိမ်းယူခဲ့သော ယာမြေဧက ၈၀ ကျော်အား ပြန်လည်ရရှိရန် ဒေသခံများမှ ဧပြီ ၈ ရက် နံနက် ၉ နာရီက ရေနံ့သာ အနာကြီးရောဂါ ကု ဆေးရုံတောင်ဘက်ရှိ ယာမြေကွက်ပေါ်တွင် ဘိုးဘွားပိုင်မြေနေရာ မည်သူမှ မကျုးကျော်ရ ဆိုင်းဘုတ်စိုက်ထူခြင်း၊ မြေနေရာသတ်မှတ်ခြင်းနှင့် ထွန်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

“၁၉၇၆-၇၇ ခုနှစ်က ဗာဂျီနီးယား ဆေးစက်ရုံကနေပြီး ယာမြေဧက ၆၀၀ လောက် သိမ်းယူ သွားတဲ့ထဲမှာ ဒေသခံ ဘိုးဘွားပိုင်ယာမြေ ဧက ၈၀ ကျော်လောက် ပါသွားတယ်။ အဲဒီလို သိမ်းယူသွားပြီး နစ်နာကြေး လည်း မပေးဘူး။ မြေအစားပြန်ပေးတာလည်း မရှိတဲ့အပြင် ဖယ်ရှားမပေးတဲ့ တောင်သူတွေ တရားစွဲဆိုခံရတယ်။ ၂၀၁၂ ခုနှစ်က သက်ဆိုင်ရာဝန်ကြီးဌာနကို စာတွေတင်ပြီး တောင်းခံခဲ့ပေမယ့်လည်း ဘာမှမထူးဘူး။ ဒီယာမြေတွေကို မသိမ်းခင်အထိ မြေခွန်ဆောင်ပြီး လုပ်ကိုင်ခဲ့ပါတယ်” ဟု ရေနံ့ သာကျေးရွာ ရှိ ယာမြေဧက ခုနစ်ဧက သိမ်းဆည်းခံရသည့် တောင်သူဦးစံတူက ပြောပါသည်။

“ဒေသခံတွေ အခုထွန်နေတဲ့ ယာမြေတွေကို ၁၉၉၁ မှာ ဗာဂျီးနီးယား ဆေးစက်ရုံကနေ ဆေးရုံက လက်လွှဲ ယူလိုက်တယ်။ ၁၉၉၂ မှာ ယာမြေတွေကို စိစစ်ကြည့်တော့ ဒေသခံက ၀င်လုပ်နေပြီ။ ဒါနဲ့ ဆေးရုံ အုပ်ကြီးက တရားစွဲတဲ့အခါ နိုင်သွားတော့ ဆေးရုံက သိမ်းယူသွားတယ်လို့ ဒေသခံတွေက ထင်နေကြ တာ။ မြေစာရင်းမှာ သွားကြည့်တော့လည်း အခုဝင်ထွန်တဲ့ အကွက်က ဆေးရုံပိုင်မြေအကွက် အမှတ် ၁၃၅ (ဂ) ဖြစ်နေတယ်။ ဒေသခံတွေက သူတို့ပိုင်မြေအကွက် အမှတ် (၁၅၄) လို့ပဲ ထင်နေကြတယ်။ အမှန်တကယ် သူတို့ပိုင်မြေဖြစ်တယ်။ အထောက်အထားလည်း ပြနိုင်ပြီး ဆေးရုံအတွက် အပိုမြေဖြစ်နေ ရင် ပြန်လည်စိစစ်ပြန်ပေးဖို့ အစီစဉ်ရှိပါတယ်” ဟု ရေနံ့သာ အနာကြီးရောဂါ ကု ဆေးရုံအုပ်ကြီး ဒေါက် တာမြတ်သီတာက ပြောကြားသည်။

အဆိုပါ သိမ်းဆည်းခံ ယာမြေဧက ၈၀ ကျော်ကို ဒေသခံတောင်သူ ၁၃ ဦးပိုင်ဆိုင်ပြီး ထွန်ရေးလုပ်ငန်း များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မိုးကျလာပါက သီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် ယာမြေများပေါ်တွင် ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံဝန်ထမ်းများမှ စိုက်ပျိုး မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဆေးရုံပိုင်မြေ စုစုပေါင်း ၁၉၄၆ ဧက ရှိသည့်အနက် ၁၈၄ ဧကကို ဆေးရုံ ၀န်ထမ်းများအား အချိုးကျခွဲကာ ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment