Wednesday 9 April 2014

၁ က အက္ခရာ ယာဉ်အိုယာဉ်ဟောင်း စတင်အပ်နှံ

မှတ်ပုံတင်သက်တမ်းကြာမြင့်မှုထိန်းသိမ်းရေးနှင့် အစားထိုး ယာဉ်တင် သွင်းရေး စီမံချက်ရ ဆောင်ရွက် လျက် ရှိသောရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် ကညန(မြင်သာ) အနေဖြင့် ၁က အက္ခရာ ယာဉ်အို ယာဉ်ဟောင်း အပ်နှံခြင်းကိုဧပြီ ၄ ရက် နံနက် ၇ နာရီမှ စတင်၍ အဆိုပါ ဝင်းအတွင်း၌ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်တမ်းနှစ် ၂၀ ကြာ ၁က အက္ခရာ ယာဉ်အို ယာဉ်ဟောင်းများအား မှတ်ပုံတင် သက်တမ်းလိုင်စင် ငါးနှစ်သက်တမ်း မကျော်သော လူစီးကားအုပ်စုမှ ဆလွန်း၊ လိုက်ထရပ်၊ စီးချပ်၊ဝက်ဂွန်၊ ၁၅ ယောက်စီး မိုက်ခရိုဘတ်စ်နှင့် ဂျစ်ကားအစရှိသောယာဉ်များအား ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှု ကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပထမဆုံးပိုင်ရှင်အနေဖြင့် အပ်မယ့်ကားဟာ ကြံ့ခိုင်မှုရှိရန်မလိုပါဘူး။ Running Condition ဖြစ်ပြီးမောင်းရ ရုံနဲ့ လက်ခံပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ သံရည်ကျိုစက်ရုံ ပို့ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ကားနှင့်အတူ မော်တော် ယာဉ် မှတ်ပုံတင်စာအုပ်ပါ ယာဉ်စစ်ဆေးခံ ရပါမယ်။ အဲဒီအခါမှာ လိုင်စင်ငါးနှစ် သက်တမ်းကျော်ရင် လက်မခံပါဘူး။ ဖျက်သိမ်းစာရင်းမှာ ထည့်မှာဖြစ်ပါတယ်။ ငါးနှစ်သက်တမ်းအောက်ကို သက်တမ်း တိုးပေးပါတယ်။ ယာဉ်စစ်ဆေးပြီးတဲ့နောက် ရဲမှုခင်းကင်းရှင်းကြောင်းကြွေးကျန်စစ်ဆေး ရပါတယ်။ ရဲ တပ်ဖွဲ့ အနေနဲ့လည်း ဒီဝင်းထဲမှာရဲမှုခင်းစစ်ဆေးမှုတွေကို One Stop Service နဲ့ ပြုလုပ်ပေးနေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံရည်ကျိုပို့ရင် ပြန်မလာတော့ မှာဖြစ်လို့တစ်ထိုင် တည်း ပြုလုပ်ခြင်းဖြစ်ပါတယ်ဟု ကညန(မြင်သာ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုစစ်ဆေးပြီးရင် ရရှိတဲ့စလစ်နဲ့ သက်တမ်းတိုးပြောင်းလဲမှုအတွက် စစ်ဆေးမှာဖြစ်ပါတယ်။ ယာဉ်မှတ်ပုံတင်စာအုပ်နှင့်ဝှီးတက် အဝိုင်းယာဉ်သက်သေခံလက်မှတ် ကမ/၃ စာအုပ်ကို ကညနမှာ အပ်ရပါ မယ်။

အဲဒီမှာသက်တမ်းတိုးငွေသွင်းရပြီး ဒီအမှုတွဲဖိုင်ကိုထိန်းသိမ်းလိုက်မှာပါ။ ပြီးတဲ့နောက်မှာ ယာဉ် အမျိုးမျိုး ကို လျှောက်ထားနိုင်အောင် အစားထိုး ယာဉ်တင်သွင်းမှု(ဃ)ပုံစံ စာရွက်ကို ထုတ်ပေးလိုက်မှာပါ၊ ယာဉ်ပိုင် ရှင် အနေနဲ့ သံရည်ကျိုစက်ရုံ(သီလဝါ) မှာ ယာဉ်နဲ့အတူ(ဃ)ပုံစံ အပ်နှံရမှာဖြစ်ပြီး သံရည်ကျိုစက်ရုံ မှတစ်ဆင့် (စ)ပုံစံကို ပြန်လည် ထုတ်ပေးသွားမှာပါ။ အဲဒီမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုလုပ်ငန်း ပြီးစီးမှာဖြစ် ပါတယ်။ ပြီးနောက် မိမိတင်သွင်း လိုသည့် မော်တော်ယာဉ်ကို တင်သွင်းနိုင်ပါပြီ ဟု ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးဌာန ကညန (မြင်သာ)မှ ဆက်လက်ပြောကြားခဲ့သည်။အဆိုပါ ယာဉ်အို ယာဉ်ဟောင်း အပ်နှံလျက် ရှိသော ကညန(မြင်သာ) ၌ ဧပြီ ၄ ရက်တွင် ၁က/အက္ခရာမော်တော် ယာဉ် အစီးရေ ၂၀၀ ဝန်းကျင်ခန့် လာရောက် အပ်နှံ လျက်ရှိပြီးလာမည့် အောက်တိုဘာ ပထမပတ်အထိ အပ်နှံဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် အနီးစပ်ဆုံး မကြာသေးမီက အပ်နှံ သွားသောနှစ် ၂၀ သက်တမ်းရှိ အ အက္ခရာကိုယာဉ်အို ယာဉ်ဟောင်းအပ်နှံခဲ့ရာ ယာဉ် အစီးရေ ၄၀၃၂ စီး အပ်နှံခဲ့ပြီး ထပ်မံ၍ လိုင်စင်သက်တမ်း ငါးနှစ် မကျော်လွန်သည့် အ အက္ခရာကား များ ယခု ၁ က အပ်နှံချိန်တွင် လာ ရောက် အပ်နှံနိုင်ကြောင်း သိရသည်။ ၁က/အက္ခရာ အပ်နှံပြီးလျှင် ၂က/ အက္ခရာကို လာမည့် အောက်တိုဘာပထမပတ်တွင် အပ်ခွင့်လက်ခံ သွားမည်ဖြစ် ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment